မျက်မှန်သမားတွေ Mask တပ်တိုင်း မျက်မှန်အခိုးမရိုက်စေမယ့် နည်းလမ်းကောင်း (၃) ခု

COVID-19 ကူးစက်ပျံ့နှံ့မှုတွေရှိနေဆဲဖြစ်တဲ့ အခုလိုကာလမှာ အပြင်ထွက်တဲ့အခါ Mask (နှာခေါင်းစည်း) ကို မဖြစ်မနေအသုံးပြုကြရပါတယ်။ ပုံမှန်အတိုင်းဆိုရင်ကိစ္စမရှိပေမဲ့ မျက်မှန်အမြဲတပ်ရသူတွေအတွက်တော့ Mask တပ်ရတာ နည်းနည်းတော့အခက်အခဲရှိပါတယ်။ Mask တပ်လိုက်တဲ့အခါ အသက်ရှူလိုက်တဲ့အငွေ့တွေဟာ မျက်မှန်ကို သွားရိုက်တတ်တာကြောင့်ပါ။

Image Credit: VT.co

အဲဒါကြောင့် မျက်မှန်ပညာရှင်တစ်ဦးပြောပြထားတဲ့ Mask တပ်ဆင်ချိန်မှာ မျက်မှန်ကိုအခိုးမရိုက်စေမယ့် နည်လမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ မျက်မှန်နောက်မှာ Mask ကိုထားပါ

Image Credit: Miller and McClure Opticians

Mask ကို နှာခေါင်းနဲ့ကွက်တိဖြစ်အောင် ခပ်ကြပ်ကြပ်လေး အရင်တပ်ဆင်လိုက်ပါ။ မျက်မှန်ကို Mask ထိပ်နား ကိုအုပ်မိအောင် အပေါ်ကနေအုပ်ပြီးတပ်ပါ။ အဲဒါဆိုရင် မျက်မှန်ကို အသက်ရှူလိုက်တိုင်း အခိုးရိုက်တာ လျော့နည်းသွားပါလိမ့်မယ်။

၂။ တစ်ရှူးစက္ကူအသုံးပြုပါ

Image Credit: Miller and McClure Opticians

Mask ရဲ့ အပေါ်ဘက်ထိပ်နားလေးမှာ တစ်ရှူးစက္ကူခေါက်ကို အလျားလိုက်လေး အလိုက်သင့်ကပ်လိုက်ပါ။ ပြီးတဲ့အခါ မျက်နှာပေါ်မှာ အဲဒီ Mask ကိုတပ်ပါ။ အဲဒီအပေါ်ကမှ မျက်မှန်ကို အုပ်ပြီးထပ်တပ်ပါ။ အပေါ်ကနည်း နဲ့ သိပ်တော့မထူးပါဘူး။ တစ်ရှူးပါတာနဲ့ မပါတာဘဲ ကွာပါတယ်။

၃။ Mask ကြိုးကို ခေါက်တုံ့ချည်နှောင်ပါ

Image Credit: Miller and McClure Opticians

နောက်ဆုံးနည်းကတော့ Mask နဲ့ အနီးဆုံးရှိနေတဲ့နေရာက Mask ကြိုးကို ခေါက်တုံ့လေးချည်နှောင်ထားပါ။ အဲဒီနောက်မျက်နှာပေါ်တပ်ဆင်ပါ။ အဲဒီလိုကြိုးကို ခေါက်တုံ့ချည်ထားခြင်းကြောင့် Mask ရဲ့အသွင်ဟာ မျက်နှာ နဲ့ အံဝင်ခွင်ကျဖြစ်နေပြီး ကွက်တိကျနေတာကြောင့် အသက်ရှူလိုက်တဲ့လေဟာ မျက်မှန်ကိုအခိုးရိုက်ခြင်းကနေ သက်သာစေပါလိမ့်မယ်။

Image Credit: Miller and McClure Opticians

အထက်မှာဖော်ပြထားတဲ့ Mask တပ်ဆင်တဲ့အခါ မျက်မှန်အခိုးမရိုက်စေမယ့် နည်းလမ်း ၃ ခုကို ယူကေမှာရှိတဲ့ Miller and McClure Opticians က မျက်မှန်ပညာရှင် Gordon Kyle က ပြောပြပေးထားတာ ဖြစ်ပါတယ်။

Katie Scarlett
We Media

[embedded content]

Source: Vt.co, Alloa Advertiser, 9gag

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top