ကားပါကင် မထိုးတတ်သည့်အတွက် ကိုယ်ဝန်ဆောင်အစ်မဖြစ်သူကိုပါ သေဆုံးရတဲ့ အဖြစ်

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့အောက်တိုဘာလ 19ရက်နေ့ ညနေ2နာရီအချိန်ခန့်မှာ တရုတ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး မိန်းကလေးတစ်ယောက်ဟာ ကားပါကင်ထိုးဖို့ကြိုးစားနေပေမဲ့

ကားပါကင်ကောင်းကောင်း မထိုးတတ်၍ ကိုယ်ဝန်ဆောင်အစ်မဖြစ်သူကိုကားပေါ်ကဆင်းပြီး သူမကိုလိုက်လံစောင့်ကြည့်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။

ထို့ကြောင့် ကိုယ်ဝန်ဆောင် အစ်မဖြစ်သူက ကားပါကင်ထိုးဖို့ ကားအနောက်ဖက်ကနေအချက်ပြပြီး နောက်ဆုတ်ခိုင်းနေခဲ့ပေမဲ့ အဆိုပါမိန်းကလေးဟာ ဘရိတ်ကိုနင်းရမယ့်အစား လီဘာကိုမှားနင်းမိ၍ မမျှော်လင့်ဘဲအစ်မဖြစ်သူကိုကားဖြင့်တိုက်မိခဲ့ပါတော့တယ် ။

ထို့ကြောင့် အစ်မဖြစ်သူ မှာအဆိုပါနေရာတွင် လဲကျသွားခဲ့ရပြီး ၊ ဒဏ်ရာတွေရပြီး အတော်လေးကိုကျယ်လောင်စွာ အော်ဟစ်ခဲ့၍ အနီးအနားရှိလူများက ကူညီပေးရန်အတွက်ရောက်ရှိလာခဲ့ကြပါတယ် ။

အဆိုပါမိန်းကလေး မှာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲဖြစ်နေခဲ့ပြီး အဆိုပါနေရာတွင်ပင်အစ်မဖြစ်သူအားပွေ့ဖက်ထားကာ ငိုကြွေးနေလျက်ရှိပါတယ် ။

ကိုယ်ဝန်ဆောင်အစ်မဖြစ်သူရဲ့အခြေအနေဟာ အတော်လေးကိုစိုးရိမ်ရတဲ့အတွက် ဆေးရုံသို့ပို့ဆောင်ပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့ရပါတယ် ။

ဗိုက်ထဲရှိ ရင်သွေးလေး၏အသက်ကိုတောင် မကယ်ဆယ်လိုက်နိုင်ပါဘူး ။ အဆိုပါကိစ္စအတွက် ရဲအရာရှိများကစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိပြီး

အနီးအနားဝန်ကျင်ရှိမျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ အဆိုပါမိန်းကလေးဟာဖုန်းပြောနေရင် ကားကိုပါကင်ထိုးနေခဲ့တာဖြစ်ပြီး ၊ ကားဆက်ရွေ့နေသေးတာကို သတိမထားမိခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။

ဒါကြောင့် အခြားတစ်ယောက်ကို ကားပါကင်ထိုးဖို့ကူညီပေးမယ်ဆိုရင် အရင်ဆုံးကိုယ့်ကိုအန္တရာယ်ကင်းအောင် ကြိုတင်ခန့်မှန်ထားသင့်ကြောင်း သတိပေးလိုက်ရပါတယ် ။

unicode

RELATED POSTS

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top