မြောက်ဥက္ကလာက အဘိုး၊အဘွားလင်မယားကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တဲ့ နေဒွေး

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်နေဒွေးကတော့ အားပေးဝန်းရံသူအခိုင်အမာနဲ့ရပ်တည်နေတဲ့ မင်းသားတစ်လက်ပါ။ အလှူအတန်း မကြာခဏဆိုသလို လုပ်လေ့ရှိသူဖြစ်ပြီး ကိုဗစ်ကာလမှာလည်း ချို့တဲ့သူတွေအတွက် တတ်နိုင်သမျှ ထောက်ပံ့ကူညီခဲ့သူပါ။ မကြာသေးခင်ကမှ ချစ်ရတဲ့ အမာခံပရိသတ် Naymily လေးတွေနဲ့အတူ ကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးအဘိုးအဘွားတွေကို လစဉ်ထောက်ပံ့ပေးသွားမယ့်အကြောင်း ကြေညာခဲ့ပြီး ဒီနေ့မှာတော့ ပထမဆုံးအကြိမ်လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သူ့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ်။

” ဒီနေ့အရမ်းပျော်ပြီးပီတိဖြစ်ရတဲ့နေ့လေးပါခင်ဗျ… ကျွန်တော်နဲ့ ကျွန်တော့်ကိုချစ်ကြတဲ့ Naymily လေးတွေ ကျွန်တော့်ကိုချစ်ခင်အားပေးတဲ့ပရိသတ်များ ပိုက်ဆံစုပြီး သားသမီးမရှိဝင်ငွေမရှိတဲ့သက်ကြီးရွယ်အိုဘိုးဘွားများကို လစဉ်တစ်လတစ်ခါထောက်ပံ့ဖို့ #ဘိုးဘွားများကိုစောင့်ရှောက်ကြပါစို့ အစီအစဉ်ပထမလအဖြစ် မြောက်ဥက္ကလာ မှာနေထိုင်တဲ့ အသက် (၉၆) နှစ်အရွယ်အဖိုးအဖွားလင်မယား ကို ကျွန်တော့်ရဲ့လင်းရောင်ခြည်ပွဲရုံ မှ ဆန်တစ်အိတ် နှင် ဆီ(၃)ပိဿာ…. တစ်လစာအသုံးစရိတ်ငွေကျပ် (၈၀၀၀၀) တိတိကို ကျွန်တော်နဲ့တူတူ Naymily လေးတွေသွားရောက်လှူဒါန်းခဲ့ပါသည်ခင်ဗျ….

ဒီလိုမျိုးကုသိုလ်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ သက်ကြီးရွယ်အိုဘိုးဘွားများကို မိမိတို့၏အဖိုးအဖွား မိဘကဲ့သို့ ကိုယ်ချင်းစာတရားဖြင့် ကူညီစောင့်ရှောက်နိုင်ဖို့ နဲ့ အခုလိုကပ်ရောဂါဆိုးကြီးကျရောက်နေချိန်မှာ မပြည့်စုံတဲ့သူများကို ပြည့်စုံတဲ့သူများက #မျှဝေကူညီကြပါစို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လှူဒါန်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ…. အားလုံး(၇)ရက်သားသမီးစုပေါင်းအလှူလေးပါခင်ဗျ…. နောက်လများတွင်လည်း ထပ်ပြီး ဆင်းရဲနွမ်းပါးမပြည့်စုံတဲ့အဘိုးအဘွားများကိုရှာဖွေလှူဒါန်းသွားပါဦးမည်ခင်ဗျာ” ဆိုပြီး သူ့ရဲ့အလှူလေးကို မျှဝေဖော်ပြခဲ့ပါတယ်။ ပရိသတ်ကြီးရေ မွန်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ အဘိုးအဘွားတွေအတွက် စဉ်းစားပြီး လှူဒါန်းပေးခဲ့တဲ့ နေဒွေးနဲ့ Naymily လေးတွေရဲ့အလှူအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

credit-cele gabar

ZAWGYI

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top