လာမယ့် အာဇာနည်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ မှာ ထုတ်ဝေမယ့် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံ ပါ ၅၀၀ ကျပ်တန် ငွေစက္ကူပုံစံသစ် ရဲ့ ပုံသဏ္ဌာန် နဲ့ အမှတ်အသားတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ဇူလိုင်လ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်-
ဗိုလ်ချုပ်အောင် ဆန်းရုပ်ပုံ ပါ ငါးရာကျပ်တန်ငွေစက္ကူပုံစံသစ် ရဲ့ မျက် နှာစာဘက် မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ပုံ နဲ့ ကျောဘက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထား ပါတယ် ။ ငါးရာကျပ်တန် ငွေစက္ကူပုံစံသစ် အရွယ်အစား မှာ အလျား ၁၅၀ မီလီမီတာနဲ့ အနံ ၇၀ မီလီမီတာရှိပြီး ပေါ်လွင်သော အရောင်မှာ နီညိုရောင်ဖြစ် ပါတယ်။
ငွေစက္ကူဆေးသားရိုက်နှိပ်ရာ မှာ ဖောင်းကြွပုံနှိပ်နည်း စနစ် နဲ့ ရိုက်နှိပ်ထားတဲ့အတွက် ငွေစက္ကူတန်ဖိုးဂဏန်းနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားနေရာတွေ ပီပြင်ထင်ရှားတဲ့အပြင် လက် နဲ့ စမ်းသပ်ကြည့် ပါက ကြမ်းတမ်းမှု ရှိတာတွေ့ရမယ်လို့ ဆိုပါတယ်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်း နဲ့ အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းနဲ့ ဒေါင်လိုက်ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူရဲ့ မျက်နှာစာဘက်ရှိ ဘယ်/ညာအစွန်းမတွေမှာ အမြင်အာရုံအားနည်းသူတွေ အတွက် လက်နဲ့ ထိတွေ့စမ်းသပ်ကြည့်ပါက အာရုံခံသိရှိနိုင်တဲ့ ဖောင်းကြွလိုင်း တို မျဉ်းကြောင်းငယ်(၉)ကြောင်းစီ ရိုက်နှိပ်ထား ပါတယ် ။
ငွေစက္ကူပုံစံသစ်ကို အလင်းရောင် မှာ ထောင်ကြည့် ပါက ငွေစက္ကူ မျက်နှာစာ ဘက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရဲ့ လက်ဝဲဘက် မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ငွေစက္ကူရဲ့ တန်ဖိုး ဂဏန်း ၅၀၀ ရေစာကို ရှင်းလင်းစွာတွေ့မြင်နိုင်တယ်လို့ သိရ ပါတယ်။
ငွေရောင်လုံခြုံရေးကြိုးကို တစ်ဝက်ဖုံး တစ်ဝက် ပေါ် ဒေါင်လိုက်မြှပ်နှံ ထားပြီး ငွေစက္ကူမျက်နှာစာ ရဲ့ လက်ယာဘက် ရှိ မြန်မာစာသား “ငါးရာကျပ်” နံဘေး နီညိုရောင်ဧရိယာကို ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါ က အင်္ဂလိပ်အက္ခရာ “CBM” တွေကို တွေ့မြင်နိုင်တယ် လို့ ဆို ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူ ပုံစံသစ် ကို ရုံးဖွင့်ရက်ဖြစ်တဲ့ ဇူလိုင် ၂၁ ရက်က စပြီး ဘဏ်တွေကနေ ဖြန့်ဝေပေးသွား မှာဖြစ်ပြီး လက်ရှိသုံးစွဲနေတဲ့ ငါးရာကျပ်တန်ငွေစက္ကူတွေ လည်း တရားဝင်ငွေ အဖြစ် ဆက်လက်တည်ရှိနေမယ် လို့ ဗဟိုဘဏ် ထုတ်ပြန်ချက် မှာ ဖော်ပြ ပါတယ် ။
Zawgyi
ဇူလိုင် ၁၉ ရက် နေ့ ထုတ်ဝေမယ့် ဗိုလ်ချုပ် ပိုက်ဆံ ၅၀၀ တန် မှာ ဘယ် လို အမှတ်အသားတွေ ပါဝင်မလဲ..?
