မြေပြိုမှုအတွင်း နာရီ(၃၀) ကြာကယ်ဆယ်ရေး လုပ်ခဲ့ရတဲ့ မီးသတ်သမားကြီး၊ ဖိနပ် ချွတ်လိုက်တဲ့အခါမှာ
မီးသတ်သမားတွေဟာ အလွန်အားကိုးရတဲ့ ပြည်သူ့ သားကောင်းတွေ ဖြစ်ကြပါတယ်။ သူတို့တစ်တွေဟာ မီးဘေးအန္တရာယ်သာမက သဘာဝဘေးအန္တရာယ်ကြုံလာတဲ့အခါ အသက်ကို ပဓာနမထား ရွပ်ရွပ်ချွံချွံ ကယ်ဆယ်ရေးတွေ လုပ်ကြရပါတယ်။
ကယ်ဆယ်ရေး မလုပ်ရတဲ့အချိန်မှာ အနားမယူအား၊ လေ့ကျင့် သားပြည့်ဝအောင် ဖြည့်ဆည်းနေရပါတယ်။အခု တရုတ်မီးသတ်သမားတစ်ယောက်ရဲ့ အဖြစ်ကို ကြည့်လိုက်တာနဲ့ သူတို့တစ်တွေဟာ ဘယ်လောက်အထိ ခက်ခက်ခဲခဲ ပြည်သူ့တာဝန်တွေကို ထမ်းဆောင်နေတယ်ဆိုတာ မြင်သာစေ မှာပါ။
အားလုံးသိတဲ့အတိုင်း တရုတ်အား (၃၃)နှစ်အတွင်းမှာ အဆိုး ရွားဆုံး မိုးသည်းထန်မှုကို ရင်ဆိုင်နေရပြီး၊ ဒေသအသီးသီးက လူပေါင်း (၃၈)သန်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။
အခုအချိန်ထိ လူ(၁၀၀)ကျော် ရေကြီးရေလျှံမှုတွေ၊ တောင်ပြို မြေပြိုမှုတွေကြောင့် အသက်ဆုံးရှုံးထားရပြီး ဖြစ်ပါတယ်။ ဇူလိုင်(၈)ရက်နေ့က Hubei စီရင်စု Huangmei ကောင်တီမှာ မြေပြိုမှုတွေကြောင့် မီးသတ်တပ်ဖွဲ့မှာ အင်အား(၆၉)ဦး စေလွှတ်လိုက်ရပါတယ်။
သူတို့တစ်တွေဟာ အဲဒီမှာ နာရီပေါင်း(၃၀)ကြာ ကယ်ဆယ်ရေး တွေ လုပ်ခဲ့ရပါတယ်။လူ(၉)ဦးသာ မြေပြိုမှုအတွင်းကနေ ဆယ်ယူရရှိခဲ့ပြီး၊ ဒီအထဲမှာမှ အဖွားအိုကြီးတစ်ဦးသာ အသက်ရှင်သန်ခဲ့ပါတယ်။
အခု မီးသတ်သမားကြီးအမည်ကိုတော့ မသိရပေမယ့် နာရီ(၃၀)ကြာ ကယ်ဆယ်ရေးလုပ်ပြီးနောက် သူ့ရှူးဖိနပ်ကို ချွတ်လိုက်တဲ့အခါမှာတော့ အခုလို စိတ်မကောင်းစွာ တွေ့ရတာပါ။ သူ့ခြေထောက်တွေဟာ ရေနဲ့ရွှံ့တွေဒဏ်ကြောင့် အရေပြားတွေ တွန့်လိမ်နေပြီး အသားတွေကလည်း နူးပွနေ ပါတယ်။
တရုတ်နိုင်ငံ၊ Hubei ပြည်နယ်၊ Anhui ပြည်နယ်၊ Zhejiang ပြည်နယ်နဲ့ Chongqing ပြည်နယ်တို့မှာ ဇွန်လ(၁)ရက်ကနေ ဇွန်လ(၉)ရက်နေ့အထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီး၊ ဒီစံချိန်ဟာ (၁၉၆၁)ခုနှစ်နောက်ပိုင်းမှာ အဆိုးရွားဆုံး စံချိန်ဖြစ်ပါတယ်။ မြစ်(၃၃)စင်းမှာ ရေကြီးမှု စံချိန်ဟာ အလွန်မြင့်မားခဲ့ပြီး၊ နယ်မြေ (၄၃၃)နေရာအထိ ရေကြီးရေလျှံမှုက ဒုက္ခပေးခဲ့ပါတယ်။
ဘာသာပြန်-လင်းဇော်ကို
Ref ; Metro
Zawgyi