အမေရိကန်နိုင်ငံ Scripps Research Institute ရဲ့ စမ်းသပ်လေ့လာချက်အရ ကိုဗစ်ပိုး မှာရှိတဲ့ မျိုးရိုးဗီဇ ပြောင်းလဲသွားတာ (mutation) ကိုလေ့လာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ပိုးမွှားတွေ ဟာ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ပိုမိုရှန်သန်နိုင်အောင် မျိုးရိုးဗီဇတွေကို ပြောင်းလဲတတ်ကြပါတယ်။ ပြောင်းလဲသွားတဲ့ D614G ဗီဇဟာ ကိုဗစ်ပိုးအပေါ်မှာရှိတဲ့ အချောင်းအတံ (spikes) လေးတွေကို ထွက်ပေါ်စေတဲ့ ဗီဇတစ်မျိုးပါ။ ဒီအချောင်းအတံလေးတွေရဲ့ အကူအညီနဲ့ ကိုဗစ်ပိုးဟာ ကိုယ်ခန္ဓာဆဲလ်တွေထဲကို ကပ်တွယ်ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။
ဒီလို မျိုးရိုးဗီဇပြောင်းလဲလာတဲ့အတွက် ကိုဗစ်ပိုးမှာပါရှိတဲ့ အချောင်းအတံလေးတွေ ယခင်ကထက် ၄-၅ ဆလောက် ပိုမိုထွက်ပေါ်လာပါတယ်။ ဒီလိုပိုးပုံစံပြောင်းလဲလာခြင်းရဲ့ အကျိုးဆက်အားဖြင့် ကူးစက်မှု ပိုမိုမြန်ဆန်လာနိုင်တယ်လို့ တွက်ဆထားကြပါတယ်။ ဒါကြောင့်လဲ ကိုဗစ်ကပ်ရောဂါကို အစောပိုင်းမှာ ကူးစက်မှုတွေခံရတဲ့ နိုင်ငံတွေက နောက်ပိုင်းမှ ကူးစက်တဲ့ နိုင်ငံတွေလောက် မြန်ဆန်ဆိုးရွားစွာ မဖြစ်ခဲ့တာလို့ ကောက်ချက်ချရင်လည်းရပါတယ်လို့ ဆေးပညာရှင်တစ်ဦးကပြောပါတယ်။
Ref – Med Info Myanmar, Straitimes
============================
အမေရိကန်နိုင်ငံ Scripps Research Institute ရဲ့ စမ်းသပ်လေ့လာချက်အရ ကိုဗစ်ပိုး မှာရှိတဲ့ မျိုးရိုးဗီဇ ပြောင်းလဲသွားတာ (mutation) ကိုလေ့လာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ပိုးမွှားတွေ ဟာ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ပိုမိုရှန်သန်နိုင်အောင် မျိုးရိုးဗီဇတွေကို ပြောင်းလဲတတ်ကြပါတယ်။ ပြောင်းလဲသွားတဲ့ D614G ဗီဇဟာ ကိုဗစ်ပိုးအပေါ်မှာရှိတဲ့ အချောင်းအတံ (spikes) လေးတွေကို ထွက်ပေါ်စေတဲ့ ဗီဇတစ်မျိုးပါ။ ဒီအချောင်းအတံလေးတွေရဲ့ အကူအညီနဲ့ ကိုဗစ်ပိုးဟာ ကိုယ်ခန္ဓာဆဲလ်တွေထဲကို ကပ်တွယ်ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။
ဒီလို မျိုးရိုးဗီဇပြောင်းလဲလာတဲ့အတွက် ကိုဗစ်ပိုးမှာပါရှိတဲ့ အချောင်းအတံလေးတွေ ယခင်ကထက် ၄-၅ ဆလောက် ပိုမိုထွက်ပေါ်လာပါတယ်။ ဒီလိုပိုးပုံစံပြောင်းလဲလာခြင်းရဲ့ အကျိုးဆက်အားဖြင့် ကူးစက်မှု ပိုမိုမြန်ဆန်လာနိုင်တယ်လို့ တွက်ဆထားကြပါတယ်။ ဒါကြောင့်လဲ ကိုဗစ်ကပ်ရောဂါကို အစောပိုင်းမှာ ကူးစက်မှုတွေခံရတဲ့ နိုင်ငံတွေက နောက်ပိုင်းမှ ကူးစက်တဲ့ နိုင်ငံတွေလောက် မြန်ဆန်ဆိုးရွားစွာ မဖြစ်ခဲ့တာဆ ကောက်ချက်ချရင်လည်းရပါတယ်လို့ ဆေးပညာရှင်တစ်ဦးကပြောပါတယ်။
Ref – Med Info Myanmar, Straitimes