ကိုဗစ်ပိုးတွေ့သူ ၆၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြသဖြင့် လူထုအတွင်းကူးစက်မှု ရုတ်တရုတ် မြင့်တက်လာနိုင်ဟု ကျန်းမာရေးဝန်ကြီးပြော

ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၆ဝရာခိုင်နှုန်းခန့်မှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသူများ ဖြစ် သဖြင့် လူထုအတွင်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက် များပြားလာနိုင်သည်ကို ဂရုပြုရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနတွင် ယနေ့ (ဇူလိုင် ၁၄) ကျင်းပသည့် ကိုဗစ် ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းကူးစက်မှု မရှိသလောက်ဖြစ်နေပြီး ပြည်ပမှ ပြန်လာသူများထံမှသာ ပိုးတွေ့ရှိနေ ကြောင်း၊ သို့သော်လည်း ရောဂါလက္ခဏာမပြဘဲ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်နေသူများမှတစ်ဆင့် လူထု အတွင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက် များပြားလာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက သတိပေးထားသည်။

ကိုဗစ် ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်ကို ပိုမိုတိုးမြှင့် စစ်ဆေးရန်လိုအပ်ပြီး ယင်းမှသာ နိုင်ငံအတွင်း ကူးစက်မှု မရှိသည်ကို သက်သေပြနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ စစ်ဆေးနိုင်ရန် ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အပါအဝင် ဆေးသုတေသနဦးစီးဌာန၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့ရှိ ပြည်သူ့ကျန်းရေးဓာတ်ခွဲမှုဆိုင်ရာဌာနများ၏ တစ်ရက်လျှင် အများဆုံးစစ်ဆေး ပေးနိုင် သော အရေအတွက်ပမာဏ၊ ကိုဗစ် ဓါတ်ခွဲစစ်ဆေးသည့်စက်၊ ဓါတ်ခွဲပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ၊ ဓါတ်ခွဲ ခန်းများ၏ ဇီဝလုံခြုံမှုအဆင့်အတန်း၊ အတတ်ပညာရှင်နှင့် လူအင်အားအခြေအနေ လိုအပ်ချက်များကို ဆန်းစစ်သုံးသပ်ပြီး ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့်စွမ်းဆောင်ရည်ကို ယခုထက်ပိုမိုမြင့်မား လာစေရန် အစီ အစဉ်များ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၃၇ ဦးရှိပြီး လူနာများ၏ ၇၉ ရာခိုင်နှုန်းဖြစ်သော ၂၆၁ ဦး သည် ရောဂါပိုးကင်းစင်သွားခဲ့ပြီး ကုသမှုခံယူနေသည့် လူနာများမှာလည်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကာ အထူးကြပ်မတ်ကုသမှု ခံယူနေရသူ မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထံမှ သိရသည်။

ကိုဗစ်ပိုးတွေ့လူနာ၏ ၅၂ ရာခိုင်နှုန်းသည် ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ကိုဗစ် စတင် ဖြစ်ပွား ချိန်မှစ၍ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရသူ ၁၉ ဦးရှိပြီး အသက်ရှုစက် (ventilator) အသုံးပြုခဲ့ရသော လူနာ ငါးဦးသာရှိပါကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

=========================

#Zawgyi
ကိုဗစ်ပိုးတွေ့သူ ၆၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြသဖြင့် လူထုအတွင်းကူးစက်မှု ရုတ်တရုတ် မြင့်တက်လာနိုင်ဟု ကျန်းမာရေးဝန်ကြီးပြော

ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၆၀ရာခိုင်နှုန်းခန့်မှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသူများ ဖြစ် သဖြင့် လူထုအတွင်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက် များပြားလာနိုင်သည်ကို ဂရုပြုရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနတွင် ယနေ့ (ဇူလိုင် ၁၄) ကျင်းပသည့် ကိုဗစ် ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းကူးစက်မှု မရှိသလောက်ဖြစ်နေပြီး ပြည်ပမှ ပြန်လာသူများထံမှသာ ပိုးတွေ့ရှိနေ ကြောင်း၊ သို့သော်လည်း ရောဂါလက္ခဏာမပြဘဲ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်နေသူများမှတစ်ဆင့် လူထု အတွင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက် များပြားလာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက သတိပေးထားသည်။

ကိုဗစ် ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်ကို ပိုမိုတိုးမြှင့် စစ်ဆေးရန်လိုအပ်ပြီး ယင်းမှသာ နိုင်ငံအတွင်း ကူးစက်မှု မရှိသည်ကို သက်သေပြနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ စစ်ဆေးနိုင်ရန် ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အပါအဝင် ဆေးသုတေသနဦးစီးဌာန၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့ရှိ ပြည်သူ့ကျန်းရေးဓာတ်ခွဲမှုဆိုင်ရာဌာနများ၏ တစ်ရက်လျှင် အများဆုံးစစ်ဆေး ပေးနိုင် သော အရေအတွက်ပမာဏ၊ ကိုဗစ် ဓါတ်ခွဲစစ်ဆေးသည့်စက်၊ ဓါတ်ခွဲပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ၊ ဓါတ်ခွဲ ခန်းများ၏ ဇီဝလုံခြုံမှုအဆင့်အတန်း၊ အတတ်ပညာရှင်နှင့် လူအင်အားအခြေအနေ လိုအပ်ချက်များကို ဆန်းစစ်သုံးသပ်ပြီး ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့်စွမ်းဆောင်ရည်ကို ယခုထက်ပိုမိုမြင့်မား လာစေရန် အစီ အစဉ်များ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက

ဆိုသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၃၇ ဦးရှိပြီး လူနာများ၏ ၇၉ ရာခိုင်နှုန်းဖြစ်သော ၂၆၁ ဦး သည် ရောဂါပိုးကင်းစင်သွားခဲ့ပြီး ကုသမှုခံယူနေသည့် လူနာများမှာလည်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကာ အထူးကြပ်မတ်ကုသမှု ခံယူနေရသူ မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထံမှ သိရသည်။

ကိုဗစ်ပိုးတွေ့လူနာ၏ ၅၂ ရာခိုင်နှုန်းသည် ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ကိုဗစ် စတင် ဖြစ်ပွား ချိန်မှစ၍ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရသူ ၁၉ ဦးရှိပြီး အသက်ရှုစက် (ventilator) အသုံးပြုခဲ့ရသော လူနာ ငါးဦးသာရှိပါကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top