မြန်မာ့ဂုဏ်ဆောင်လက်ဝှေ့အားကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းကိုတော့ပရိသတ်ကြီးလည်းရင်နှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အောင်လအန်ဆန်းဟာပြီးခဲ့တဲ့ဇူလိုင်လ(၃)ရက်နေ့က သူ့မှာcovid-19ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပရိသတ်တွေကိုအသိပေးပြောကြားထားခဲ့ပါတယ်။
အောင်လအန်ဆန်းဟာနေထိုင်မကောင်းစဖြစ်တဲ့ပထမနှစ်ရက်မှာတော့ အဖျားရှိတာ၊အသက်ရှုရကြပ်တာ၊ကိုယ်လက်ကိုက်ခဲတာနဲ့မောပန်းတာတွေကိုခံစားခဲ့ရပါတယ်။ ဒါ့ကြောင့်လည်းသူတို့မိသားစုဟာကွာရန်တင်း(၁၄)ရက်နေထိုင်ခဲ့ပြီး ပရိသတ်တွေအနေနဲ့သူကိုမစိုးရိမ်ကြဖို့ပြောကြားခဲ့ပါသေးတယ်။ဒီနေ့မှာတော့အောင်လအန်ဆန်းသတင်းကောင်းလေးတစ်ခုကိုသူရဲ့လူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။
အဲဒီသတင်းလေးကိုတော့”အားလုံးကိုသတင်းကောင်းတခုပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့စနေနေ့ကစစ်ဆေးထားတဲ့ကျွန်တော်ရဲ့ကိုဗစ်-၁၉ဗိုင်းရပ်စ်စစ်ဆေးချက်အဖြေအရ၊ကျွန်တော်ရောဂါကင်းစင်သွားပါပြီ!။ အခုကျွန်တော်အရင်ကလိုပဲလေ့ကျင့်မှုတွေ၊လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပြန်လည်လုပ်ဆောင်သွားတော့မှာပါ။ ကျွန်တော်တို့အားလုံးလဲဒီအိပ်မက်ဆိုးကိုမကြာခင်ကျော်လွှားနိုင်တော့မှာပါ”ဆိုပြီးအောင်လအန်ဆန်းကဖော်ပြထားခဲ့တာဖြစ်ပါတယ်။
Source:Aung La Nsang(Burmese Python)
Zawgyi
covid-19ရောဂါဆေးစစ်ချက်အဖြေအရ ရောဂါကင်းစင်သွားပြီဖြစ်တဲ့ အောင်လအန်ဆန်း