အခု ကိုဗစ်ကိစ္စမှာ မြန်မာနိုင်ငံဟာ ကံကောင်းနေတာ မဟုတ်ဘူး။ လုပ်ဆောင်ချက်တွေ ကောင်းခဲ့တာ။

ကံကောင်းနေတာ မဟုတ်ဘူး…

ကိုဗစ်နဲ့ ပတ်သက်ရင် ယူအက်စ်မှာ အရင်ကတော့ တရက်ကို လူ ၂ သောင်းကျော်လောက် ကူးစက်နှုန်းကို များလှချည့် ထင်ခဲ့ရရာကနေ အခုတော့ တနေ့ ၆ သောင်း ဝန်းကျင် ပုံမှန် စာရင်းတိုးနေတဲ့ အခြေအနေကို ရောက်သွားပြီ။ သေဆုံးမှုနှုန်းကလည်း အရင်ကလောက် မများတဲ့ တိုင်အောင် တနေ့ကို ၇၀၀-၈၀၀ ဝန်းကျင်ကတော့ ကိုဗစ်ကြောင့် အသက်ဆုံးနေရတုန်းပဲ။

ယူအက်စ်တင် ဘယ်ကလိမ့်မလဲ။ ကိုဗစ်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တဲ့ ဘရာဇီး ဆိုရင်လည်း အခုဆို လှိမ့်နေအောင် ခံရတယ်။ သမ္မတကိုက အစ ဗိုင်းရပ်စ်က အလွတ်မပေးခဲ့ဘူး။ အဲဒီ နှစ်နိုင်ငံပြီးရင် ကမ္ဘာမှာ ကူးစက်ခံရမှု တတိယ အများဆုံး လိုက်နေတဲ့ အိန္ဒိယကတော့ လော့ဒေါင်း အစီအစဉ်ကို စနစ်တကျ မလုပ်ဆောင်နိုင်ခဲ့တဲ့ အကျိုးဆက်ကို အခုထိ ပေးဆပ်နေရတယ်။

အစပိုင်းမှာ အငိုက်မိခဲ့ပေမယ့် ကိုဗစ်ကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ စနစ်တကျ ပိတ်ဆို့ တားဆီးနိုင်တဲ့ နိုင်ငံတွေ ဖြစ်တဲ့ အီတလီ၊ တောင်ကိုးရီးယား၊ ပြင်သစ်တို့လို နိုင်ငံတွေမှာ ဗိုင်းရပ်စ်က အတော်တန့်သွားပြီ။ အစကတည်းကိုက ပြင်ပြင်ဆင်ဆင် ရှိခဲ့တဲ့ နိုင်ငံတွေမှာ ဆိုရင်တော့ အခုဆိုရင် တနေ့တနေ့ကို အင်မတန် နည်းပါးတဲ့ ကူးစက်မှုနှုန်းတွေ အပြင် ရက်အတော်များများကိုလည်း ဗိုင်းရပ်စ် ကူးစက်မှု မရှိတဲ့ နေ့တွေ အဖြစ် ဖြတ်သန်းနေရပြီ။ ဥပမာ..၊ နယူးဇီလန်၊ ဖင်လန်၊ ဗီယက်နမ်၊ ပြီးတော့ ကျွန်တော်တို့ ဘေးက ထိုင်း။

ပြီးတော့ အစကတည်းကိုက ပြင်ပြင်ဆင်ဆင် ရှိတဲ့ နိုင်ငံတွေစာရင်းထဲမှာ မြန်မာသည်လည်း တနိုင်ငံ အပါအဝင်ပဲ။ မြန်မာနိုင်ငံ ဆိုတာက ဗိုင်းရပ်စ် စတင် ပြန့်ပွားခဲ့ရာ တရုတ်နဲ့လည်း ကပ်လျက်၊ ပြီးတော့ လူဦးရေ ထူပြောလှတဲ့ အပြင် ဗိုင်းရပ်စ် ကူးစက်နှုန်းကလည်း မသေးလှတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေကလည်း အနီးအနားမှာတင်။ ဒီတော့ သူ့အိုးနဲ့သူဆန် သူတတ်နိုင်တဲ့ အားကလေးနဲ့သူ အစိုးရနဲ့ ပြည်သူ လက်တွဲညီခဲ့ကြရတယ်။

