အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးကတော့ စိတ်ထားကောင်းပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ချစ်ခင်ခြင်းကို ခံရသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ယုန်လေးက သူ့ရဲ့ အတိတ်က ပတ်သက်ဖူးသူ ဆူဇီရဲ့ စကားတစ်ခွန်းကြောင့် သဘောကျမဆုံးဖြစ်ခဲ့ရပုံကို အခုလိုပဲ မျှဝေထားပါတယ်။
” Suzie လေး Sea Food ကချင်ချက် ရောင်းတယ်ဆိုလို့ိ၊ ကိုယ်တိုင်လိုက်ပို့တယ်ဆိုလို့၊ ကောင်းလည်းကောင်းတယ်ဆိုလို့ အားပေးမလို့ ဖုန်းဆက်တာ တစ်နိုင်ငံလုံးရောင်းတယ်။ နင့်ကို မရောင်းဘူး ဂွပ်တဲ့ ” ဆိုပြီး ဆူဇီနဲ့တွေ့မှ ခံလိုက်ရတဲ့ သူ့ရဲ့အဖြစ်ကို ပြောပြလာတာပဲ ဖြစ်ပါတယ်။
ယုန်လေးကတော့ တစ်ခါက ဆူဇီနဲ့ ဇာတ်လမ်းဟောင်းတွေရှိခဲ့ပေမယ့် အခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆူဇီနဲ့ ယုန်လေးရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။