မိဘကိုလုပ်ကျွေးပြုစုဖို့ ချမ်းသာတဲ့အချိန် အားတဲ့အချိန်ထိ မစောင့်ပါနဲ့

မိဘကိုဘယ်အချိန်လုပ်ကျွေးမှာလဲလို့မေးလိုက်တိုင်း….

အလုပ်တွေအဆင်ပြေလာရင်လုပ်ကျွေးမယ်လို့ ဖြေကောင်းဖြေကြပါလိမ့်မယ်

ဒါပေမယ့်

မိဘတော်တော်များများကတော့

သားသမီးတွေအလုပ်ကောင်းတွေရတဲ့အချိန်ထိ

အသက်မရှည်ကြတော့ပါဘူး။

မိဘကိုဘယ်လိုထားမှာလဲလို့မေးလိုက်တဲ့အခါ

“ရွှေအိမ်ကြီးနဲ့ထားချင်တာ မထားနိုင်လို့ “လို့

ဖြေဖူးကြမှာပါ…..

တကယ်တော့ရွှေအိမ်ကြီးဆောက်နိုင်တဲ့အခါ

မိဘတွေဟာ အုတ်ဂူထဲရောက်နေပါပြီ။

မိဘကိုထောက်ပံ့သလားလို့မေးရင်

ငါ့ကလေးတွေကိစ္စတွေနဲ့မလောက်လို့

မထောက်ပံ့နိုင်ကြောင်းဖြေမိကြမှာပါ….

