ရွှေဘိုမြို့မှာ ဆူညံအိပ်ဇောများအား ဖျက်ဆီး
———
ရွှေဘိုမြို့မှာ ဇူလိုင်လ(၁၆) ရက် မနက်ပိုင်း ဖမ်းဆီးထားတဲ့ ဆူညံအိတ်ဇောတွေကို တတိယအကြိမ် ဖျက်ဆီးခဲ့တယ်လို့ (၁၁၆) ယာဥ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဦးက ပြောပါတယ်။ ဖျက်ဆီးတဲ့ အိပ်ဇောအရေအတွက်မှာ ( ၂၂၀ ) ဖြစ်ပြီး၊ (၂၀၁၉)ခုနှစ် ဇန်နဝါရီ ( ၁) ရက်ကနေ (၂၀၂၀) ခုနှစ် ဇူလိုင် (၁၅) ရက်အထိ ဖမ်းဆီးအရေးယူထားတဲ့ ဆူညံအိပ်ဇောတွေဖြစ်တယ်လို့ ဒုတိယရဲမှူး ကျော်ဦးက ပြောပါတယ်
ဖမ်းဆီးထားတဲ့ ဆူညံအိပ်ဇောတွေကို ရွှေဘိုမြို့ အမှတ် (၁၀) ရပ်ကွက်၊ အလောင်းဘုရား ကြေးသွန်းရုပ်ထု အနီး၊ ရထားသံလမ်းဘေး မှာ လမ်းကြိက်စက်နဲ့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
သတင်း- မိုးသောက် (ရွှေဘို)
=========================
ရွှေဘိုမြို့မှာ ဆူညံအိပ်ဇောများအား ဖျက်ဆီး
———
ရွှေဘိုမြို့မှာ ဇူလိုင်လ(၁၆) ရက် မနက်ပိုင်း ဖမ်းဆီးထားတဲ့ ဆူညံအိတ်ဇောတွေကို တတိယအကြိမ် ဖျက်ဆီးခဲ့တယ်လို့ (၁၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဦးက ပြောပါတယ်။
ဖျက်ဆီးတဲ့ အိပ်ဇောအရေအတွက်မှာ ( ၂၂၀ ) ဖြစ်ပြီး၊ (၂၀၁၉)ခုနှစ် ဇန်နဝါရီ ( ၁) ရက်ကနေ (၂၀၂၀) ခုနှစ် ဇူလိုင် (၁၅) ရက်အထိ ဖမ်းဆီးအရေးယူထားတဲ့ ဆူညံအိပ်ဇောတွေဖြစ်တယ်လို့ ဒုတိယရဲမှူး ကျော်ဦးက ပြောပါတယ်
ဖမ်းဆီးထားတဲ့ ဆူညံအိပ်ဇောတွေကို ရွှေဘိုမြို့ အမှတ် (၁၀) ရပ်ကွက်၊ အလောင်းဘုရား ကြေးသွန်းရုပ်ထု အနီး၊ ရထားသံလမ်းဘေး မှာ လမ်းကြိက်စက်နဲ့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
သတင်း- မိုးသောက် (ရွှေဘို)