စစ်ကိုင်းတံတားပေါ်က မပျက်အောင်ဆိုပြီး သစ္စာပြုထားတဲ့ သော့တွဲလေးများ

စစ်ကိုင်းတံတားပေါ်က သော့တွဲလေးများ
????????????????????????????????????????????????

စစ်ကိုင်းတံတားအသစ်(ရတနာပုံ)ရဲ့ Platform ပေါ်မှာ
လမ်းလျှောက်ဖူးသူတိုင်း ဒီသော့တွဲလေးတွေကို မြင်ဖူးကြ
မှာပါ ????

ကိုယ်တွေလည်း ပထမဆုံး မြင်ဖူးတုန်းက
ဘာလုပ်ထားတာလဲပေါ့ ..?
နောက်တော့မှ သိရတယ်။ ချစ်သူရည်းစားတွေ အတူတူ
လာချိတ်ထားတာတဲ့ ။ လိုက်ပြီးရေတွက်ကြည့်ရင်
နှစ်ဖက်ပေါင်းအခု 500 တော့ကျော်မယ်ထင်တယ် ။ ????

ချစ်သူနှစ်ယောက် သော့နှစ်ခုကို အတူတူ၀ယ်တယ်။
ပြီးတော့ တံတားပေါ်မှာ အခုလိုမျိုးအတွဲလေးဖြစ်အောင် အတူတူချိတ်ကြတယ် ။
ပြီးရင် သော့တံနှစ်ခုကိုလည်း အတူတူချိတ်ပြီး တံတားပေါ်ကနေ ဧရာ၀တီမြစ်ကြီးထဲကို သစ္စာပြုပြီး လွှင့်ပစ်ကြတယ်ပေါ့ ။ ဆိုလိုတာက သူတို့နှစ်ယောက်ကို ဘယ်သူခွဲခွဲ မကွဲနိုင်
တော့ဘူးပေါ့..။

ကိုယ်တော့ ခုချိန်ထိ အဲ့လို မချိတ်ဖူးသေးဘူး။
ချိတ်မယ်ဆိုလည်း တစ်ယောက်ထဲ သွားချိတ်ရုံပဲ ????

ဒီအထိက တွေးကြည့်ရင် တကယ် ကြည်နူးစရာလေးပါ ။

ဒါပေမယ့် အဲ့လို သစ္စာပြုထားလျှက်နဲ့မှ ချစ်သူနှစ်ယောက် ကွဲသွားပြီဆိုရင်တော့ နှစ်ယောက်ထဲက တစ်ယောက်စီမှာ သော့အပိုရှိလို့လား ဒါမှမဟုတ်
သံဖြတ်လွှနဲ့ပဲ လာဖြတ်သလားမသိ။ တစ်ချို့သော့လေးတွေမှာတော့ တစ်ခုထဲ အဖော်ကွဲလို့….????

ဆိုတော့က စစ်ကိုင်းတံတား(ရတနာပုံ)ပေါ် မတော်တဆ
ရောက်ခဲ့မယ်ဆိုရင် ကိုယ်တိုင် သော့အတူတူ ချိတ်စရာ
လူ မရှိ‌ဘူးဆိုရင်တောင် သူများချိတ်ထားတာလေးတွေ
လိုက်ကြည့်ပြီး
စိတ်ကူးယဉ်ကျိပါပေါ့ ????

#With_Love????????
#TTa_Photography ????????

==========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top