ဒါပေမယ့် သင့်ကလေးတွေလက်လွတ်တဲ့အထိ

သူတို့တွေအသက်ရှည်ဖို့မလွယ်ပါဘူး။

သင်စိတ်ကူးနဲ့ပြင်ဆင်ထားတဲ့

သူတို့ကိုပြန်ကြည့်ဖို့ဆုံးဖြတ်ထားတဲ့အချိန်ထိ

သူတို့မနေရဖို့ များပါတယ်။

မိဘကိုပေးကမ်းလှူဒါန်းဖို့ ပြန်လည်ကြည့်ရှုဖို့

ကျွန်တော်တို့ကိုမေးရင်

ကျွန်တော်တို့က တခြားအရာတခြားသူတွေကို

အရင်စဉ်းစားတွက်ချက်ကြပါတယ်။

အဲဒါတွေကျော်လွန်မှ

အစွန်းထွက်အချိန် အစွန်းထွက်ငွေကြေးကို

သူတို့အတွက်ပေးကြတာပါ

ဒါဟာ လူတိုင်းနီးပါးပါ။

သူတို့အလှည့်တုန်းကတော့

ကျွန်တော်တို့ကိုအရင်စဉ်းစားခဲ့တာဖြစ်ပါတယ်။

မိဘတွေရဲ့အတွင်းစိတ်ဟာ

သိပ်ကိုလျှို့ဝှက်သိပ်သည်းလွန်းပါတယ်။

ကျွန်တော်တို့ကို အားမကိုးဘူး

ကျွန်တော်တို့ဆီက မတောင်းဘူး

ကျွန်တော်တို့မရှိလည်းဖြစ်အောင်နေမယ်

သူတို့ဖာသာသူတို့ အဆင်ပြေအောင်နေနိုင်တယ်

ဒီလိုအတွေးတွေရှိနေကြပေမယ့်…

တကယ့်စိတ်တွေကတော့

ကျွန်တော်တို့ကို သိပ်ပြီးအားကိုးပါတယ်

ကျွန်တော်တို့ကို သိပ်ပြီးလိုအပ်ပါတယ်

ကျွန်တော်တို့ရဲ့သိတတ်မှုကို မျှော်လင့်ကြပါတယ်

မိဘကိုတတ်နိုင်သမျှ လုပ်ကျွေးပါ

လစာကောင်းတဲ့အထိ မစောင့်ပါနဲ့

သင်အားမယ့်အချိန်ထိ မစောင့်ပါနဲ့

သူတို့အိုမင်းနာမကျန်းဖြစ်တဲ့အထိ မစောင့်ပါနဲ့

သူတို့က အကူအညီတောင်းလာတဲ့အထိ မစောင့်ပါနဲ့

ရွှေအိမ်ကြီးဆောက်ပြီးတဲ့အထိ မစောင့်ပါနဲ့

နောက်ဆုံးပေါ်ကားကြီးနဲ့ နေရာအစုံတွေလိုက်ပို့ပေးနိုင်တဲ့အထိ မစောင့်ပါနဲ့

ပိုက်ဆံတွေအထုပ်လိုက် ရွှေတွေအထုပ်လိုက်ပုံပေးနိုင်တဲ့အထိ မစောင့်ပါနဲ့

သင်ဘဲဥတစ်ခြမ်းစားရရင် သူတို့လည်းတစ်ခြမ်းစားရပါစေ

သင်ကြက်သားတစ်တုံးစားရတဲ့အခါ သူတို့လည်းတစ်တုံးစားရပါစေ

သင်ရယ်မောပျော်ရွှင်နေရချိန်မှာ သူတို့မျက်ရည်ကျမနေပါစေနဲ့

သင်ဘယ်လောက်ပဲရရ

သူတို့အတွက် ပမာဏတစ်ခုအမြဲချန်ထားပါ

သင့်ကလေးနေမကောင်းဖြစ်လို့

ဆေးရုံပို့ပေးနိုင်သေးရင်

သူတို့နာမကျန်းဖြစ်တဲ့အခါ

(အနည်းဆုံး)ဆေးတော့ဝယ်ပေးနိုင်ပါစေ

သားသမီးကို ကစားကွင်းပို့နိုင်ရင်

မိဘကိုအနည်းငယ်တော့အချိန်ပေးပါ

သေမှမငိုပါနှင့်

မသေခင် ကိုယ်နိုင်တဲ့ဝန်နဲ့ထမ်းပိုးပါ

သေမှအမျှဝေဆုတောင်းမလုပ်ပါနဲ့

မသေခင် တတ်နိုင်သလောက်ကျွေးပါ

သေမှ သူတို့အတွက်နေရာပေါင်းစုံမှာ

လိုက်မလှူပါနဲ့

မသေခင် တတ်နိုင်သလောက်ပေးကမ်းပါ

မိဘကိုလုပ်ကျွေးပြုစုဖို့

ချမ်းသာတဲ့အချိန် အားတဲ့အချိန်ထိ

မစောင့်ပါနဲ့

crd

မှတ်ချက် { ဒါဆိုမင်းရော ဘာတွေလုပ်လဲမေးရင်

ကျွန်မ ကိုယ်တတ်နိုင်သလောက်

လုပ်နေတယ်လို့ပဲ ဖြေပါရစေ }….

Unicode

မိဘကိုဘယ်အချိန်လုပ်ကျွေးမှာလဲလို့

မေးလိုက်တိုင်း….

အလုပ်တွေအဆင်ပြေလာရင်လုပ်ကျွေးမယ်လို့ ဖြေကောင်းဖြေကြပါလိမ့်မယ်။

ကျွန်မကတော့မိဘအတွက်ဆိုအသက်ပါရင်းမဲ့သူပါ။

ဒါပေမယ့်

မိဘတော်တော်များများကတော့

သားသမီးတွေအလုပ်ကောင်းတွေရတဲ့အချိန်ထိ

အသက်မရှည်ကြတော့ပါဘူး။

မိဘကိုဘယ်လိုထားမှာလဲလို့မေးလိုက်တဲ့အခါ

“ရွှေအိမ်ကြီးနဲ့ထားချင်တာ မထားနိုင်လို့ “လို့

ဖြေဖူးကြမှာပါ…..

တကယ်တော့ရွှေအိမ်ကြီးဆောက်နိုင်တဲ့အခါ

မိဘတွေဟာ အုတ်ဂူထဲရောက်နေပါပြီ။

မိဘကိုထောက်ပံ့သလားလို့မေးရင်

ငါ့ကလေးတွေကိစ္စတွေနဲ့မလောက်လို့

မထောက်ပံ့နိုင်ကြောင်းဖြေမိကြမှာပါ….

