သထုံ ကမ္ဘောဇဘဏ်ကနေ ငွေထုတ်လာသူအမျိုးသမီးဆီက သိန်း (၆၀) ငွေထုပ်ကို ဆိုင်ကယ်စီးလာသူက လုယက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခင်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၆၀ ထုတ်ယူလာတဲ့ အမျိုးသမီးကြီးတစ်ဦးဆီကနေ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက လုယက်ပြီး ထွက်ပြေးသွားတဲ့ဖြစ်စဉ်မှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။
“အခုလိုငွေကျပ်သိန်းခြောက်ဆယ်ကို ဆိုင်ကယ်စီးလာသူအမျိုးသားက ဇူလိုင် ၁၇ ရက်၊ မနက် ၁၀ ၃၅ မိနစ်ခန့်က လုယက်ယူငင်ကာဆိုင်ငယ်မောင်းနင်ထွက်ပြေးသွားတာဖြစ်တယ်”လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။
ငွေကျပ် သိန်းခြောက်ဆယ် လုယက်ခံရတဲ့ကိစ္စကို သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်ဖြစ်တာမှန်ကန်ပြီး အမှုကိုစစ်ဆေးမေးမြန်းနေဆဲဖြစ်တဲ့အတွက် အသေးစိတ်အချက်လက် မထုတ်ပြန်နိုင်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သထုံမြို့နယ်၊ ထုံမြို့ဂေါ့ကျော့ကျေးရွာက နေအိမ်တစ်လုံး ဖောက်ထွင်းခံခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ သထုံမြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
======================