တိုင်းပြည်စီးပွားရေး ကျဆင်းမှုကြောင့် ထိုင်းဝန်ကြီး (၄) ဦး ရာထူးမှ နုတ်ထွက်…

ထိုင်းနိုင်ငံမှာ ယခုနှစ် စီးပွားရေးကျဆင်းခဲ့တာကြောင့် အဓိကကျတဲ့ ဝန်ကြီး (၄) ဦးနုတ်ထွက်သွားခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ အာဏာရ ပါလန်းပရာချာရတ်သ် ပါတီထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ နောက်ပိုင်းအခုလို နုတ်ထွက်မှုတွေကို တွေ့မြင်ခဲ့ရတာပါ။

နုတ်ထွက်သွားသူတွေက ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်ဒ် ဂျာတူဆရီပီတက်၊ ဘဏ္ဍာရေးဝန်ကြီး အူတမာဆဗာနာယန၊ စွမ်းအင်ဝန်ကြီးဆွန်တီရတ် ဆွန်တီဂျီရာဝေါင်၊ ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဝန်ကြီးဆူဝစ် မက်ဆင်ဆီးတို့ ဖြစ်ပါတယ်။

လက်ရှိအာဏာရ ပါလန်းပရာချာရတ်သ် ပါတီဟာ စစ်ဘက်ကခေါင်းဆောင်ပိုင်းနဲ့ တက္ကနိုခရက်တွေပါဝင်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အခုနုတ်ထွက်သွားသူတွေက ပါတီဗဟိုကော်မတီဝင် တက္ကနိုခရက်တွေဖြစ်ပါတယ်။ ပါတီအနေနဲ့ အခုနောက်ပိုင်းမှာ စစ်ဘက်နဲ့ ဆက်ဆံရေးတိုးတက်အောင် ပြင်ဆင်မှုတွေလုပ်နေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top