သူ့ရဲ့သမီးအလိမ္မာလေးတွေ ပြောတဲ့စကားတစ်ခွန်းကြောင့် ကျေနပ်ပီတိဖြစ်နေတဲ့စမိုင်းလ်

ဘာသာရေးကိုဦးစားပေးလုပ်ကိုင်နေတဲ့စမိုင်းလ်တို့ဇနီးမောင်နှံကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်းစမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီးတရားအားထုတ်ခဲ့ပါတယ်။ သမီးလေးနှစ်ယောက်ကလည်းမိဘတွေရဲ့ဆန္ဒကိုဖြည်ဆည်းပေးပြီးအေးအေးချမ်းချမ်းလေးနဲ့ပံ့ပိုးကူညီပေးခဲ့ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံကတော့သမီးတွေအတွက် အတုယူစရာကောင်းလောက်တဲ့စံပြမိဘတွေပဲဖြစ်ပါတယ်။ လက်ရှိမှာလည်းစမိုင်းလ်က သမီးလိမ္မာလေးတွေရဲ့ပြောတဲ့စကားတစ်ခွန်းကြောင့်ကျေနပ်ပီတိဖြစ်နေရှာပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့”အကျေနပ်ဆုံးစကားကတော့သမီးတွေကတစ်နေ့ကျရင်သူတို့လည်းမာမီလိုသီလရှင်ဝတ်မယ်တဲ့ ဂတုံးနဲ့မလှလည်းအတုဝတ်အိပ်မယ်တဲ့”ဆိုပြီးစမိုင်းလ်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံရဲ့သမီးလေးတွေကတော့ မိဘတွေလိုပဲဘာသာတရားကိုကိုင်းရှိုင်းတဲ့သမီးအလိမ္မာလေးတွေပါနော်

Source:စမိုင်းလ် Smile

Zawgyi

သူ့ရဲ့သမီးအလိမ္မာလေးတွေ ပြောတဲ့စကားတစ်ခွန်းကြောင့် ကျေနပ်ပီတိဖြစ်နေတဲ့စမိုင်းလ်

ဘာသာရေးကိုဦးစားပေးလုပ်ကိုင်နေတဲ့စမိုင်းလ်တို့ဇနီးမောင်နှံကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်းစမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီးတရားအားထုတ်ခဲ့ပါတယ်။ သမီးလေးနှစ်ယောက်ကလည်းမိဘတွေရဲ့ဆန္ဒကိုဖြည်ဆည်းပေးပြီးအေးအေးချမ်းချမ်းလေးနဲ့ပံ့ပိုးကူညီပေးခဲ့ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံကတော့သမီးတွေအတွက် အတုယူစရာကောင်းလောက်တဲ့စံပြမိဘတွေပဲဖြစ်ပါတယ်။ လက်ရှိမှာလည်းစမိုင်းလ်ကသမီးလိမ္မာလေးတွေရဲ့ပြောတဲ့စကားတစ်ခွန်းကြောင့်ကျေနပ်ပီတိဖြစ်နေရှာပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့”အကျေနပ်ဆုံးစကားကတော့ သမီးတွေကတစ်နေ့ကျရင်သူတို့လည်းမာမီလိုသီလရှင်ဝတ်မယ်တဲ့ ဂတုံးနဲ့မလှလည်းအတုဝတ်အိပ်မယ်တဲ့”ဆိုပြီးစမိုင်းလ်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံရဲ့သမီးလေးတွေကတော့ မိဘတွေလိုပဲဘာသာတရားကိုကိုင်းရှိုင်းတဲ့သမီးအလိမ္မာလေးတွေပါနော်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top