အာဏာရှင်နောက်က လိုက်နေတဲ့ ကျိန်စာတွေ ဝဋ်ကြွေးတွေနဲ့ မပေါင်းအပ်သော အိမ်နီးချင်း

၀ဋ်တို့နောင်တတို့ဆိုတာ အာဏာရှင်တွေဆီမှာ မရှိဘူး (သို့) ကမ္ဘာပေါ်မှာ မရှိသင့်သော မပေါင်းဖက်သင့်သော ကွန်မြူနစ်တရုတ်အာဏာရှင်အစိုးရ…

မြန်မာပြည်ရဲ့ သဘာဝပတ်ဝန်းကျင်တွေကို ဖျက်စီးပြီး သူ့နိုင်ငံအတွက် အကျိုးလုပ်ခဲ့တဲ့ တရုတ်ဟာ တကမ္ဘာ လုံးကိုလည်း ဗိုင်းရက်နဲ့ဖျက်စီးပြီး လုပ်ကြံခဲ့မှုကြောင့် ယခုအခါ corona virus စတင်ရာ ဟူဘေးပြည်နယ် ဝူဟန်မြို့နဲ့ ပြည်နယ်ပေါင်း ၂၇ ခု ရေလွှမ်းမိုးခံရပြီး သဘာဝကပ်ဘေးဖြစ်ပေါ်နေမှုနဲ့အတူ အကြီးမားဆုံးသော ကမ္ဘာ့ကျိန်စာ ပြစ်ဒဏ်ကို ပြန်လည်ခံစားနေရပါပြီ

သို့ရာတွင် ဒီအ‌ခြေနေဆိုက်နေတာတောင်မှ အာဏာရှင်တို့ထုံးစံအတိုင်း ‌ဗြောင်လိမ်စားနဲ့ အောက်ကျမခံလိုမှု အရှက်တရားကင်းမဲ့ပြီး ဟန်ကိုမာန်ဖို့လိုသော အကျင့်စရိုက်များကြောင့် ချိုင်းနားကွန်မြူနစ်ပါတီ သမ္မတ ရှီကျိန်းဖျင်က မီဒီယာတွေကို ကမ္ဘာက မြင်နေရသလောက် အ‌ခြေအနေ မစိုးရိမ်ရဘူးလို့ ‌‌ပြောဆိုဖုံးဖိ‌နေ‌သေးပါတယ်

ဒီအတွက် ထိုအခြေနေအတွက်ကို ရှီတို့ ကမ္ဘာကို အကူညီမတောင်းဝံ့သလို တောင်းရဲမှာ မဟုတ်သလို ကမ္ဘာကလည်း လက်ရှိ တရုတ်အ‌ခြေနေ စရိုက်ကြောင့် လူသားခြင်းစာနာသော်ငြား အကူညီမပေးကြပဲ မျက်ကွယ်ပြု အပြစ်ပေးထားကြမည်ဟု ထင်သည် သို့ကြောင့် ယခုထိ ရှီမှ ဘယ်နိုင်ငံမှ အကူညီ မတောင်းသလို ကမ္ဘာ့နိုင်ငံများကလည်း ကူညီမှုတွေ လုပ်ဆောင်ပေးနေတာကို မတွေ့ရှိရပေ

အဘယ့်ကြောင့်ဆိုသော် ကမ္ဘ့နိုင်ငံရေးတွင် တရုတ်သည် ပတ်လည်ဖျံကျနေပြီး ရပ်တည်မှု အကျင့်စရိုက်မှာ ကမ္ဘာ့နိုင်ငံတွေအနေဖြင့် မျက်မုန်းကျိုးနေသည့်အပြင် စစ်ပွဲအသွင်သို့ ရန်စောင် ရန်လိုနေမှုများကြောင့်လည်း ဖြစ်သည်ဟု ကောက်ချက်ချနိုင်သလို ယခုလို တရုတ်၏ ကမ္ဘာကို လိမ်လည်‌နေမှု အောက်ကျမခံလိုပဲ တထီးတည်း မာန်ဝင့်နေမှုများကြောင့် ဖြစ်လိမ့်မည်ဟု သုံးသပ်မိ၏

