သနပ်ခါးကို တနှစ်ပတ်လုံး မှိုမတက်အောင်လုပ်နည်း
သနပ်ခါးချစ်သူ အမျိုးတို့ရေ
ဒီနေ့ နေလဲသာသမို့ ဗဟုသုတ လေးတခုလုပ်ရအောင်လား။
သနပ်ခါးတွေလိမ်းမကုန်ခင် ဒီတိုင်းထားမယ့်အစား ရေ ဗွှမ်းဗွမ်းဆူတဲ့အထဲ ထည့်ပြုတ်ပြီး ခဏအကြာ ပြန်ဆယ်ရေအေးနဲ့စိမ်ပြီးပဒပ်အနုလေးနဲ့ တိုက်ဆေးရေစစ်နေလှမ်းထားလိုက်ပါ။
နေပူနဲ့ခြောက်အောင်လှမ်းနော်။သနပ်ခါးနံ့လေး မယုံနိုင်အောင်မွှေးနေတာတွေ့ရမှာပါ။ မှိုလည်း မတက်တော့ဘူးနော် တနှစ်ပတ်လုံးထားထား ရပြီနော်။ ဒီနေ့ လုပ်ဖြစ်တဲ့ ဗဟုသုတလေး အမျိုးတွေကိုမျှဝေပါတယ်နော် လုပ်ကြည့်လိုက်ပါနော်။
အန်တီစိန်
မြန်မာ့သနပ်ခါးရဲ့ အသုံးဝင်ပုံများ
နေ့စဉ်လိမ်းနေကြတဲ့ သနပ်ခါးချစ်သူလေးတွေအတွက် သနပ်ခါးရဲ့ အသုံးဝင်ပုံလေးတွေ ပြောပြမယ်နော်…။
သနပ်ခါးမှာ အသားအရည် အတွက် ကောင်းကျိုးများစွာရှိပါတယ်… ။ a n t i – i n f l a m m a t o r y နဲ့ a n t i -o x i d a n t s ဓါတ်တွေပါဝင်လို့ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပြီး၊ ဝက်ခြံနဲ့ နေရောင်ခြည်ဒဏ်ကြောင့်ဖြစ်ပေါ်သော အသားအရေ ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်…။
ဒါ့အပြင် အဆီပြန်ခြင်းကို ထိန်းပေးပြီး အမဲစက်နဲ့ အနီကွက်များကိုလည်း လျော့ချပေးပါတယ်…။ သနပ်ခါးသည် ငန်းမန်းကို နိုင်စေသည့်အပြင် အပူနာ,အအေးနာ နှစ်မျိုးလုံးတွင် သုံးနိုင်သည် ။
သနပ်ခါးအပင်၏ အရွက်၊ အသီး၊ ပင်စည်၊ အမြစ် အားလုံးသည် အသုံးဝင်သည် ဟု မြန်မာဆေးကျမ်းတို့၌ ဖော်ပြထားခဲ့သည်။ ဒါ့အပြင် အရေပြား၌ ဖြစ်တတ်သော မိတ်ဖု၊ အင်ပျဉ်၊ ယားနာတို့ ဖြစ်ခဲ့လျှင်လည်း သနပ်ခါးကို အရည်ကျဲကျဲ ရအောင်သွေးပြီး ဆားဖြင့် ရောကာ လိမ်းတတ်ကြသည်။
ငှက်ဖျား၊ ဝက်ရူးပြန်၊ နှလုံးနှင့် အစာအိမ်ရောဂါတို့ ဖြစ်ခဲ့လျှင်လည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင်သည်။ ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေး ဖော်စပ်ရာ၌လည်း သနပ်ခါးမြစ်ကို အသုံးပြုတတ်ကြသည်။
အမြစ်ကိုသွေး၍ နေ့စဉ်မှန်မှန် လိမ်းပေးပါက အသားအရေ နူးညံ့ ချောမွေ့စေ၏ဟုလည်း အဆိုရှိသည်။
ဒါကြောင့် သနပ်ခါးသည် ဆေးဖက်ဝင်ပြီး အကျိုးများစွာရှိသည့်အပြင် မိမိအသားအရည်အတွက်များစွာ အထောက်အကူပြုသော ဆေးဖက်ဝင်အပင်တစ်မျိုးပင်ဖြစ်ပါသည် ။
========================
Zawgyi

အန္တီစိန္