မိုင်းဖုန်းဆရာတော်ဘုရားကြီးအဓိဌာန်ဝင်သည့် မုန်းကျက်ဂူသို့သွားရာတောင်တက်ကားလမ်းအား ကွန်ကရစ်ခင်းရန်လှူဒါန်းခဲ့တဲ့မယ်လိုဒီ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မယ်လိုဒီကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။မယ်လိုဒီဟာဇာတ်ကောင်ရဲ့ကာရိုက်တာကိုလိုက်ပြီးအကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် (၂၀၁၁)ခုနှစ်တွင်”ထာဝရအလင်းတန်းများ”ရုပ်ရှင်ဇာတ်ကားဖြင့်အကောင်းဆုံးအကယ်ဒမီဆုကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အနုပညာလောကမှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပေမယ့် သာလေးသဒ္ဒိစစ်အတွက် မိခင်တစ်ယောက်ရဲ့မေတ္တာကိုအပြည့်အဝပေးနိုင်သူတစ်ယောက်ပါ။

မယ်လိုဒီကတော့စိတ်သဘောထားဖြူစင်သူတစ်ယောက်ဖြစ်ပြီး အလှူအတန်းဆိုလည်းရက်ရောသူတစ်ယောက်ပါ။ လက်ရှိမှာလည်းမိုင်းဖုန်းဆရာတော်ဘုရားအဓိဌာန်ဝင်သည့် မုန်းကျက်ဂူသို့သွားရာတောင်တက်ကားလမ်းအား ကွန်ကရစ်ခင်းရန်အတွက် အကယ်ဒမီ မယ်လိုဒီနှင့်သားလေးသိဒ္ဓိစစ်တို့မိသားစုကလမ်း(၁၀) ပေစာအလှူငွေ(၃)သိန်းခွဲကိုစေတနာထက်သန်စွာဖြင့်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်ဆရာတော်ကြီးအားကြာသင်္ကန်းများကိုဆပ်ကပ်လှူဒါန်းခဲ့ပါသေးတယ်။သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ မိုင်ဖုန်းဆရာတော်ဘုရားကြီးအဓိဋ္ဌာန်ဝင်သည့် လမ်းကိုလွယ်ကူချောမွေ့စေဖို့လမ်းအားကွန်ကရစ်ခင်းရန်အတွက်တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးခဲ့တဲ့ မယ်လိုဒီတို့မိသားစုရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်..။

Source:Melody Myo

Zawgyi

မိုင်းဖုန်းဆရာတော်ဘုရားကြီးအဓိဌာန်ဝင်သည့် မုန်းကျက်ဂူသို့သွားရာတောင်တက်ကားလမ်းအား ကွန်ကရစ်ခင်းရန်လှူဒါန်းခဲ့တဲ့မယ်လိုဒီ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မယ်လိုဒီကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။မယ်လိုဒီဟာဇာတ်ကောင်ရဲ့ကာရိုက်တာကိုလိုက်ပြီးအကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် (၂၀၁၁)ခုနှစ်တွင်”ထာဝရအလင်းတန်းများ”ရုပ်ရှင်ဇာတ်ကားဖြင့်အကောင်းဆုံးအကယ်ဒမီဆုကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အနုပညာလောကမှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပေမယ့် သာလေးသဒ္ဒိစစ်အတွက် မိခင်တစ်ယောက်ရဲ့မေတ္တာကိုအပြည့်အဝပေးနိုင်သူတစ်ယောက်ပါ။

မယ်လိုဒီကတော့စိတ်သဘောထားဖြူစင်သူတစ်ယောက်ဖြစ်ပြီး အလှူအတန်းဆိုလည်းရက်ရောသူတစ်ယောက်ပါ။ လက်ရှိမှာလည်းမိုင်းဖုန်းဆရာတော်ဘုရားအဓိဌာန်ဝင်သည့် မုန်းကျက်ဂူသို့သွားရာတောင်တက်ကားလမ်းအား ကွန်ကရစ်ခင်းရန်အတွက် အကယ်ဒမီမယ်လိုဒီနှင့်သားလေးသိဒ္ဓိစစ်တို့မိသားစုကလမ်း(၁၀) ပေစာအလှူငွေ(၃))သိန်းခွဲကိုစေတနာထက်သန်စွာဖြင့်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်ဆရာတော်ကြီးအားကြာသင်္ကန်းများကိုဆပ်ကပ်လှူဒါန်းခဲ့ပါသေးတယ်။သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ မိုင်ဖုန်းဆရာတော်ဘုရားကြီးအဓိဋ္ဌာန်ဝင်သည့် လမ်းကိုလွယ်ကူချောမွေ့စေဖို့လမ်းအားကွန်ကရစ်ခင်းရန်အတွက်တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးခဲ့တဲ့ မယ်လိုဒီတို့မိသားစုရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top