ကချင်ပြည်နယ်အတွင်း ရေဘေးကြောင့် တိမ်းရှောင်ခဲ့ရသည့် ယာယီစခန်း ၃၂ နေရာရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်
လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှုးရုံးမှ သိရသည်။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမှာ ၉ နေရာ၊ ဆင်ဘိုမှာ ၁ နေရာ၊ ဝိုင်းမော်မှာ ၁ နေရာ၊ ဗန်းမော်မှာ ၁၆ နေ ရာ၊ ရွှေကူမှာ ၅ နေရာ
တို့ကို စီစဉ်ထားပေးသည်ဟုသိရသည်။
“ဒီနှစ်ကကျတော့ ရေသိပ်မကြီးတော့ ရေဘေးရှောင်စခန်း ၃၂ ခုလောက်ပဲထားတာတယ်။ တစ်ချို့က ရေကျလို့ ပြန်သွားပြီ။ တစ်ချို့ ကျန်
တာက ရွှေကူ၊ ဗန်းမော်နဲ့ ဆင်ဘိုမှာပဲ ကျန်တော့တယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူး ဒေါ်
လှကေသီမာကပြောသည်။
ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ရေကြီးရေလျှံဖြစ် လာပါက ကယ်ဆယ်ရေးလုပ်
ငန်းများ လုပ်ဆောင်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်း ယခင်နှစ်က ရေကြီးရေလျှံမှုကြောင့် ရေဘေးစခန်း ၁၀၀ ကျော်ရှိခဲ့ကြောင်းသိရသည်။
(unicode)
ကချင်ပြည်နယ်အတွင်း ရေဘေးရှောင်ယာယီစခန်းပေါင်း ၃၂ ခုရှိခဲ့
……………………………………………………
မြစ်ကြီးနား၊ ဇူလိုင် ၁၇
ကချင်ပြည်နယ်အတွင်း ရေဘေးကြောင့် တိမ်းရှောင်ခဲ့ရသည့် ယာယီစခန်း ၃၂ နေရာရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်
ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှုးရုံးမှ သိရ
သည်။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမှာ ၉ နေရာ၊ ဆင်ဘိုမှာ ၁ နေရာ၊ ဝိုင်းမော်မှာ ၁ နေရာ၊ ဗန်းမော်မှာ ၁၆ နေ ရာ၊
ရွှေကူမှာ ၅ နေရာတို့ကို စီစဉ်ထားပေးသည်ဟုသိရသည်။
“ဒီနှစ်ကကျတော့ ရေသိပ်မကြီးတော့ ရေဘေးရှောင်စခန်း ၃၂ ခုလောက်ပဲထားတာတယ်။ တစ်ချို့က ရေကျလို့ ပြန်သွားပြီ။ တစ်ချို့
ကျန်တာက ရွှေကူ၊ ဗန်းမော်နဲ့ ဆင်ဘိုမှာပဲ ကျန်တော့တယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊
ကချင်ပြည်နယ် ဦးစီးမှူး ဒေါ်လှကေသီမာကပြောသည်။
ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ရေကြီးရေလျှံဖြစ် လာပါက
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်း ယခင်နှစ်က ရေကြီးရေလျှံမှုကြောင့် ရေဘေးစခန်း ၁၀၀ ကျော်ရှိခဲ့ကြောင်းသိရသည်။