ရုပ်ရှင်လောကသားတွေရဲ့ ကလေးတွေအတွက် စာအုပ်ဒါဇင် ရာနဲ့ချီပြီး လှူဒါန်းပေးခဲ့တဲ့ ပြေတီဦး

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုစီက မြန်မာ့ရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ပြေတီဦးကတော့ သူ့ဘဝရဲ့အအောင်မြင်ဆုံးအချိန်တွေမှာ အများကောင်းကျိုးပြန်ကြည့်တဲ့အနေနဲ့ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ငွေကြေးအခက်အခဲကြောင့် ကျောင်းတက်ဖို့ ခက်ခဲနေတဲ့ကလေးတွေကို ဆက်တိုက်ဆိုသလို ကူညီခဲ့သူပါ။

အခုဆိုရင် ပြေတီဦးဖောင်ဒေးရှင်းကနေ မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာပေါင်းများစွာ ရှိလာပြီဖြစ်ပြီး ဒီနေ့မှာလည်း ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေရပ်နားထားရတဲ့ရုပ်ရှင်လောကသားတွေအတွက်ပါ တစ်ဖက်တစ်လမ်းက ကူညီခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာ အခြေခံပညာရေးကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားတွေရဲ့ ကလေးသူငယ်တွေအတွက် စာအုပ်ဒါဇင်ပေါင်း (၃၀၀) ကို ကနဦးအနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ….

ကိုဗစ်ကာလစတင်ကတည်းက ရိုက်ကူးရေးတွေရပ်နားထားရတာကြောင့် ဝင်ငွေမရှိတဲ့ ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲကို ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ တတ်နိုင်သမျှကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ပရိတ်သတ်ကြီးရေ ပြေတီဦးရဲ့မွန်မြတ်လှတဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။

Source – Pyay Ti Oo
Rainbow- Cele Gabar

=======================

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုစီက မြန်မာ့ရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ပြေတီဦးကတော့ သူ့ဘဝရဲ့အအောင်မြင်ဆုံးအချိန်တွေမှာ အများကောင်းကျိုးပြန်ကြည့်တဲ့အနေနဲ့ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ငွေကြေးအခက်အခဲကြောင့် ကျောင်းတက်ဖို့ ခက်ခဲနေတဲ့ကလေးတွေကို ဆက်တက်ဆိုသလို ကူညီခဲ့သူပါ။

အခုဆိုရင် ပြေတီဦးဖောင်ဒေးရှင်းကနေ မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာပေါင်းများစွာ ရှိလာပြီဖြစ်ပြီး ဒီနေ့မှာလည်း ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေရပ်နားထားရတဲ့ရုပ်ရှင်လောကသားတွေအတွက်ပါ တစ်ဖက်တစ်လမ်းက ကူညီခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာ အခြေခံပညာရေးကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားတွေရဲ့ ကလေးသူငယ်တွေအတွက် စာအုပ်ဒါဇင်ပေါင်း (၃၀၀) ကို ကနဦးအနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ….

ကိုဗစ်ကာလစတင်ကတည်းက ရိုက်ကူးရေးတွေရပ်နားထားရတာကြောင့် ဝင်ငွေမရှိတဲ့ ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲကို ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ တတ်နိုင်သမျှကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ပရိတ်သတ်ကြီးရေ ပြေတီဦးရဲ့မွန်မြတ်လှတဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။

Source – Pyay Ti Oo
Rainbow- Cele Gabar

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top