ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောရအောင် ဟာသပြက်လုံးတွေ နဲ့ပြုလုပ်ခဲ့တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ ရေဝေးသုသာန်မှာ မီးသဂြိုလ်ပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်။
ဦးမန်းဝင်းဟာ ဆေးရုံမှာ အချိန်အတော်ကြာ တက်ရောက်ခဲ့ရပြီး ပြီးခဲ့တဲ့ တနလာင်္နေ့မှာပဲ ကွယ်လွန်အနိစ္စရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
သူဟာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
သူဟာ အသက် (၇၈) နှစ်မှာ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဦးမန်းဝင်းကွယ်လွန်တဲ့ သတင်းကြောင့် အနုပညာရှင်များသာမကဘဲ ပရိသတ်အားလုံးကပါ နှမျောတသ ဖြစ်နေရတာပဲ ဖြစ်ပါတယ်။
အခုမှာလည်း ဟာသသရုပ်ဆောင် ကောင်းကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ ပြန်လည် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျီစုသုသာန်မှာ သဂြိုလ်ခဲ့တဲ့ ဝမ်းနည်းစရာ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။
သူ့ရဲ့ နောက်ဆုံး ခရီးစဉ်ကိုတော့ ဦးမန်းဝင်းကို ချစ်ခင်ကြတဲ့ အနုပညာရှင်ပေါင်းများစွာနဲ့ ပရိသတ်များအားလုံး လိုက်ပါပို့ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အမြဲ ပျော်ရွှင်ရယ်မောရအောင် ပြုလုပ်ခဲ့တဲ့ ဦးမန်းဝင်းတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေလို့ ဝမ်းနည်းစွာဖြင့် ရေးသားဝေမျှပေးလိုက် ရပါတယ်။