ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အဆိုတော်ဝိုင်းလေးကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။သူမကတော့မော်ဒယ်တစ်ယောက်ဖြစ်တဲ့အပြင် အိမ်မက်ဆုံရာကနေအဆိုတော်တစ်ယောက်အနေနဲ့ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာလည်းအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီးပရိသတ်တွေအတွက်သီချင်းအသစ်လေးတစ်ပုဒ်ကိုချပြနိုင်အောင်ကြိုးစားနသူတစ်ယောက်ပါ။
ဒီနေ့မှာတော့ဝိုင်းလေးက မကြာခင်ကျရောက်တော့မည့်သူမရဲ့မွေးနေ့အကြိုအလှူအဖြစ် ကဝမြို့လူမှုကရုဏာရှင်သန်ရေးအသင်းအတွက် လိုအပ်လျှက်ရှိသောလူနာမရန် ခွဲကဒ်တစ်ခုကို တန်ဖိုးငွေကျပ်(နှစ်သိန်းတိတိ)အားလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါအလှူလေးကိုတော့ ဝိုင်းလေးကသူမရဲ့မုန့်ဖိုးထဲကနေစုပြီးလှူဒါန်းခဲ့တာဖြစ်ကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားခဲ့ပါသေးတယ်။
ယခုလိုအမြဲတမ်းအသုံးဝင်စေဖို့ အသုံးလိုအပ်နေသူတွေအတွက်ဖြည့်ဆည်းလှူဒါန်းပေးခဲ့တဲ့ဝိုင်းလေးတစ်ယောက် အနုပညာလမ်းကြောင်းပေါ်မှာဒီထက်မကအောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source:Wint Yee Shunn
Zawgyi
ကဝမြို့လူမှုကရုဏာရှင်သန်ရေးအသင်းအတွက် လိုအပ်လျှက်ရှိသောလူနာမရန် ခွဲကဒ်တစ်ခုကိုလှူဒါန်းပေးခဲ့တဲ့ ဝိုင်းလေး
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အဆိုတော်ဝိုင်းလေးကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။သူမကတော့မော်ဒယ်တစ်ယောက်ဖြစ်တဲ့အပြင် အိမ်မက်ဆုံရာကနေအဆိုတော်တစ်ယောက်အနေနဲ့ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာလည်းအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေအတွက်သီချင်းအသစ်လေးတစ်ပုဒ်ကိုချပြနိုင်အောင်ကြိုးစားနသူတစ်ယောက်ပါ။
ဒီနေ့မှာတော့ဝိုင်းလေးက မကြာခင်ကျရောက်တော့မည့်သူမရဲ့မွေးနေ့အကြိုအလှူအဖြစ် ကဝမြို့လူမှုကရုဏာရှင်သန်ရေးအသင်းအတွက် လိုအပ်လျှက်ရှိသောလူနာမရန် ခွဲကဒ်တစ်ခုကို တန်ဖိုးငွေကျပ်(နှစ်သိန်းတိတိ)အားလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါအလှူလေးကိုတော့ဝိုင်းလေးကသူမရဲ့မုန့်ဖိုးထဲကနေစုပြီးလှူဒါန်းခဲ့တာဖြစ်ကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားခဲ့ပါသေးတယ်။
ယခုလိုအမြဲတမ်းအသုံးဝင်စေဖို့အသုံးလိုအပ်နေသူတွေအတွက် ဖြည့်ဆည်းလှူဒါန်းပေးခဲ့တဲ့ဝိုင်းလေးတစ်ယောက် အနုပညာလမ်းကြောင်းပေါ်မှာဒီထက်မကအောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။