ဇွဲကပင်တောင်တက်လမ်းကြောင်းများတွင် စီစီတီဗီကင်မရာများ တပ်ဆင်ရန်စီစဉ်နေ

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်သို့ မျက်နှာညိုးငယ်နေသူများ တစ်ဦးတည်း တက်ရောက်ခွင့်ကို ကန့်သတ်ရန် စီစဉ်ထားပြီး တောင်တက်လမ်းကြောင်းများတွင် စီစီတီဗီကင်မရာများတပ်ဆင်ရန် စီစဉ်နေကြောင်း ဇွဲကပင်တောင်စေတီဂေါပကဥက္ကဋ

ဦးစောသာမြအောင်က ဇူလိုင်လ ၁၃ ရက်တွင်ပြောသည်။ ဇွဲကပင် တောင်ပေါ်မှ တက္ကသိုလ် ကျောင်းသူတစ်ဦးနှင့် တက္ကသိုလ်ကျောင်းသားတစ်ဦး မကြာသေးမီက ခုန်ချအဆုံးစီရင်မူများဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် တောင်ပေါ်သို့တစ်ဦးတည်းတက်

ရောက်ခွင့် ကန့်သတ်ရန်နှင့် နံနက်စောစောနှင့် ညနေစောင်းအချိန်များတွင် တက်ရောက်မှုကို ကန့်သတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ‘‘အခုလောလောဆယ် အချိန်မတော်လာရောက်သူတွေကို တောင်ခြေမှာရှိတဲ့ အစောင့်တွေ၊ ဆရာတော်တွေက

မျက်နှာအရိပ်အကဲကြည့်ပြီး အခြေအနေ မကောင်းရင် ပေးမတက် တော့ဘူး။ အဖွဲ့လိုက်ဆိုရင်တော့ တစ်မျိုးပေါ့။ အခု နောက်ပိုင်းက နည်းနည်း ထူးခြားတဲ့သဘော မျိုးဖြစ်နေလို့ အဲဒီလိုမျိုးလုပ်လိုက် တာပါ။ ဘုရားဖူးလာသူတွေကို ပေးမတက်တော့လည်းမကောင်းဘူး။

ရိုးရိုးသား သားလာတဲ့သူတွေအတွက်လည်း အခက်အခဲဖြစ်တယ်လေ’’ ဟု ၎င်းက ပြောသည်။ ထို့ပြင် တောင်ပေါ်တက် ရောက်သူများစာရင်းကိုလည်း ကောက်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top