ပရိသတ်အချစ်တော် တက္ကသိုလ်ဂွမ်းပုံကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တွေထဲမှာမှ ပရိသတ်ရဲ့အချစ်ကိုအများဆုံးသိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ကျရာကာရိုက်တာတိုင်းကို အံဝင်ခွင်ကျဖြစ်အောင်သရုပ်ဆောင်နိုင်တာကြောင့်လည်း ရုပ်ရှင်အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။
ယနေ့မှာတော့ တက္ကသိုလ်ဂွမ်းပုံဟာ အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာတွဲလုပ်ခဲ့ပြီး နေထိုင်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာကြီး မောင်ပြည့်ဝ(ပန်းဝေသီ)ကို လာရောက်ကန်တော့ခဲ့တဲ့အကြောင်းကို “ခွဲစိပ်ဒါဏ်ရာအနာကျက်လုဆဲဆဲ ဖြစ်ပေမယ့်သောက်ဆေးအပြင်းက မူးနောက်သလိုမအီသာဖြစ်နေတာ၂ရက်လောက်ရှိပါပြီ ဒီနေ့တော့ ကျွန်တော်သတင်းကြားပေမယ့် ပြင်ဦးလွင်ရောက်နေသော ညီမကြီးဂွမ်းပုံလေးတို့ဇနီးမောင်နှံ မမျှော်လင့်ဘဲရောက်လာပြီး ကန်တော့နေရင်းမှာဘဲ၊ ကလေးငယ်များရှိနေ၍အပြင်မထွက်ဖြစ် သည့် ကိုအုန်းဝင်းနှင့် မအေးဝင်းဇနီးမောင်နှံ Lucky7 ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများမှ တပည့်တဦးကိုလွှတ်၍ခွဲစိပ်ပြီးသောကျွန်တော်ကိုထောက်ပံ့ငွေများပေးခဲ့ပါတယ်” လို့ ဒါရိုက်တာကြီး မောင်ပြည့်ဝ(ပန်းဝေသီ)ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ဒါရိုက်တာကြီး မောင်ပြည့်ဝ(ပန်းဝေသီ)ကတော့ မဆုံတာကြာပြီဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံနြ့ဆုံတုန်းလေး နှစ်ပေါင်း(၂၀)ကျော် ကားပေါင်းများစွာရိုက်ကူးခဲ့သည့်အတိတ်အကြောင်းတွေကို ၁နာရီကျော်ပြောခဲ့ပါသေးတယ်တဲ့။ပရိသတ်ကြီးရေ တက္ကသိုလ်ဂွမ်းပုံကတော့ နေထိုင်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာကြီး မောင်ပြည့်ဝ(ပန်းဝေသီ)ကို သွားရောက်ကန်တော့ခဲ့တဲ့အပြင် အဖော်ပြုစကားတွေပျော်ခဲ့သေးတာတဲ့နော်။
Source: Pyayewa Panwaithi
Zawgyi
နေထိုင်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာကြီး မောင်ပြည့်ဝ(ပန်းဝေသီ)ကို သွားရောက်ကန်တော့ခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