ရန်ကုန်၊ ဇူလိုင် – ၁၆
ရွေပြည်သာမြို့နယ်၌ ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနှင့်မတူညီကြောင်း ဝေဖန်မှုများ ထွက် ပေါ်လာပြီးနောက် ဗိုလ်ချုပ်ကြေးရုပ်၏မျက်နှာကို ပြန်ပြင်ရန် စီစဉ်လျက်ရှိသည်။
အဆိုပါ ကြေးရုပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ မျက်နှာနှင့်တူညီခြင်းမရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်း၌ ဒေသခံများက ကျယ် ကျယ်လောင်လောင် ဝေဖန်ခဲ့ကြပါတယ်။
ထိုသို့ ဝေဖန်မှုအပေါ် ဆရာတော်ကြီးများနှင့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် အရ ပြန်ပြုပြင်ရန် သဘောတူညီခဲ့ကြသည်။
ဆရာတော်ကြီးတွေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မျက်နှာ ပြင်လည်ပြု ပြင်ရန်စီစဉ်ထားတယ်လို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းအောင်က ပြောပါတယ်။
ထိုသို့ ပြန်ဆင်ရာ၌ ကြေးရုပ်ကို မူလသွန်းလုပ်ခဲ့သည့် မန္တလေးသို့ သယ်ဆောင်သွားမည်မဟုတ်ဘဲ လက်ရှိ ဗိုလ်ချုပ်ကြေး ရုပ်ထားရှိသည့် ရွေပြည်သာမြို့ မြို့နယ်ခန်းမ၌ ပြင်ဆင်သွားမှာဖြစ်တယ်လို့ ဦးသန်းအောင်က ပြောပါတယ်။
အလားတူ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် မြေနေရာကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ရွေးကောက်ခံစည်ပင်ကိုယ် စားလှယ်များနှင့် ပေါင်းစပ်ပြီး မြေနေရာရရှိရန် ဆောင်ရွက်သွာမယ်လို့ ဦးသန်းအောင်က ပြောပါတယ်။
#PeopleMedia #ရွှေပြည်သာမြို့ #ဗိုလ်ချုပ်ကြေးရုပ်
===========================
(unicode)
ရွှေပြည်သာမြို့နယ်၌ ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် ဗိုလ်ချုပ်အောင် ဆန်းနှင့်မတူ၍ မျက်နှာပြန်ပြင်မည်
…………………………………………………
ရန်ကုန်၊ ဇူလိုင် – ၁၆
ရွေပြည်သာမြို့နယ်၌ ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနှင့်မတူညီကြောင်း ဝေဖန်မှုများ ထွက် ပေါ်လာပြီးနောက် ဗိုလ်ချုပ်ကြေးရုပ်၏မျက်နှာကို ပြန်ပြင်ရန် စီစဉ်လျက်ရှိသည်။
အဆိုပါ ကြေးရုပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ မျက်နှာနှင့်တူညီခြင်းမရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်း၌ ဒေသခံများက ကျယ် ကျယ်လောင်လောင် ဝေဖန်ခဲ့ကြပါတယ်။
ထို်သို့ ဝေဖန်မှုအပေါ် ဆရာတော်ကြီးများနှင့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ ညှိနှို်င်းအစည်းအဝေးဆုံးဖြတ်ချက် အရ ပြန်ပြုပြင်ရန် သဘောတူညီခဲ့ကြသည်။