Bar, Night Club နှင့် KTV များ ဖွင့်လှစ်ပါက ထိရောက်စွာ အရေးယူမည်
——————————
ကိုဗစ်ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုကော်မတီမှ တိုက်ရိုက်ညွှန်ကြားချက်ကြောင့်ဟုသိရ
——————-
ရန်ကုန်၊ဇူလိုင် ၁၇ရက်
ဟိုတယ်များနှင့်သီးခြားနေရာများတွင် ခိုးဖွင့်နေကြသည့် ဘား၊နိုက်ကလပ်၊ကေတီဗွီများကို အရေးယူသွားရန် ကိုဗစ်ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုကော်မတီမှ သက်ဆိုင်ရာဒေသအသီးသီးကို တိုက်ရိုက်ညွှန်ကြားလိုက်သည်ဟု သိရသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းကော်မတီ၏ တွဲဖက်အတွင်းရေးမှူး(၂)နိုင်ငံတော်သမ္မတရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက နေပြည်တော်ကောင်စီအပါအဝင် တိုင်း၊ပြည်နယ်အသီးသီးသို့ ညွှန်ကြားချက်ပေးပို့လိုက်ခြင်းဖြစ်သည်။
ညွှန်ကြားချက်ထဲ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar ၊ Night Club ၊ KTV များကို ခွင့်ပြုထားခြင်းမရှိဘဲ ဖွင့်လှစ်လျက် ရှိ ကြောင်း (၁၃-၇-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တင်ပြခဲ့ကြောင်း၊ အဆိုပါနေရာများသည် covID-19 ရောဂါ ကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့်နေရာများ ဖြစ်သည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ ဟိုတယ် များနှင့် သီးခြားနေရာများတွင် Bar ၊ Night Club ၊ KTV များ ဖွင့်လှစ်ခြင်းအား ခွင့်မပြုရန်နှင့် သတ်မှတ်ညွှန်ကြားချက်အား လိုက်နာမှုရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးကြပ်မတ် သွားရန်၊ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူသွားရန် လမ်းညွှန်မှုအရ အကြောင်းကြားပါသည်ဟု ဖော်ပြပါရှိသည်ကိုတွေရသည်။
“ခိုးဖွင့်နေကြတာတွေ ရှိနေပါတယ်။ဒီတော့ မဖွင့်နဲ့ဆိုတာကို လိုက်နာပြီး ပိတ်ထားတဲ့ ဆိုင်တွေနစ်နာပါတယ်။နောက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်လည်း လိုအပ်တဲ့အတွက် ကျွန်တော်တို့ကတော့ ခရိုင်အသီးသီးကို ညွှန်ကြားလိုက်ပါပြီ။အရေးယူဖို့ကို”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက Myanmar Harp ကိုပြောသည်။
စစ်ကိုင်တိုင်းအစိုးရအဖွဲ့မှ ပြောခွင့်ရ ဝန်ကြီးဦးမိုးကျော်သူကလည်း ၎င်းတို့တိုင်းအတွင်း ဖမ်းဆီးအရေးယူမှုများရှိနေကြောင်းနှင့် ရွှေဘိုတွင် ၁ခု၊မုံရွာတွင် ၁ခု စုစုပေါင်း ၂ခုရှိနေပြီဟု ပြောသည်။
ကိုမင်း/Myanmar Harp
==================
Bar, Night Club နှင့် KTV များ ဖွင့်လှစ်ပါက ထိရောက်စွာ အရေးယူမည်
——————————
ကိုဗစ်ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုကော်မတီမှ တိုက်ရိုက်ညွှန်ကြားချက်ကြောင့်ဟုသိရ
——————-
ရန်ကုန်၊ဇူလိုင် ၁၇ရက်
ဟိုတယ်များနှင့်သီးခြားနေရာများတွင် ခိုးဖွင့်နေကြသည့် ဘား၊နိုက်ကလပ်၊ကေတီဗွီများကို အရေးယူသွားရန် ကိုဗစ်ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုကော်မတီမှ သက်ဆိုင်ရာဒေသအသီးသီးကို တိုက်ရိုက်ညွှန်ကြားလိုက်သည်ဟု သိရသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းကော်မတီ၏ တွဲဖက်အတွင်းရေးမှူး(၂)နိုင်ငံတော်သမ္မတရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက နေပြည်တော်ကောင်စီအပါအဝင် တိုင်း၊ပြည်နယ်အသီးသီးသို့ ညွှန်ကြားချက်ပေးပို့လိုက်ခြင်းဖြစ်သည်။
ညွှန်ကြားချက်ထဲ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar ၊ Night Club ၊ KTV များကို ခွင့်ပြုထားခြင်းမရှိဘဲ ဖွင့်လှစ်လျက် ရှိ ကြောင်း (၁၃-၇-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တင်ပြခဲ့ကြောင်း၊ အဆိုပါနေရာများသည် covID-19 ရောဂါ ကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့်နေရာများ ဖြစ်သည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ ဟိုတယ် များနှင့် သီးခြားနေရာများတွင် Bar ၊ Night Club ၊ KTV များ ဖွင့်လှစ်ခြင်းအား ခွင့်မပြုရန်နှင့် သတ်မှတ်ညွှန်ကြားချက်အား လိုက်နာမှုရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးကြပ်မတ် သွားရန်၊ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူသွားရန် လမ်းညွှန်မှုအရ အကြောင်းကြားပါသည်ဟု ဖော်ပြပါရှိသည်ကိုတွေရသည်။
“ခိုးဖွင့်နေကြတာတွေ ရှိနေပါတယ်။ဒီတော့ မဖွင့်နဲ့ဆိုတာကို လိုက်နာပြီး ပိတ်ထားတဲ့ ဆိုင်တွေနစ်နာပါတယ်။နောက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်လည်း လိုအပ်တဲ့အတွက် ကျွန်တော်တို့ကတော့ ခရိုင်အသီးသီးကို ညွှန်ကြားလိုက်ပါပြီ။အရေးယူဖို့ကို”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက Myanmar Harp ကိုပြောသည်။
စစ်ကိုင်တိုင်းအစိုးရအဖွဲ့မှ ပြောခွင့်ရ ဝန်ကြီးဦးမိုးကျော်သူကလည်း ၎င်းတို့တိုင်းအတွင်း ဖမ်းဆီးအရေးယူမှုများရှိနေကြောင်းနှင့် ရွှေဘို