လူပေါင်း သိန်းနဲ့ချီပြီး ၁၄ ရက်စာ တင်ကျွေးလိုက်၊ ၂၁ ရက်စာ တင်ကျွေးလိုက်နဲ့ မရှိအတူ ရှိအတူ မျှဝေလှူဒါန်း စားသောက်ကြရင်းနဲ့ ဗိုင်းရပ်စ်ကို ရင်ဆိုင်ခဲ့ကြတယ်။ ကမ္ဘာ့ ထိပ်တန်းဆိုတဲ့ နိုင်ငံတွေ အတော်များများမှာတောင် ၁၄ ရက် စောင့်ကြည့်၊ ၂၁ ရက် စောင့်ကြည့်တွေ ထားပြီး တော်ရုံနဲ့ တင်မကျွေးထားပေမယ့် မြန်မာကတော့ အဲဒီ ဝန်ကို ရအောင် ထမ်းခဲ့တယ်။ အခုထိလည်း ထမ်းနေဆဲပဲ။

ဗိုင်းရပ်စ် ကူးခံရတဲ့သူမှန်း သိပြီဟေ့ ဆိုတာနဲ့ အဲဒီလူကို ဆေးရုံကို တန်းခေါ်သွားပြီး သက်သာပျောက်ကင်းတဲ့ အထိ မျက်စိအောက်က အပျောက်မခံ ကုသပေးတာမျိုးကို ချမ်းသာပါတယ် ဆိုတဲ့ အမေရိကားမှာ မလုပ်နိုင်ပေမယ့် မြန်မာ အစိုးရကတော့ ရအောင်ကို လုပ်တယ်။ လှူတဲ့ ပြည်သူကလည်း တတ်အားသမျှ အားပါးတရကို လှူကြတယ်။ ဒါကြောင့် လက်ရှိ မြန်မာမှာ တွေ့ထားတယ် ဆိုတဲ့ ကူးစက်ခံရသူ လူ ၃၀၀ ကျော် ဆိုတာဟာ အတော် သက်သက်သာသာ ရှိတဲ့ ပမာဏလို့ ပြောလို့ရတယ်။

ပြောချင်တာက အဲဒီလို သက်သက်သာသာ ရှိတဲ့ ပမာဏလောက်ပဲ ဖြစ်နေတာက မြန်မာနိုင်ငံဟာ ကိုဗစ် ကိစ္စမှာ အလကားနေရင်း ကံကောင်းနေတာ မဟုတ်ဘူး။ အစိုးရ ဦးဆောင်မှု ကောင်းခဲ့သလို ပြည်သူပူးပေါင်းမှုလည်း မညံ့ခဲ့လို့ ဒီအခြေအနေကို ရနေတာ ဖြစ်တယ်။ အဲဒါကို “မြန်မာနိုင်ငံဟာ ကိုဗစ်ကိစ္စမှာ ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ကြောင်း” လို့ မှတ်ချက် ချတယ်ဆိုရင် အဲဒီလို မှတ်ချက်ချတဲ့လူဟာ ရူးနေလို့ ဖြစ်ရင်ဖြစ်၊ အဲဒါမှ မဟုတ်ရင်တော့ လက်ရှိ အစိုးရ လုပ်ဆောင်ကိုင်တွယ်ပုံ ကောင်းမွန်ခဲ့တာကို အသိအမှတ် မပြုချင်တဲ့ စိတ်က ပိုများနေလို့သာပဲ ဖြစ်လိမ့်မယ်။

ဒီအချိန်မှာ အခုအစိုးရမှတင် မဟုတ်၊ တခြားသော ဘယ်အစိုးရ လက်ထက်ပဲ ဖြစ်နေပါစေ ဗိုင်းရပ်စ်ကို ဒီလောက် အနေအထားလောက် ကိုင်တွယ် ထိန်းသိမ်းနိုင်တယ် ဆိုရင် အသိအမှတ်ပြုရမှာပဲ။ အခုတော့ မစ္ဆရိယ စိတ်ခံတွေက ပိုများတဲ့ မှတ်ချက်မျိုးကို လူအများရှေ့မှာ ရုပ်တည်ကြီးနဲ့ ပြောဆိုဝံ့တယ် ဆိုတာ တော်ရုံ စိတ်ယုတ်မျိုး၊ အရှက်မဲ့တာမျိုးလောက်ကို မဟုတ်ဘူး။

ဒီတော့ သေသေချာချာကို ထပ်ပြောမယ်။ အခု ကိုဗစ်ကိစ္စမှာ မြန်မာနိုင်ငံဟာ ကံကောင်းနေတာ မဟုတ်ဘူး။ လုပ်ဆောင်ချက်တွေ ကောင်းခဲ့တာ။

ချစ်ခြင်းမေတ္တာဖြင့်
ကလိုစေးထူး

=====================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top