မော်ဒယ်သင်းသင်းအား လိမ်လည်ထွက်ဆိုမှုဖြင့် တရားစွဲဆိုရန် ရုံးတော်သို့ လျှောက်ထား

#Latest_NEWS

◾ မော်ဒယ်သင်းသင်းအား လိမ်လည်ထွက်ဆိုမှုဖြင့် တရားစွဲဆိုရန် ရုံးတော်သို့ လျှောက်ထား

သရုပ်ဆောင် ဝေဠုကျော်က မော်ဒယ်သင်းသင်းအား လိမ်လည်ထွက်ဆိုမှုဖြင့် တရားစွဲဆိုရန် ယနေ့(ဇူလိုင် ၁၇ ရက်)တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

တရားခွင်စစ်ဆေးရာတွင် ဝေဠုကျော်ဘက်မှ ရှေ့နေက သင်းသင်းအား အပြန်အလှန် မေးမြန်းရာတွင် သင်းသင်းက လိမ်လည်ထွက်ဆိုသည်ဟုဆိုကာ တရားစွဲဆိုရန် ဆက်လက်လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ အမှုစစ်ဆေးရာတွင် ဝေဠုကျော်ဘက်မှ ရှေ့နေက တရားလို သင်းသင်းအား ယခုအမှုမတိုင်မီ ကာမလိမ်လည်မှုတစ်ခု၌ အမှုနိုင်ခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းရာ သင်းသင်းက ဟုတ်မှန်ကြောင်း ဝန်ခံထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် နစ်နာကြေး ငွေကျပ်သိန်းသုံးဆယ်ရရှိခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်မေးမြန်းရာ မရရှိခဲ့ကြောင်း သင်းသင်းက ပြန်လည်ထွက်ဆိုခဲ့သည်။

တရားခွင်အတွင်း စစ်ဆေးမှုအပေါ် မော်ဒယ်သင်းသင်းက ” အမှန်အတိုင်းပဲ ပြောသွားတာပါ။ ကိုယ်မသိခဲ့တဲ့ ကိစ္စတစ်ခုကိုတော့ ဒီနေ့ ရုံးတော်မှာ တင်တာ တကယ်မသိဘူး။ သူတို့ မေးသွားတဲ့ ပုံစံက အမှုနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ တကယ်မသိဘူး။ အရင်တုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာကို အပြန်အလှန်မှာ မေးသွားတယ်။ ဝေဠုကျော်နဲ့ ပတ်သက်တဲ့ မေးခွန်းကို တစ်ဖက်ရှေ့နေက မေးသွားတာ မဟုတ်ဘူး။ ကိုယ်နဲ့ပတ်သက်ပြီး မေးသင့်တယ်ထင်လို့ တရားရုံးက ခွင့်ပြုပေးတော့ အမဘက်ကလည်း အမှန်တွေပဲ ဖြေပေးခဲ့ပါတယ်”ဟု ရုံးချိန်းအပြီး သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

မော်ဒယ်သင်းသင်းအား တရားစွဲရန် လျှောက်ထားမှုအပေါ် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက လာမည့် ဇူလိုင် ၂၄ ရက်တွင် ကြားဖြတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ – မင်းဟိန်း/စံတော်ချိန်

စံတော်ချိန်ဝက်ဘ်ဆိုက်-http://sdtimedaily.com/

စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir

…………………………………………………

(Zawgyi Version)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top