သူမအားရွံစရာကောင်းတယ်လို့ ဝေဖန်မှတ်ချက်ပေးခဲ့သူကို လိမ္မာပါးနပ်စွာ ပညာသားပါပါ ပြန်လည်ဖြေရှင်းခဲ့တဲ့ နန်းစန္ဒာလှထွန်း – MZB FAMILY

ပရိသတ်ကြီးရေနန်းစန္ဒာလှထွန်းကတော့ နာမည်လေးကြားရုံနဲ့ ရှမ်းတိုင်းရင်းသူလေးဆိုတာ အထူးပြောစရာမလိုအောင်ပါပဲနော်။ MRTV -4မှာ ပြသခဲ့တဲ့ ” ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။

ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး သက်သက်အနေနဲ့ ပုရိသပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။

ဒီနေ့မှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်က ဂယက်ထခဲ့တဲ့ သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကိုပြန်လည် shareခဲ့တာဖြစ်ပါတယ်။ သူမရဲ့ပိုစ့်အောက်မှာ အာ့တုန်းကချစ်စရာလေးခုတော့ရွံစရာကြီးလို့ ဝင်ရောင်မှတ်ချက်ပေးကာတိုက်ခိုက်ခဲ့သူကို ” Deshok Deshok ကျမက လှတယ်လေ .. ဘယ်လိုဖြစ်ဖြစ် စင် ပေါ်ကပဲ ”ဆိုပြီးပြန်လည်မှတ်ချက်ပေးခဲ့တာပါ။

အမာခံပရိသတ်တွေများစွာရှိတဲ့ နန်းစန္ဒာလှထွန်းအတွက် သူမရဲ့ချစ်တဲ့ပရိသတ်တွေက မခံမရပ်နိုင်ဒေါသဖြစ်ခဲ့ရတာဖြစ်ပေမယ့် နန်းနန်းကတော့

” ညီမလေးရေ တောင်းပန်ပါတယ်နော် .. မမ ရဲ့ Nannies ပရိတ်သတ်တွေက အဲ့လိုပဲ မမကို အရမ်းချစ်ကျလို့ပါ ကိုယ့်ချစ်ဆုံးတွေလည်း ရန်မဖြစ်ကျနဲ့တော့နော် မမက ဘာမှမဖြစ်ဘူး နောက်နေတာ မန့်တွေကို ရီရလွန်းလို့ သူကလည်းစိတ်ထဲဘာမှမရှိပဲ ဒီတ်ုင်းပျင်းလို့ ဝင်ရေးလိုက်တာ နေမှာပါ ..

စိတ်လျှော့နော် Nannies FB ကြီးကို သန့်သန့်လေးပဲသုံးကျမယ် ” ဆိုတဲ့စာလေးနဲ့ လိမ္မာပါးနပ်စွာ အဆုံးသတ်ပြီး သူမရဲ့ပရိသတ်တွေကို ဖျန်ဖြေ ခဲ့တာပါ။ တကယ့်ကို Professional အနုပညာသမားပီသလွန်းပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top