သာယာဝတီအကျဉ်းထောင်မှာ လှူတန်းမှုတွေ သွားလုပ်မယ့် ဘုန်းလျှံ

ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က လွတ်မြောက် လာခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံတစ်ယောက် သာယာဝတီအကျဉ်းထောင်က အကျဉ်းသား တွေအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ သွားလှူတန်းမယ့် အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် ကနေတဆင့် ပြောပြပြီးနောက်ပိုင်း ကူညီထောက်ပံ့မယ့် အလှူရှင်တွေ ပေါ်လာခဲ့ပြီး ဒီအလှူလေး အထမြောက်ခဲ့ပါတယ်။

ကိုယ်တိုင်ကြုံတွေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် အကျဉ်းကျနေသူတွေရဲ့ အခက်အခဲ တွေကို သိရှိနားလည်ပြီး သူတို့အတွက် လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကို အခုလိုလုပ်ပေးတာ တကယ်ကိုဝမ်းသာစရာပါ။ ကူညီထောက်ပံ့သူတွေ အမှန်တကယ်လိုအပ်နေတဲ့ နေရာတစ်ခု ဖြစ်တာမို့ ဒီအလှူလေးဟာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုထိုက်တဲ့ အလှူပါပဲ။

လှူူတန်းမယ့်ပစ္စည်းတွေ ထုတ်ပိုးနေတဲ့ ပုံရိပ်တွေကို ” မနက်ဖြန်အလှုအတွက်ကိုယ်တိုင် လုပ်အားပေးရတာပေါ့ဗျာ ပါဝင်ကူညီ လှုတန်းပေးကြတဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်း များကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျ ” ဆိုပြီး ဘုန်းလျှံက ဝေမျှခဲ့ပါတယ်။ ကိုယ်တိုင်က လွတ်မြောက်လာခဲ့ပြီး လိမ်လိမ်မာမာနဲ့ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီ ဖြစ်ပေမယ့် ခက်ခဲခဲ့ တဲ့အချိန်တွေကို သတိတရနဲ့ အခုလိုပြန်ပြီးကူညီတာ တကယ်လေးစားစရာပါ။

Happy – Cele Zone
Photo – Bhone Hlan

(ဇော်ဂျီဖြင့်ဖတ်ရန်)

သာယာဝတီအကျဉ်းထောင်မှာ လှူတန်းမှုတွေ သွားလုပ်မယ့် ဘုန်းလျှံ

ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က လွတ်မြောက် လာခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံတစ်ယောက် သာယာဝတီအကျဉ်းထောင်က အကျဉ်းသား တွေအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ သွားလှူတန်း မယ့်အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် ကနေတဆင့် ပြောပြပြီးနောက်ပိုင်း ကူညီထောက်ပံ့မယ့် အလှူရှင်တွေ ပေါ်လာခဲ့ပြီး ဒီအလှူလေး အထမြောက်ခဲ့ပါတယ်။

ကိုယ်တိုင်ကြုံတွေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် အကျဉ်းကျနေသူတွေရဲ့ အခက်အခဲ တွေကို သိရှိနားလည်ပြီး သူတို့အတွက် လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကို အခုလိုလုပ်ပေးတာ တကယ်ကိုဝမ်းသာစရာပါ။ ကူညီထောက်ပံ့သူတွေ အမှန်တကယ်လိုအပ်နေတဲ့ နေရာတစ်ခု ဖြစ်တာမို့ ဒီအလှူလေးဟာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုထိုက်တဲ့ အလှူပါပဲ။

လှူူတန်းမယ့်ပစ္စည်းတွေ ထုတ်ပိုးနေတဲ့ ပုံရိပ်တွေကို ” မနက်ဖြန်အလှုအတွက်ကိုယ်တိုင် လုပ်အားပေးရတာပေါ့ဗျာ ပါဝင်ကူညီ လှုတန်းပေးကြတဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်း များကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျ ” ဆိုပြီး ဘုန်းလျှံက ဝေမျှခဲ့ပါတယ်။ ကိုယ်တိုင်က လွတ်မြောက်လာခဲ့ပြီး လိမ်လိမ်မာမာနဲ့ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီ ဖြစ်ပေမယ့် ခက်ခဲခဲ့ တဲ့အချိန်တွေကို သတိတရနဲ့ အခုလိုပြန်ပြီးကူညီတာ တကယ်လေးစားစရာပါ။

Happy – Cele Zone
Photo – Bhone Hlan

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top