သို့ကြောင့် အကူညီပေးချင်သော နိုင်ငံများမှ တရုတ်၏ လက်မခံ မတောင်းဆိုမှုကြောင့် မပေးနိုင်ခြင်း ဖြစ်သလို တချို့မှလည်း ရန်ဘက်နိုင်ငံများမှမူ ယခုအခြေနေကို ကြိတ်ဝမ်းသာနေမိမှာ အမှန်ပင် ဝမ်းသာနေပြီး တရုတ်ပြည် စီးပွားပျက်ကပ်နဲ့အတူ နိုင်ငံရေးရေချိန် ကျဆင်းမှု သူတို့ရည်ရွယ်မှု target ကို သဘာဝဘေးမှ ကူညီပေးပြီး ပေးမှုကြောင့် ‌ရောက်ရှိပြီး ထိုင်ကြည့် ပျော်နေမည်မှာ အမှန်ဖြစ်သည်

အဘယ့်ကြောင့်ဆိုသော် ဆုံးရှုံးမှုနှင့် ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်ဟာ ‌ငွေကုန်ကြေးကျ များပြားအုံးမည်ဖြစ်ပြီး များပြားမှုကြောင့် ကမ္ဘ့အရေးမှာ အဆင်မပြေဖြစ်နေတဲ့ တရုတ်အနေနဲ့ အတော်အကြပ်ရိုက် ဒုက္ခရောက်လိမ့်အုံးမည်ဟု ၊ မည်ဖြစ်ပြီး US လိုချင်တဲ့ နိုင်ငံရေးအခြေနေသို့လည်း ဆိုက်ရောက်လာမည် ဖြစ်ပြီး နိုင်ငံရေးအရ လက်တကမ်းအလိုသို့ ရောက်ရှိလာနိုင်မှာ ဖြစ်သည်

ထို့အတွက် US နဲ့ အချို့နိုင်ငံများမှ လူသားခြင်းစာနှာမှု အချက်အထောက်ထားများဖြင့် ကူညီမှုများပေးပြီး ပြည်သူကို တဖက်လှည့်နဲ့ ချွေးသိပ်လာနိုင်သည် ချွေးသိပ်ပြီး နိုင်ငံရေးအရတော့ ရှီတို့ကို ဖြိုဖျက်နိုင်သည်ဟု ၊ ဖြိုဖျက်ဖို့အခွင့်လမ်းများဖြင့် လုပ်ဆောင်လာနိုင်သည် ဤသို့ပြောလို့ လိမ်ညာ၍ လူသားချင်းစာနာမှုအကြောင်းပြပြီး နိုင်ငံရေးကစားမှု လိမ်ညာစာနာပြမှုဟု မဆိုလိုပေ



ထိုအခွင့်အရေးကို အသုံးချပြီး ပြည်သူကို ကျေးဇူးရှင် သဖွယ်ပုံဖမ်း လုပ်လာနိုင်သည် လုပ်ဖို့အတွက် စစ်တပ်ကို စေလွှတ်ပြီး အကူညီတွေ ပေး ဆောင်ရွက် ကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်ပေး‌နေလေပြီ ဖြစ်သည် ပေးပြီး ရှီဟာ တရုတ်ပြည်ရဲ့ အရှင်သခင် ကယ်တင်ရှင် သူရဲကောင်းဟု ယခုလိုအရာမျိုးတွေ၌ နိုင်ငံရေးနဲ့ သူ့အာဏာတည်မြဲရေးအတွက် အခွင့်ကောင်းယူပြီး ပုံဖော် လုပ်ဆောင်နေမည်ဆိုတာ အထူးပြောနေစရာမလိုပေ

တနည်းအားဖြင့်ဆိုသော် ဒါ အာဏာရှင်တို့အတွက် အထူးအခွင့်အရေးအကွက် လုပ်ရိုးလုပ်စဉ်နည်းများဖြစ်ပြီး ယခုကဲ့သို့ ဖြစ်တာတောင် သူတို့ဝမ်းသာနေကြမည်ဖြစ်ပြီး မဖြစ်ရင်တောင် တမင်ဖန်တီးကြမည်ဖြစ်သည် ဆိုတာ

သို့‌ကြောင့် လက်ရှိ ကမ္ဘာ့ရေးမှာ တရုတ်ရေကြီးမှု ဖြစ်စဉ်ကြောင့် ပိတ်ကားထက်မှာ ခဏနားနေဖွယ် ရှိနေပြီး စစ်ရေးအရ ဟန်ပြတွေလည်း တည်ငြိမ်လျက် ဖြစ်မည်ဆိုတာနဲ့ ဂျောင်ပိတ်နေတဲ့သာကောအဖို့ ဒုက္ခကို ထွက်ပေါက်တခုလို ဂယ်ပေါက်ထားပြီး အသက်ရှုချောင်နေဦးမယ်ဆိုတာ

