ညီဝမ်းကွဲဖြစ်သူအား ပိုက်ဆံ ၅၀၀၀ မချေးပေးသဖြင့်
ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်။
ဇူလိုင် ၁၆
မွန်ပြည်နယ် ရေးမြို့ သီရိခေမာရပ်ကွက်အတွင်း ၇.၇.၂၀၂၀ ရက်နေ့၌ လည်ပင်ထိုးသွင်းဒဏ်ရာများဖြင့် ပရဟိတ လူငယ်တစ်ဦးသေဆုံးသဖြင့် မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထူး၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ခရိုင်မှုခင်းအကူဌာနစုမှ ရဲအုပ်စောကိုကိုနှင့်ရဲတပ်ဖွဲ့ဝင်များ ရေးမြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်ဦးစီး ရဲတပ်ဖွဲ့ဝင်များမှ ကျူးလွန်သည် တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေး စုံးစမ်းဖော်ထုတ်ရာ သေဆုံးသူ၏ ဝမ်းကွဲအစ်ကို မှ ဓားဖြင့် ထိုးသတ်ခြင်းဖြစ်သည်ဟုသိရသဖြင့် ကျူးလွန်သူအားဖမ်းဆီး၍ အကြောင်းရင်းအား စစ်ဆေးမေးမြန်းရာ ကျူးလွန်သူ ထက်အောင်(၂၇)နှစ် မှ သေဆုံးသူ ကျော်ဇင်မိုး(ခ)ချစ်မိုး ထံ ပိုက်ဆံ ၅၀၀၀ ချေးရာ မချေးပေးသောကြောင့် သေဆုံးသူ ဆိုင်ကယ်မောင်းနေစဉ် လည်ပင်အား ဓားဖြင့် ၃ ချက်တိတိ ထိုးသွင်းခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ကျော်ဇင်မိုး(ခ) ချစ်မိုးသည် ရေးမြို့မိသားစု ပရဟိတအသင်း၌ ကူညီလုပ်ဆောင်ပေးနေသော ပရဟိတလူငယ်လေးဖြစ်ပြီး ထိုလူသတ်မှုအား အမှုမှန်အမြန်ဆုံးပေါ်ပေါက်အောင် ရေးမြို့ခံများမှတောင်းဆိုချက်များရှိခဲ့ပြီး လူသတ်မှုဖြစ်ပွားပြီး တစ်ပတ်အတွင်း ရဲတပ်ဖွဲ့မှ လူသတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#အမွှာညီနောင်
==========================
ညီဝမ်းကွဲဖြစ်သူအား ပိုက်ဆံ ၅၀၀၀ မချေးပေးသဖြင့်
ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်။
ဇူလိုင္ ၁၆