ကလေးမြို့တွင် အသက် (၉) နှစ်အရွယ်
အမွှာမောင်နှမအား ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွား
ခိုနူမ်းသုန်သတင်း၊ ၁၆ ဇူလိုင် ၂၀၂၀
By နှင်းနှင်း
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်တွင် အသက်(၉)နှစ်အရွယ် အမွှာမောင်နှစ်မကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ရသည်။
ဖြစ်စဉ်မှာ ပထွေးဖြစ်သူ အသက် (၃၂) နှစ်ရွယ် ဦးလာမှူလျန်နာသည် မိန်းမဘက်မှပါလာသည့် သားနှင့်သမီးကို ၂၀၁၉ ခုနှစ်ကတည်းက မိခင်မရှိသည့်အချိန်တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပြီး ယခုနှစ် ဇူလိုင်လအတွင်းမှသာ သိရှိခဲ့ကြ၍
ရဲစခန်းသို့ အမှုတိုင်ချက်ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် Dingdi အမျိူးသမီးအဖွဲ့မှ Pi Malsawmi ကပြောသည်။
“အဲဒီလိုဖြစ်ခဲ့တာကကြာပြီလေ၊ ကလေးတွေက အချိန်အခါမပြောနိုင်ဘူး၊ သူတို့အမေက သူများအိမ်မှာ ယက္ကန်းယက် တယ်၊ ဒီလိုအဓမ္မပြုကျင့်တယ်ဆိုတာ စပြီးသိတာက သူတို့
မောင်နှမက ကလေးသဘာ၀အရ စကားများတဲ့အခါမှာ
နင့်ကိုအဖေက အဲလိုလုပ်တယ်ဆိုပြီးပြောတဲ့ဟာကို သူ့တို့ဦးလေးက ကြားသွားတော့ သေချာမေးမြန်းတဲ့အခါမှာ သူ့ပထွေးက သူတို့နှစ်ယောက်စလုံးကို အဓမ္မပြုကျင့်တယ် ဆိုတာ သိရတာ’’ ဟု Pi Malsawmi ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ Dingdi ချင်းအမျိူးသမီးအဖွဲ့၊
အထက်ချင်းတွင်းလူငယ်များကွန်ယက်အဖွဲ့တို့၏ ကူညီ
ဆောင်ရွက်မှုဖြင့် ကလေးငယ်နှစ်ဦး၏မိခင်ဖြစ်သူက ဇူလိုင် လ ၁၄ ရက်နေ့တွင် ကလေးမြို့ရဲစခန်းသို့ အမှုဖွင့်တိုင်ကြား
ပြီး နောက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အဓမ္မပြုကျင့်သူ ဦးလားမှူလျန်နာကို တမူးမြို့နယ်၊ ခမ်းပတ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဦးလားမှူလျန်နာကို ကလေးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ-၃၇၇ နှင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီ ဟုသိရသည်။
————————————-
ကလေးမြို့ ကြို့သုံးပင်ရပ်ကွက် (၉)နှစ်အရွယ်
အမွှာကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်တဲ့ လူယုတ်မာ
ပထွေး ရဲ့ ယခင်အမူတွဲ တွေပါ ကလေးခရိုင် ရဲတပ်ဖွဲ့က
ဖော်ထုတ်ဘို့ လုပ်နေပါပြီ
တမူးခရိုင် နယ်မြေအတွင်း (၅)နှစ် ကလေးငယ်တစ်ဦးကို လူသတ်မုဒိမ်းကျင့် အလောင်းဖျောက်မူအပါအဝင် အိန္ဒိယ
နိုင်ငံဘက်ခြမ်းမှာလဲ ပြစ်မူများစွာ ကျူးလွန်ခဲ့တဲ့ တရားခံ
တစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ နှင့် နယ်စပ်ဒေသအဖွဲ့ များ ၏ ပြောကြားချက်များအရသိရပါတယ် ။
KTW(UCYN)