လာမယ့် အာဇာနည်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ မှာ ထုတ်ဝေမယ့် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံ ပါ ၅၀၀ ကျပ်တန် ငွေစက္ကူပုံစံသစ် ရဲ့ ပုံသဏ္ဌာန် နဲ့ အမှတ်အသားတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ဇူလိုင်လ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်-
ဗိုလ်ချုပ်အောင် ဆန်းရုပ်ပုံ ပါ ငါးရာကျပ်တန်ငွေစက္ကူပုံစံသစ် ရဲ့ မျက် နှာစာဘက် မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ပုံ နဲ့ ကျောဘက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထား ပါတယ် ။ ငါးရာကျပ်တန် ငွေစက္ကူပုံစံသစ် အရွယ်အစား မှာ အလျား ၁၅၀ မီလီမီတာနဲ့ အနံ ၇၀ မီလီမီတာရှိပြီး ပေါ်လွင်သော အရောင်မှာ နီညိုရောင်ဖြစ် ပါတယ်။ငွေစက္ကူဆေးသားရိုက်နှိပ်ရာ မှာ ဖောင်းကြွပုံနှိပ်နည်း စနစ် နဲ့ ရိုက်နှိပ်ထားတဲ့အတွက် ငွေစက္ကူတန်ဖိုးဂဏန်းနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားနေရာတွေ ပီပြင်ထင်ရှားတဲ့အပြင် လက် နဲ့ စမ်းသပ်ကြည့် ပါက ကြမ်းတမ်းမှု ရှိတာတွေ့ရမယ်လို့ ဆိုပါတယ်။ေ
ငွစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်း နဲ့ အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းနဲ့ ဒေါင်လိုက်ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူရဲ့ မျက်နှာစာဘက်ရှိ ဘယ်/ညာအစွန်းမတွေမှာ အမြင်အာရုံအားနည်းသူတွေ အတွက် လက်နဲ့ ထိတွေ့စမ်းသပ်ကြည့်ပါက အာရုံခံသိရှိနိုင်တဲ့ ဖောင်းကြွလိုင်း တို မျဉ်းကြောင်းငယ်(၉)ကြောင်းစီ ရိုက်နှိပ်ထား ပါတယ် ။
ငွေစက္ကူပုံစံသစ်ကို အလင်းရောင် မှာ ထောင်ကြည့် ပါက ငွေစက္ကူ မျက်နှာစာ ဘက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရဲ့ လက်ဝဲဘက် မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ငွေစက္ကူရဲ့ တန်ဖိုး ဂဏန်း ၅၀၀ ရေစာကို ရှင်းလင်းစွာတွေ့မြင်နိုင်တယ်လို့ သိရ ပါတယ်။ေ
ငွရောင်လုံခြုံရေးကြိုးကို တစ်ဝက်ဖုံး တစ်ဝက် ပေါ် ဒေါင်လိုက်မြှပ်နှံ ထားပြီး ငွေစက္ကူမျက်နှာစာ ရဲ့ လက်ယာဘက် ရှိ မြန်မာစာသား “ငါးရာကျပ်” နံဘေး နီညိုရောင်ဧရိယာကို ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါ က အင်္ဂလိပ်အက္ခရာ “CBM” တွေကို တွေ့မြင်နိုင်တယ် လို့ ဆို ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူ ပုံစံသစ် ကို ရုံးဖွင့်ရက်ဖြစ်တဲ့ ဇူလိုင် ၂၁ ရက်က စပြီး ဘဏ်တွေကနေ ဖြန့်ဝေပေးသွား မှာဖြစ်ပြီး လက်ရှိသုံးစွဲနေတဲ့ ငါးရာကျပ်တန်ငွေစက္ကူတွေ လည်း တရားဝင်ငွေ အဖြစ် ဆက်လက်တည်ရှိနေမယ် လို့ ဗဟိုဘဏ် ထုတ်ပြန်ချက် မှာ ဖော်ပြ ပါတယ် ။