ကိုဗစ်ပညာပေး စံပြဆု နိုင်ငံတော်အဆင့် ပထမရခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကျောက်မှော်ရွာကျောင်း
ကိုဗစ် နိုင်တင်း ပညာပေး စံပြကျောင်းဆု ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ကျောက်မှော်ရွာ အထက်တန်းကျောင်းသည် တစ်နိုင်ငံလုံး အဆင့် ပထမဆု ရကြောင်း ပညာရေး ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန် ကြေငြာပါသည်။
၎င်း ပြိုင်ပွဲကို ပညာရေး ဝန်ကြီးဌာနနှင့် စိုးလျှပ်စစ် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ “ ကျန်းမာ ပျော်ရွှင် ပညာသင်၊ ကြိုတင် ကာဆီး ကိုဗစ်နိုင်တင်း ” အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြတယ်။ ကျောင်းခုံတွေ ဆေးသုတ် တာတွေကို ညလုံးပေါက် ပြင်ဆင်ကြတယ်။ အချိန်တို အတွင်းမှာ လုပ်ရတာ ဆိုတော့ ရွာကလူတွေ အင်တိုက် အားတိုက် လုပ်ကြလို့ ဒီဆုကို ရခဲ့တာပါ ” ပြင်ဆင် လှုပ်ရှားခဲ့ရသည့် New Generation Kyauk Mhaw၏ ခေါင်းဆောင် ကိုဝင်းထွန်းက ပြောသည်။
စံပြကျောင်း ပြိုင်ပွဲ အစီအစဉ်ကို ဇူလိုင်လ (၂၁) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ထားသည့် အစိုးရ အခြေခံပညာ အထက်တန်းကျောင်းများ၊ ပုဂ္ဂလိက အထက်တန်းကျောင်းများနှင့် နိုင်ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည့် အထက်တန်းအဆင့် ဘုန်းတော်ကြီးသင် ကျောင်းများ ပါဝင်ပါသည်။
“ ရေပိုက်လိုင်းက အစ စာသင်ဆောင် တွေကို ပြင်ဆင်ကြတယ်။ ကိုယ့်ရဲ့ မဲဆန္ဒနယ်က ကျောင်းက နိုင်ငံတော် အဆင့်မှာ ဆုရတယ် ဆိုတော့ အတိုင်းမသိ ဂုဏ်ယူပါတယ် ”ဟု ယင်းမာပင် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော် အမတ် ဒေါ်ခင်နှင်းရီက ပြောသည်။
ပြိုင်ပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်း များနှင့်အညီ ကျောင်းများ၌ ပြင်ဆင်ထား ရှိမှုများကို ဗီဒီယိုရိုက်ကူး၍ ပြိုင်ပွဲဝင်ခဲ့ကြပြီး ပညာရေးဇုန် အပိုင်းအခြား အလိုက် အကောင်းဆုံး အစိုးရ အထက်တန်းကျောင်း တစ်ကျောင်းစီ၊ ပုဂ္ဂလိက အထက်တန်းကျောင်း တစ်ကျောင်းစီနှင့် ဘုန်းတော်ကြီးသင်ကျောင်း (၃) ကျောင်းတို့က ပါဝင်ယှဉ် ပြိုင်ခဲ့ကြပါသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည် ဟု စိုးလျှပ်စစ် ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
Source ; Monywa Gazette
==========================
Zawgyi