ဘာကြောင့်ဆိုတော့ တရုတ်ဟာ ယခုအချိန် ထိုင်ဝမ်ကိုလည်း သွားစမရနဲ့ အရှေ့အလယ်ပိုင်းဒေသကို‌ ‌ခြေချပြီး တောင်ပင်လယ်နဲ့ US အရေးမှ ရှောင်လွှဲဖို့ အီရက်နဲ့မိတ်ဖက် လုပ်နေတာကိုလည်း ထရန့်က တူရကီနဲ့ပေါင်းပြီး ကြိုကာပိတ် လုပ်ထားပြန်တယ် ဒါ့အပြင် ဂျပန်ရဲ့ စစ်အားအားပြင်ဆင်နေမှုကလည်း တရုတ်နဲ့ မြောက်တို့အဖို့ အင်အားလျော့နည်း လန့်လာစရာ ဖြစ်တဲ့အတွက် တရုတ်အနေနဲ့ ရေဘေးဟာ နိုင်ငံရေးအကြပ်တည်းကို ပိုဖြစ်စေတာထက် ခဏတာ ရှောင်လွှဲလို့ ရနေအုံးမည်ဆိုတာ

အဘယ့်ကြောင့်ဆိုသော် ယခုလို ပြည်သူဘေးဒုက္ခရောက်နေချိန် ဘယ်နိုင်ငံမှ နိုင်ငံရေးအရ အနိုင်ကျင့်လို့ မသင့်လျော်ပေဘူး မဟုတ်လား ဒီအတွက် အပြန်အလှန် ပိတ်စို့အရေးယူမှုတွေလောက်သာနဲ့ပဲ နိုင်ငံရေးချိန်ခွင်လျှာကို မြင့်တင် ရှောင်လွှဲကစားနေမှာသာဖြစ်ပြီး ကစားနေကြပြီး US ကအပိတ် တရုတ်က အဖွင့်နဲ့ ထုတ်စီးထိုးသလို ဖြစ်နေတယ် လင်းယုန်က ပြေးနေတဲ့ တရုတ်ကို မေးရင်းနဲ့ ရွှေစွန်ညို ဘာလို့ဝဲ မထွေးလိုလို့ဝဲ ဆိုပြီး

ထို့အပြင် ရုရှားနဲ့တရုတ်က ဆေးရပြီကြေငြာမှ ကိုဗစ်က ကမ္ဘာ့ နိုင်ငံအဝှမ်း မြင့်တက်ပြနေခြင်းဟာ ဆေးရောင်းဖို့အတွက် ဈေးကွက် ဖန်တီခြင်းလား ၊ ဗိုင်းရက်စ့် မျိုးဗီဇပြောင်းလဲပြီး ယခု ကာကွယ်ဆေးတွေနဲ့ အဆင်ပြေကိုက်ညီမလား ဘေးထွက်ဆိုးကျိုးရှိလေမလား ဘာ‌တွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ဖွယ်ရာပါပဲ

ထို့အပြင် မြန်မာ့နိုင်ငံရေးမှာ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာကျူးလွန်ဟု လက်ခံသတ်မှတ်ရန် ကန်နိုင်ငံခြားရေးဝန်ကြီးထံ အဖွဲ့ ၅၈ ခု အိတ်ဖွင့်ပေးစာပို့ဟုဆိုရာတွင် ပြုလုပ်သူကာရကံရှင် စစ်ဗိုလ်ချုပ်တွေကို ဦးမတည်ပဲ မြန်မာနှင့် အစိုးရကို ဦးတည်ထားသောကြောင့် သူတို့ဟာ ဘာနဲ့ အလား သဏ္ဍန်တူသလဲဆိုရင်

တခုခုဖြစ်တိုင်း သူတို့လူ သူတို့ဖွဲ့စည်းထားတဲ့ သူတို့ ပါတီ ၃၂ ဌာနက ကာလုံခေါ်ပါဆိုပြီး ပြောနေ ခေါ်ခိုင်းနေသလို ဖြစ်နေပြီး ဒီအရေးအမှုဟာ တဖက်လှည့်နဲ့ မြန်မာ့ငြိမ်းချမ်းရေးကို ကူညီပေးမည်ဆိုတဲ့ သာကောရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ ရွေးကောက်ပွဲကို နှောင့်ဖို့ လုပ်‌နေသလား ပလန်စပြီလားဟု သံသယဝင်ပြီး စောင့်ကြည့်နေမိပါ၏ သို့အတွက် အရေးယူချင်သပဆိုလည်း ပြုလုပ်သူ တရားခံ စစ်ဗိုလ်ချုပ်တွေသာ အရေးယူဖမ်းစီးသွားကြပါ တနိုင်ငံလုံးက ပြောစရာမလိုအောင် ‌ထောက်ခံအားပေး‌နေပါမယ်ဟု

