ညီမကို ကယ်လို့ အချက်ပေါင်း ၉၀ အချုပ်ခံခဲ့ရတဲ့ ၆နှစ်သား

လတ်တလော ဆိုရှယ်နက်ဝဘ်ပေါ်မှာ ရေပန်းစားနေတာကတော့ အမေရိကန် Wyoming ပြည်နယ်က ကလေးငယ် ဘရစ်ဂျာဝါကာ ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ညီမဖြစ်သူကို မိမိအသက်နဲ့ရင်းကာ ကာကွယ်ခဲ့တာကြောင့် သူ့ကို တကယ့်သူရဲကောင်း တယောက်သဖွယ် ချီးကျူးနေကြပါတယ်။

ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အသက် ၆နှစ်အရွယ် ဘရစ်ဂျာဝါကာ နဲ့ အသက် ၄နှစ်အရွယ် ညီမဖြစ်သူတို့ လမ်းလျှောက်လာကြစဉ်မှာ ခွေးတကောင်ဟာ ညီမဖြစ်သူကိုကိုက်ဖို့ ပြေးလာပါတယ်။ ရိုးရိုးခွေးမဟုတ်ပဲ German Shepherd အမျိုးအစားခွေးပါ။ အားလုံးသိကြတဲ့အတိုင်း ဒီခွေးဟာ အန္တရာယ်အရှိဆုံး ခွေးမျိုးစိတ်တွေထဲမှာ ပါဝင်နေပြီး ကိုက်တဲ့အခါမှာလည်းမလွတ်တမ်းလိုက်လံ ကိုက်တတ်တဲ့ခွေးမျိုးပါ။

ခွေးဟာ ညီမငယ်ဖြစ်သူကို ကိုက်ဖို့ ပြေးလာတာကို ဘရစ်ဂျာ တွေ့တဲ့အခါ ဘာလုပ်တယ်ထင်ပါသလဲ။ ပုံမှန်ဆိုရင်တော့ ကလေးအရွယ်သာဖြစ်တဲ့အတွက် ကြောက်လန့်ပြီး ထွက်ပြေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘရစ်ဂျာ ကတော့ သူရဲကောင်းဆန်ဆန်အပြုအမှုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ ညီမဖြစ်သူ နဲ့ ခွေးအကြားမှာ ပြေးဝင်ပြီး ညီမဖြစ်သူကို ကာကွယ်လိုက်တာပါ။

ခွေးရဲ့မြားဦးက သူ့ဆီရောက်လာပြီး ဆိုးဆိုးရွားရွား အကိုက်ခံခြင်းကို ခံရပါတယ်။ အဓိက ကတော့ မျက်နှာနဲ့ဦးခေါင်းကိုအချက်ပေါင်းများစွာ အကိုက်ခံလိုက်ရတာပါ။ ဒီလိုအကိုက်ခံပြီးတဲ့အခါမှာတော့ ညီမဖြစ်သူကို ဘေးလွတ်ကင်းရာအထိ ခေါ်သွားခဲ့ပါတယ်။

ဒါဏ်ရာဒါဏ်ချက်တွေ ဆိုးရွားလွန်းစွာရရှိခဲ့တာကြောင့် ဆေးရုံတင်ကာ ၂နာရီကြာ ခွဲစိတ်မှုကို ပြုလုပ်ခဲ့ရပါတယ်။ များပြားလွန်းတာကြောင့် အချက်ပေါင်း ၉၀ မကချုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ညီမဖြစ်သူ နဲ့ ခွေးကြားမှာ ဝင်ရပ်ပြီး အခုလိုလုပ်ခဲ့ရတာလဲလို့ ဖခင်ဖြစ်သူက မေးတဲ့အခါမှာတော့ ဘရစ်ဂျာ လေးက

“တယောက်ယောက်သေရမယ် ဆိုရင်တောင် ကျွန်တော်ပဲ အသေခံသွားဖို့ တွေးမိလိုက်လို့ပါ” လို့ ပြန်ဖြေခဲ့ပါတယ်။ သူ့ရဲ့ညီမငယ်ဖြစ်သူအား ဘယ်လောက်ချစ်တယ်ဆိုတာကို အသက်နဲ့ရင်းပြီး လက်တွေ့ပြသွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို အဒေါ်ဖြစ်သူက အင်စတာဂရမ် မှာ “ငါက Avenger မဟုတ်ပေမယ့် တကယ့်စူပါဟီးရိုးတယောက်ကိုတော့ ငါသိတယ်” လို့ရေးတင်ခဲ့ရာကနေ အားလုံးရဲ့ချီးကျူးမှုကို ခံခဲ့ရပြီး ဆိုရှယ်နက်ဝဘ်ပေါ်မှာ ဒီဖြစ်ရပ်ဟာ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ Avangers သရုပ်ဆောင်တွေ နဲ့ ကမ္ဘာကျော်ပေါင်းများစွာဟာ ဘရစ်ဂျာ လေးကို ချီးကျူးခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ဘရစ်ဂျာ လေးဟာ ဒါဏ်ရာဒါဏ်ချက်တွေကနေ အတော်လေးသက်လာပြီဖြစ်ပေမယ့် ကောင်းကောင်းတော့ မရယ်နိုင်သေးဘူးလို့ သိရပါတယ်။ အားလုံးချီးကျူးမယ်ဆိုရင်လည်း ချီးကျူးထိုက်စရာပါ။ ကလေးအရွယ်နဲ့မလိုက်ပဲ ညီမငယ်အတွက် တကယ့်သူရဲကောင်းတယောက်လို စွန့်စားလုပ်ကိုင်ခဲ့တာဟာ လေးစားဖို့ကောင်းလွန်းလှပါတယ်။ ညီမဖြစ်သူအတွက်လည်း ဒီလို အစ်ကိုတယောက်ကို ပိုင်ဆိုင်ထားတာဟာ အလွန်ဂုဏ်ယူဖို့ကောင်းလှပါတယ် လို့ ချီးကျူးသူတွေက ဆိုကြပါတယ်။

credit – thutazone

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top