တစ်လကျော်အကြာတွင် ကိုဗစ် ပြည်တွင်းကူးစက်မှု ပြန်တွေ့

ပြည်တွင်း ကူးစက်မှု (၂၈) ရက်အကြာတွင် ပြန်တွေ့၊ ကူးစက်မှု ရာဇဝင် ပျောက်ဆုံးနေ…

မြန်မာနိုင်ငံအတွင်း ပြည်တွင်းကူးစက်မှု မရှိသည်မှာ ဇွန်လ (၁၈) ရက်နေ့ နောက်ဆုံးက ဖြစ်ပါတယ်။ နောက်ဆုံး ပြည်တွင်း ကူးစက်လူနာကတေ့ လူနာအမှတ် (၂၆၃) အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်ဟာ ဘူးသီးတောင်မြို့နယ်က ဖြစ်ပြီး ဘင်္ဂလား‌‌ဒေ့ရှ်က ပြန်လာသူ သူမ ဖခင်ထံမှ ကူးစက်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ ကူးစက်မှုပြီးတဲ့နောက် ပြည်တော်ပြန်များထံမှ ပိုးတွေ့ခြင်းသာ ရှိခဲ့ပြီး ပြည်တွင်းကူးစက်မှု လုံးဝ မရှိတော့ဘဲ (၂၈) ရက်အကြာမှာ ပထမဆုံး ပြန်လည်တွေ့ရှိခဲ့ပါတယ်။ လူနာအမှတ် (၃၃၉) ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အသက် (၂၇) နှစ်အရွယ် အမျိုးသားတဦး ဖြစ်ပါတယ်။

လူနာအမှတ် (၃၃၉) ကတော့ ကိုဗစ်ရှိသူနဲ့ ထိတွေ့သူ မဟုတ်တဲ့အပြင် ပြည်ပနိုင်ငံတွေကိုလည်း ခရီးသွားခဲ့ခြင်း မရှိပါဘူး။ ထူးဆန်းတာက တလနီးပါးကြာမှ ပြန်တွေ့တဲ့ လူနာဟာ ကူးစက်မှု ကွင်းဆက်ပြတ်နေတာ ဖြစ်ပါတယ်။ သူက ဘယ်သူ့ဆီကနေ ကူးတာလဲဆိုတဲ့ ကူးစက်မှုရာဇဝင်ကို သိမှ ဖြစ်ပါမယ်။ ဘာလို့လဲဆိုတော့ ရောဂါဖြန့်ဝေသူက တိတ်တဆိတ်ရောဂါဖြန့်ဝေသူ ဖြစ်နေရင် ကူးစက်ခံရသူ ဒီထက် ပိုများလာဖို့ပဲ ရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ ရောဂါကူးစက်ခံရသူရဲ့ ၆၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာလုံးဝ မပြသူများလို့ သိရပါတယ်။ အခု ပြည်တွင်းကူးစက်မှု ပြန်ဖြစ်တဲ့ လူနာအမှတ် (၃၃၉) ဟာ ရခိုင်ပြည်နယ်မှာပဲ ရှိနေခဲ့ပြီး ဘယ်မှ မသွားခဲ့ဘူးဆိုရင်တော့ ပိုပြီး စဉ်းစားရခက်သွားပါပြီ။ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ခိုးဝင်လာပြီး စစ်ဆေးရေးဂိတ်တွေကို ရအောင်ဖြတ်လာတဲ့သူဆီက ကူးတာလား ဆိုတာ စဉ်းစားရပါတော့မယ်။

အဓိကပြောချင်တာကတော့ အရမ်း အစိုးရိမ် မလွန်ဖို့သလို ဒီအတိုင်းလဲ ဘာမှ ဂရုမစိုက်ဘဲ မနေပါနဲ့၊ သတိလေး ထားပြီး နေကြပါ။ အပြင်ထွက်ရင် နှာခေါင်းစည်း (mask) တပ်ကြပါ။ လက်ကို ပုံမှန်ဆေးကြပါ။ လူစုလူဝေးကြားထဲ မသွားကြပါနဲ့လို့ မှာချင်ပါတယ်။ ပြည်တွင်းကူးစက်မှုတွေ ထပ်တွေ့နိုင်ဖို့လည်း အလားအလာ ရှိနေပါတယ်။

########################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top