( ဇူ လိုင် ၁၇ ) ပု ဂံရှိ ဘုရားရင်ပြင်တော်တွင် အ သုံးပြုပြီးသား ကွန်ဒုံးတစ်ခုတွေ့ရပြီး ပုဂံဘုရားတွေကို မဖျက်ဆီးကြပါနဲ့လို့ မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံ ဒေ့ဗ် (Dave Leduc)က ပြောကြားလိုက်ပါတယ်။
ပု ဂံဘုရားများ၏ အဖိုးမဖြတ်နိုင်သည့် နံ ရံဆေးရေးပန်းချီများတွင်လည်း လက်ဆော့ထားသည့် ရေး ခြစ်များတွေ့ရှိတယ်လို့ သူက ဆိုပါတယ်။
မြ န်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံ ဒေ့ဗ် (Dave Leduc )က “ဒါကတော့ ပုဂံဘုရား တစ်ဆူထဲမှာဆွဲထားတဲ့ပုံဖြစ်ပါတယ်။ အမျိုးသားနှစ်ယောက်ခါးတောင်းကျိုက်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ထိုးသတ်နေတဲ့ပုံပါ။ ဒီပုံဟာ နှစ်ပေါင်း ၁၅၀၀ ထက်မနည်းသက်တမ်းရှိပြီး တကယ်မြတ်နိုးစရာ မြန်မာ့သမိုင်းပါ။ ကျွန်တော်ကမ္ဘာ့ချန်ပီယံဖြစ်ရတာကိုအရမ်းဂုဏ်ယူပြီး လက်ဝှေ့ကိုယ်စားလှယ် တော်အဖြစ်ကမ္ဘာတစ်ဝန်းသွားနေရတာလည်း တကယ့်ကိုတာဝန်ကြီးပါတယ်။
ကျွန်တော့်ကို ဒီမှာမွေးတာမဟုတ်ပေမယ့် မြန်မာလူမျိုးတွေကြောင့် ကျွန်တော့်မွေးရပ်မြေလိုပဲ ခံစားရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ဒီပုံလေးကိုအနီးကပ်ကြည့်လိုက်တဲ့အခါ လက်ဆော့ ဖျက်ဆီးထား တာတွေ့ရတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ လူတွေညဖက်မှာ လာဖျက်သွား တယ်ထင်တယ်။
ဘု ရားရင်ပြင်ပေါ်မှာ အသုံးပြုပြီးသားကွန်ဒုံးတစ်ခုလည်းတွေ့ခဲ့ရတော့ အရမ်းအံ့အားသင့်မိတယ်ဗျာ။ ကျေးဇူးပြုပြီး မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားပေးပါဗျာ။ ပုဂံဘုရားတွေကို မဖျက်ဆီးကြဖို့ ကျွန်တော်တောင်းပန်ပါရစေ” လို့ဆိုပါတယ်။
ချ န်ပီယံဒေ့ဗ်သည် ယ ဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန ဦးစီးဌာန၏ စီစဉ်မှုဖြင့် ပုဂံကို အထူးအစီအစဉ်အနေဖြင့် ရောက်ရှိနေတာဖြစ်ပါတယ်။
သူ က “ယဉ်ကျေးမှုဝန်ကြီးဌာ န၊ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့စီစဉ်ပေးမှုနဲ့ သွားခဲ့ရတဲ့ ပုဂံအထူးခရီးစဉ်အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ပထမမြန်မာနိုင်ငံတော်ရဲ့မြို့တော်ဖြစ်ခဲ့တဲ့ပုဂံဟာ စေတီပုထိုးပေါင်း၁၀,၀၀၀ ကျော်ရှိခဲ့ပြီး အခုအချိန်ထိ စေတီပုထိုးပေါင်း ၃၈၀၀ ခန့်တည်ရှိနေဆဲပါ”လို့ ပြောကြားထားပါတယ်။