သို့ကြောင့် ယုတ်မာသော တရုတ်တို့အား ယခုရေကြီးမှုဖြစ်စဉ်၌လည်း မည်သို့မျှ မသနားနိုင်သည့်အပြင် ပို၍တောင် စိတ်ပျက်မိပြီး ပြိုလဲစေချင်မိတာ အမှန်ပင် အဘယ့်ကြောင့်ဆိုသော် ပြည်တွင်း၌ ချယ်လှယ်ပြီး ယခု ကမ္ဘ့အရေးမှာလည်း ယခုလို ပြည်တွင်းက္ခရောက်နေတာတောင် တရုတ်ကွန်မြူနစ်အစိုးရ၏ လုပ်ဆောင်မှုကြောင့် ၊ ရေကြီးမှုတောင် သံသယဝင်လာပြီး ဧရာဝတီမြစ်ကို အဖွင့်ပိတ်လုပ်ရုံနဲ့ ယခုလိုဖြစ်ရပ်မျိုးနဲ့ မြန်မာကို အပိုင်ချုပ်ထားမည့် တရုတ်အကွက်ကို ခေါင်းထဲ မြင်ယောင်မိရင်း

သူတို့ကိုယ်၌ သူ့ပြည်သူလူထုကို မသနားပဲ နိုင်ငံလူထုကို ချနင်းပြီး ယခုလို ဒုက္ခအကြပ်တည်း ဖြစ်နေတာတောင်မှ တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်သည်ဟု ကြေငြာပြီး US နဲ့ ကမ္ဘာကို စစ်ကြေငြာလိုက်သလို ပြုလုပ်လိုက်သောကြောင့် ယခု UK မှ စစ်သဘော်တွေ စေလွှတ်လိုက်ပြီး US မှလည်း အိန္ဒိကို စစ်လက်နက်များ ထောက်ပံ့လိုက်သောကြောင့် ကမ္ဘ့စစ်ရေး အခြေအနေဟာ ပိုမိုတင်းမာလာနေပြီဟု သတိချပ်ကြရင်း

တရုတ်ကွန်မြူနစ်အာဏာရှင်အစိုးရဟာ ဒီက အဘလူသေကောင်တွေလိုပါပဲ စနစ် ပုံသဏ္ဍန် အကျင့် စရိုက်က တူညီနေတော့ ကမ္ဘာပေါ်မှာ မရှိသင့် မပေါင်းဖက်သင့်တဲ့ ကမ္ဘာ နဲ့လူသားများအတွက် အန္တရာယ်အရှိဆုံး သူတွေဆိုတာ ‌မြေခွေးလိုသတ္တဝါဆိုတာ ကမ္ဘာကသိလို့ မျက်မုန်းကျိုးပြီး ရေကြီးမှုကို ဂရုတောင်မထားတော့ပဲ အပြတ်ရှင်းဖို့ ကြံစည် လုပ်ဆောင်လာနေကြပြီ ဆိုတာ

ဒီအတိုင်း အပြန်အလှန် ပိတ်ဆို့အရေးယူမှုနဲ့ နိုင်ငံရေးကစားမှု၌ တရုတ်ဟာ သွေးမတိုးတော့ဘူးဆိုတာနဲ့ စစ်ရေးကိုသာ သွေးတောင်းနေပြီဆိုတာ US လည်း ကောင်းကောင်း သိသွားပုံရပါတယ် ဒီအတွက် ဗိုင်းရက်စ်ဆေးလည်းရပြီဆိုတော့ တရုတ်ဘက်ကတော့ အသင့်ပါပဲ ဒီ့အတွက် US ဘာလုပ်မလဲ ကြည့်မယ် တရုတ်ကတော့ သူ့အတွက် အသင့် ထွက်ဖောက်အတွက် ချိန်သားကိုက်တွေ ကြိုတင် တွက်ဆ ပြင်ထားပြီမို့ ယခုလို ပေါ်တင်စိန်ခေါ်ရဲတာဖြစ်တယ် ယခုအနေထား စစ်ဖြစ်ရင်လည်း သူ့အကွက်ထဲ US ဝင်မယ် သူ့အကြိုက်ပါပဲ အဓိကက သူ့ပြည်သူဟာ US ကမ္ဘာဟာ သူတို့နိုင်ငံကို ဖျက်စီးသူလို့ မြင်မိစေဖို့ပဲ ဖြစ်တယ် ဒါဆိုရင် စိတ်ချ ရှီဘယ်တော့မှ ပြုတ်မကျတော့ဘူး


