ပြင်ဦးလွင် မင်းလှရေတံခွန်ရောက်ခိုက် မကြောက်မရွံ့ပဲ ဓာတ်ဖမ်းထားတာလေးကို မျှဝေလာတဲ့ ပိုင်ဖြိုးသု

“မီ”ဇာတ်ကားထဲက ကာရိုက်တာကြောင့် အားပေးမှုတွေကို ရရှိလာတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ကျရာဇာတ်ရုပ်အတိုင်း စိတ်ထဲနှစ်ကာ ပီပြင်စွာသရုပ်ဆောင်မှုကြောင့် အောင်မြင်မှုတွေကို ရရှိလာတဲ့ မင်းသမီးတစ်လက်ပါပဲနော်။

ပိုင်ဖြိုးသုကတော့ ပရိသတ်အားပေးမှုကြောင့် အောင်မြင်လာတဲ့ဒါရိုက်တာ ဏကြီးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ လတ်တလောမှာ ခရီးလေးတွေထွက်ရင်း သာယာလှပလွန်းတဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ပိုင်ဖြိုးသုက”ပြင်ဦးလွင် မင်းလှရေတံခွန်ရောက် ဒေါ်သုတစ်ယောက် ခုတော့

ပုံလေးတွေပဲကြည့်ထားကြဦး နောက်နေ့မှ အဲ့ဒီပုံလေးတွေရဖို့ အရေး နောက်ကွယ်က ဂယက်တစ်သောင်းကို videoတင်ပေးမယ်နော်”လို့ဆိုပြီး မကြောက်မရွံပဲ ဓာတ်ဖမ်းထားတဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ပိုင်ဖြိုးသုရဲ့ ပြင်ဦးလွင်ရေတံခွန်မှာ ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top