မိခင်အိမ်နဲ့အဝေးတစ်နေရာကို ရောက်ရှိနေပေမယ့်လည်း ဟင်းချက်ကောင်းတဲ့ ခင်ပွန်းဖြစ်သူကြောင့် အိမ်အလွမ်းပြေနေရတဲ့ ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးကတော့ ဖခင်ဖြစ်သူ အကယ်ဒမီလွင်မိုးကြောင့် ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့ မစိမ်းသူတစ်ယောက် ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက အခုဆိုရင် အသက် (၂၂)နှစ်ကျော် အရွယ်ကိုရောက်နေပြီဖြစ်ပြီး အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားလေးကို မွေးဖွားထားတဲ့ မေမေတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီး ကလေးမိခင်တစ်ယောက်ဖြစ်သွားပေမယ့် ယွန်းဝတီလွင်မိုးကတော့ အောင်မြင်မှုတွေ ရပ်တံ့မသွားတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ ကျောင်းသွားတက်နေတာဖြစ်ပြီး အခြေချနေထိုင်နေတာပဲ ဖြစ်ပါတယ်။

မိခင်အိမ်နဲ့ အဝေးတစ်နေရာကို ရောက်ရှိနေပေမယ့်လည်း ခင်ပွန်းဖြစ်သူ ကိုထက်ဦးလှိုင်ကြောင့် မြန်မာ့ရိုးရာအစားအစာတွေကို စားသောက်ခွင့်ရရှိနေကြောင်း သူမရဲ့ အင်စတာဂရမ်စာမျက်နှာကနေ မျှဝေပြောပြထားပါတယ်။

ယွန်းဝတီလွင်မိုးကတော့ သူမနဲ့ ငယ်ငယ်ကတည်းက ကျောင်းအတူတူတက်ခဲ့တဲ့ သူငယ်ချင်းနဲ့ ဖူးစာဆုံလက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top