ဒါပေမယ့် သင့်ကလေးတွေလက်လွတ်တဲ့အထိ

သူတို့တွေအသက်ရှည်ဖို့မလွယ်ပါဘူး။

သင်စိတ်ကူးနဲ့ပြင်ဆင်ထားတဲ့

သူတို့ကိုပြန်ကြည့်ဖို့ဆုံးဖြတ်ထားတဲ့အချိန်ထိ

သူတို့မနေရဖို့ များပါတယ်။

မိဘကိုပေးကမ်းလှူဒါန်းဖို့ ပြန်လည်ကြည့်ရှုဖို့

ကျွန်တော်တို့ကိုမေးရင်

ကျွန်တော်တို့က တခြားအရာတခြားသူတွေကို

အရင်စဉ်းစားတွက်ချက်ကြပါတယ်။

အဲဒါတွေကျော်လွန်မှ

အစွန်းထွက်အချိန် အစွန်းထွက်ငွေကြေးကို

သူတို့အတွက်ပေးကြတာပါ

ဒါဟာ လူတိုင်းနီးပါးပါ။

သူတို့အလှည့်တုန်းကတော့

ကျွန်တော်တို့ကိုအရင်စဉ်းစားခဲ့တာဖြစ်ပါတယ်။

မိဘတွေရဲ့အတွင်းစိတ်ဟာ

သိပ်ကိုလျှို့ဝှက်သိပ်သည်းလွန်းပါတယ်။

ကျွန်တော်တို့ကို အားမကိုးဘူး

ကျွန်တော်တို့ဆီက မတောင်းဘူး

ကျွန်တော်တို့မရှိလည်းဖြစ်အောင်နေမယ်

သူတို့ဖာသာသူတို့ အဆင်ပြေအောင်နေနိုင်တယ်

ဒီလိုအတွေးတွေရှိနေကြပေမယ့်…

တကယ့်စိတ်တွေကတော့

ကျွန်တော်တို့ကို သိပ်ပြီးအားကိုးပါတယ်

ကျွန်တော်တို့ကို သိပ်ပြီးလိုအပ်ပါတယ်

ကျွန်တော်တို့ရဲ့သိတတ်မှုကို မျှော်လင့်ကြပါတယ်

မိဘကိုတတ်နိုင်သမျှ လုပ်ကျွေးပါ

လစာကောင်းတဲ့အထိမစောင့်ပါနဲ့

သင်အားမယ့်အချိန်ထိမစောင့်ပါနဲ့

သူတို့အိုမင်းနာမကျန်းဖြစ်တဲ့အထိမစောင့်ပါနဲ့

သူတို့က အကူအညီတောင်းလာတဲ့အထိမစောင့်ပါနဲ့

ရွှေအိမ်ကြီးဆောက်ပြီးတဲ့အထိမစောင့်ပါနဲ့

နောက်ဆုံးပေါ်ကားကြီးနဲ့

နေရာအစုံတွေလိုက်ပို့ပေးနိုင်တဲ့အထိမစောင့်ပါနဲ့

ပိုက်ဆံတွေအထုပ်လိုက်

ရွှေတွေအထုပ်လိုက်ပုံပေးနိုင်တဲ့အထိမစောင့်ပါနဲ့

သင်ဘဲဥတစ်ခြမ်းစားရရင်

သူတို့လည်းတစ်ခြမ်းစားရပါစေ

သင်ကြက်သားတစ်တုံးစားရတဲ့အခါ

သူတို့လည်းတစ်တုံးစားရပါစေ

သင်ရယ်မောပျော်ရွှင်နေရချိန်မှာ

သူတို့မျက်ရည်ကျမနေပါစေနဲ့

သင်ဘယ်လောက်ပဲရရ

သူတို့အတွက် ပမာဏတစ်ခုအမြဲချန်ထားပါ

သင့်ကလေးနေမကောင်းဖြစ်လို့

ဆေးရုံပို့ပေးနိုင်သေးရင်

သူတို့နာမကျန်းဖြစ်တဲ့အခါ

(အနည်းဆုံး)ဆေးတော့ဝယ်ပေးနိုင်ပါစေ

သားသမီးကို ကစားကွင်းပို့နိုင်ရင်

မိဘကိုအနည်းငယ်တော့အချိန်ပေးပါ

သေမှမငိုပါနှင့်

မသေခင် ကိုယ်နိုင်တဲ့ဝန်နဲ့ထမ်းပိုးပါ

သေမှအမျှဝေဆုတောင်းမလုပ်ပါနဲ့

မသေခင် တတ်နိုင်သလောက်ကျွေးပါ

သေမှ သူတို့အတွက်နေရာပေါင်းစုံမှာ

လိုက်မလှူပါနဲ့

မသေခင် တတ်နိုင်သလောက်ပေးကမ်းပါ

မိဘကိုလုပ်ကျွေးပြုစုဖို့

ချမ်းသာတဲ့အချိန် အားတဲ့အချိန်ထိ

မစောင့်ပါနဲ့crd

မှတ်ချက် { ဒါဆိုမင်းရော ဘာတွေလုပ်လဲမေးရင်

ကျွန်မ ကိုယ်တတ်နိုင်သလောက်

လုပ်နေတယ်လို့ပဲ ဖြေပါရစေ }…

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top