ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့ ရက်ပိုင်းအတွင်းမှာ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ ပြောစကားများ

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ဇူလိုင်၂၅ရက်၊ သောကြာနေ့ညပိုင်းအချိန်အသံလွင့်ရုံမှ ထုတ်လွင့်ခဲ့သော ဒေါ်ခင်ကြည်၏ “တိုင်းပြည်သို့မှာကြားချက်”

“ကျွန်မ၏ ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်မှာပဲ အခုတော့ ကျဆုံးသွားရှာပါပြီ။ ဒီတော့ကာ ကျဆုံးသွားရတဲ့ လူတွေလည်း ကျဆုံးသွားကြပြီ ဖြစ်တဲ့အတွက် ချဲ့ထွင်လို့လည်း မပြောလိုတော့ပါဘူး။ကျဆုံးတဲ့ပုဂ္ဂိုလ်များကို ချစ်ကြည်လေးစားကြရင်ဖြင့် သူတို့ရည်ရွယ်ထားတဲ့ ပန်းတိုင်အဝင်ရောက်အောင် ချမှတ်တဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ကြပါလို့ ပြောပါရစေတော့။

ကျွန်မမှာတော့ ကြီးလေးတဲ့ တာဝန်တွေကို ရှေ့ဆောင်ရှေ့ရွက်အဖြစ်နဲ့ မလုပ်နိုင်သေးလို့ နောက်ကနေပြီးတော့ပဲ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်များကို တနည်းတဖုံ ပြုစုအားပေးပြီး သူ့ရဲ့ရင်နှစ်ဖြစ်တဲ့ ကလေးများကို သူတို့ရဲ့ ဖခင်သွေးပီပီ ဖခင်လို ဖြစ်ထွန်းလာစေဖို့ ပြုစုပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။ကျွန်မနည်းတူ ကျွန်မနှင့် ကံတူအကျိုးပေး ဖြစ်ကြရတဲ့ ကျဆုံးသွားကြတဲ့ ခေါင်းဆောင်ကြီးများရဲ့ ဇနီးသည်များမှာလည်း ဝမ်းနည်းပက်လက် ဖြစ်ကြပေလိမ့်မယ်လို့သိပါရဲ့။
ဒါပေမယ့် ကျွန်မ ပြောလိုတာကတော့ သူတို့ကို တကယ်ချစ်ရိုးမှန်ရင်ဖြင့် သူတို့ချမှတ်ထားခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြစေလိုပါတယ်။ဒါမှပဲ သူတို့ကို ချစ်ရာခင်ရာ ရောက်ပါလိမ့်မယ်။

ဒီတော့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းပြီး အားပေးကြဖို့ လိုပါတယ်။ ကျွန်မတို့ တိုင်းသူပြည်သားများကလည်း ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်ကြီးများကို လေးစားတဲ့အနေနဲ့ဒေါသရှေ့ထားပြီး စိတ်လိုက်မာန်ပါ မပြုလုပ်ကြဘဲ၊ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်များရဲ့ ချမှတ်ထားခဲ့တဲ့ လမ်းစဉ်အတိုင်း တသဝေမတိမ်းလိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

ဖဆပလ အဖွဲ့ကြီးနဲ့၊ ဖဆပလ အစိုးရအဖွဲ့ကို အားလုံးထောက်ခံကြပြီး ကွယ်လွန်ရှာကြတဲ့ ခေါင်းဆောင်များရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လုံးဝလွတ်လပ်ရေး မရမနေ
ကြိုးစားအားထုတ် ကြပါလို့” သာ
တိုင်းပြည်အား အပြီးတိုင်မှာကြားခဲ့ပါတယ်ဟူ၍ ပြောကြားသွားခဲ့လေသည်။

=========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top