အခု အီသီယိုးပီးယားလည်း ယခုဖြစ်စဉ်မျိုးတွေ လာမှာပဲ ဘာကြောင့်ဆိုတော့ တရုတ်က ငွေနဲ့ဖိနှိပ်အနိုင်ကျင့်ပြီး နိုင်းလ်မြစ်ကြီးကို မောင်ပိုင်စီးပြီး ဖျက်စီးဖို့ ကြံနေပြီ မဟုတ်ပါလား ဆည်တြွေပုလုပ်ဆောက်လုပ်ခြင်းဟာ အကျိုးထက် ဆိုးကျိုးပိုများတယ်ဆိုတာ တရုတ်က လစ်လျု့ရှု့ပြီး ငွေကြေးနဲ့ စစ်ရေးအရ နိုင်ငံရေးကို ဖန်တီးလုပ်ဆောင်နေတယ်ဆိုတာ ပညာရှင်တိုင်းသိရှိတဲ့အတွက် တရုတ်အာဏာရှင်တွေကို ခုကတည်းက ကမ္ဘာက မထိန်းချုပ်ပဲ အရေးမယူပဲ လွှတ်ထားမယ်ဆို

ကမ္ဘာရဲ့ ဥပဒေသဟာ တရုတ်လက်ကိုင်တုတ် ဖြစ်သွားမယ်ဆိုတာ နိုင်ငံတိုင်းရဲ့ မြေကို တရုတ်တွေ တံခါးလာခေါက် ဝင်စရာမလိုပဲ အလိုလို ရယူပိုင်ဆိုင်နေပြီးသားဆိုတာ နိုင်ငံရေး လူမျိုးရေး နည်းပညာ ဘယ်အင်အားနဲ့ပဲကြည့်ကြည့် ပါဝါအပြည့်နဲ့ တရုတ်တို့ ချယ်လှယ်ကြတော့မည်ဆိုတာ

မြန်မာပြည်မြေပုံကို သူတို့မြေပုံထဲထည့်ထားမှုနှင့် တရုတ်စာနဲ့ လူလုပ်နေတဲ့ ၀ရဲ့ အခြေခံဥပဒေ ရေးဆွဲထားမှုကိုကြည့်ရင် တရုတ်တို့နိုင်ငံရေးအရ ဘယ်လောက် အမြတ်ထုတ် ယုတ်မာနေသလဲ နယ်ချဲ့ လုယူနေသလဲဆိုတာ သိမြင်နိုင်ပါတယ် သိမြင်ပြီး တရုတ်တို့ရဲ့ အန္တရာယ်ကို ကမ္ဘာ့ နိုင်ငံတိုင်း စိုးရိမ်ကြရမယ် သတိထားကြရတော့မယ် ဆိုတာ

သို့အပြင် ကမ္ဘာ့ပြသနာတိုင်း ပြစ်မှုတိုင်းဟာ တရုတ်ကစတဲ့ စော်ကားတဲ့ ကျုးကျော်တဲ့ အရာ အဖြစ်‌ ပြစ်မှု‌တွေချည်းပဲဆိုတာ ဖြစ်လာတော့မည်ဆိုတာ စိတ်မကောင်းစွာ မြင်ယောင်ရင်း လာမည့်ရာစုနှစ်တွေကို ခံစားရင်လေးနေမိပါ၏

သို့ကြောင့် ကမ္ဘာကြီးမှာ ဤအရာများ ချုပ်ငြိမ်းဖို့ မဖြစ်ပေါ်ဖို့ရာအတွက် အာဏာရှင်တရုတ်တို့ နာဇီလက်ပါးစေတို့လို ခေါင်းမထောင်နိုင်ပဲ ငြိမ်ကျသွားမည်ဖြစ်ပြီး ကမ္ဘာကြီးအေးချမ်းမည်ဆိုတာ ကမ္ဘာကြီး မြင်နိုင် ကြားနိုင် သိနိုင်ပါစေသား ။

[သုံးသပ်မှု အနေဖြင့်သာ]

မင်းကြည်ညိုနေ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top