၂၀၂၀ ဒီဇင်ဘာအမှီ YMBA မှ ဗုဒ္ဓတက္ကသိုလ် ဖွင့်ရန်စီစဉ်၊ ဗုဒ္ဓတက္က သိုလ်မှ မဟာဘွဲ့အထိ ချီးမြင့်မည်

၂၀၂၀ ဒီဇင်ဘာအမှီ YMBA မှ ဗုဒ္ဓတက္ကသိုလ် ဖွင့်ရန်စီစဉ်၊ ဗုဒ္ဓတက္က သိုလ်မှ မဟာဘွဲ့အထိ ချီးမြင့်မည်
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၅

၂၀၂၀ ဒီဇင်ဘာအမှီ YMBA မှ ဗုဒ္ဓတက္ကသိုလ် ဖွင့်ရန်စီစဉ်ထားပြီး အဆိုပါ ဗုဒ္ဓတက္ကသိုလ်မှ မဟာဘွဲ့အထိ ချီးမြင့်သွားမည်ဖြစ်ကြောင်း YMBA အတွင်းရေးမှူး ဦးသောင်း၀င်းကပြောပါတယ်။

ဇူလိုင် ၁၅ ရက် တွင် people media က ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်မှုနှင့်ပတ်သက်ပြီး People Media က YMBA အတွင်းရေးမှူး ဦးသောင်း၀င်းထံ ဆက်သွယ်မေးမြန်းရာ၌ ဦးသောင်းဝင်းက အထက်ပါအတိုင်း ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

“လာမဲ့ ဒီဇင်ဘာ ၉ ရက်က အမျိုးသားနေ့လေ။ အဲဒီမှာဖွင့်ဖို့ ရည်မှန်းချက်ရှိတယ်။ အခုကတည်းကကြိုလုပ်နေ တာပေါ့။ အခေါ်အဝေါ်က အပြည်ပြည်ဆိုင်ရာ YMBA ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်။ ဖွင့်တာက ရန်ကုန်မှာပဲ ဖွင့် မှာပေါ့။ စီစဉ်တာက တို့ဘာသာစီစဉ်တာပါ။ ယနေ့မြန်မာပြည်မှာ ဗုဒ္ဓတက္ကသိုလ်အများကြီးပဲလေ။ အဲဒီတော့ ဗုဒ္ဓတက္ကသိုလ်တက်တဲ့ ရဟန်းသံဃာ လူပုဂ္ဂိုလ်တွေကဗုဒ္ဓဘာသာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ရည် ရွယ်တာပေါ့လေ။ ဘွဲ့တွေဘာတွေပေးဖို့က ယနေ့မြန်မာနိုင်ငံမှာဖွင့်ထားတဲ့တက္ကသိုလ်တွေရှိတယ်။ သူတို့နဲ့ တိုင်ပင်ညှိနှိုင်းပေးမှာပေါ့။ အငယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ အကြီးတန်းအဆင့်နောက် ဒီပလိုမာ အဆင့်၊ MA ဗုဒ္ဓဇင်တို့ အင်္ဂလိပ်တို့ မြန်မာတို့ အဲဒီလိုမျိုး။ နောက်ပိုင်းတိုးချဲ့ပြီးမဟာဘွဲ့ပါပေးဖို့ရှိတာပေါ့’’ ဟု ၎င်းကပြောသည်။

ဗုဒ္ဓဘာသာကလျာဏယု၀အသင်း ဝိုင်အမ်ဘီအေကို ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးစသည့် အမျိုးသားရေးလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည်။

#PeopleMedia #YMBA

(unicode)
၂၀၂၀ ဒီဇင်ဘာအမှီ YMBA မှ ဗုဒ္ဓတက္ကသိုလ် ဖွင့်ရန်စီစဉ်၊ ဗုဒ္ဓတက္က သိုလ်မှ မဟာဘွဲ့အထိ ချီးမြင့်မည်
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၅

၂၀၂၀ ဒီဇင်ဘာအမှီ YMBA မှ ဗုဒ္ဓတက္ကသိုလ် ဖွင့်ရန်စီစဉ်ထားပြီး အဆိုပါ ဗုဒ္ဓတက္ကသိုလ်မှ မဟာဘွဲ့အထိ ချီးမြင့်သွားမည်ဖြစ်ကြောင်း YMBA အတွင်းရေးမှူး ဦးသောင်းဝင်းကပြောပါတယ်။

ဇူလိုင် ၁၅ ရက် တွင် people media က ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်မှုနှင့်ပတ်သက်ပြီး People Media က YMBA အတွင်းရေးမှူး ဦးသောင်းဝင်းထံ ဆက်သွယ်မေးမြန်းရာ၌ ဦးသောင်းဝင်းက အထက်ပါအတိုင်း ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

“လာမဲ့ ဒီဇင်ဘာ ၉ ရက်က အမျိုးသားနေ့လေ။ အဲဒီမှာဖွင့်ဖို့ ရည်မှန်းချက်ရှိတယ်။ အခုကတည်းကကြိုလုပ်နေ တာပေါ့။ အခေါ်အဝေါ်က အပြည်ပြည်ဆိုင်ရာ YMBA ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်။ ဖွင့်တာက ရန်ကုန်မှာပဲ ဖွင့် မှာပေါ့။ စီစဉ်တာက တို့ဘာသာစီစဉ်တာပါ။ ယနေ့မြန်မာပြည်မှာ ဗုဒ္ဓတက္ကသိုလ်အများကြီးပဲလေ။ အဲဒီတော့ ဗုဒ္ဓတက္ကသိုလ်တက်တဲ့ ရဟန်းသံဃာ လူပုဂ္ဂိုလ်တွေကဗုဒ္ဓဘာသာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ရည် ရွယ်တာပေါ့လေ။ ဘွဲ့တွေဘာတွေပေးဖို့က ယနေ့မြန်မာနိုင်ငံမှာဖွင့်ထားတဲ့တက္ကသိုလ်တွေရှိတယ်။ သူတို့နဲ့ တိုင်ပင်ညှိနှိုင်းပေးမှာပေါ့။ အငယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ အကြီးတန်းအဆင့်နောက် ဒီပလိုမာ အဆင့်၊ MA ဗုဒ္ဓဇင်တို့ အင်္ဂလိပ်တို့ မြန်မာတို့ အဲဒီလိုမျိုး။ နောက်ပိုင်းတိုးချဲ့ပြီးမဟာဘွဲ့ပါပေးဖို့ရှိတာပေါ့’’ ဟု ၎င်းကပြောသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဝိုင်အမ်ဘီအေကို ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးစသည့် အမျိုးသားရေးလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည်။

#PeopleMedia #YMBA

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top