အပေါင်ဆိုင် အိမ်ထဲဝင်ပြီး လူလေးဦးအား ဓါးဖြင့်ထိုးမှုဖြစ်ပွားဟုဆို

#တရားခံဖမ်းဆီးမိ မှု့ခင်းအခြေအနေ

#အပေါင်ဆိုင် အိမ်ထဲဝင်ပြီး လူလေးဦးအား
ဓါးဖြင့်ထိုးမှုဖြစ်ပွားဟုဆို
=================================

နတ္တလင်း ဇူလိုင် ၁၈-၂၀၂၀

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ္တလင်းမြို့နယ်၊သာဇီရပ်ကွက်၊အပြင်သာဇီလမ်းရှိ ‘အောင်သစ္စာ’အမိန့်ရအပေါင်ဆိုင်တွင် ဒီနေ့ ဇူလိုင်
လ၁၈ရက်နေ့ နံက် ၇နာရီ၃၀မိနစဝန်းကျင်အချိန်ခန့်က အမည်မသိအမျိုးသားတစ်ဦးမှဖုန်းလာရောက်ပေါင်နှံစဉ် အိမ်ရှင်ဖြစ်သူ ဦးဝင်းဇော်နှင့်စကားများပြီး ဓါးထိုးမှုဖြစ်ပွါးရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၃ဦး ဒါဏါရာအသီးသီးရရှိခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

‘အောင်သစ္စာ’အမိန့် ရအပေါင်ဆိုင်၏‌ေနအိမ်တွင် အသက်(၄၀)နှစ်ရှိဦးဝင်းဇော်ရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာပြီး ၄င်း၏လက်ကိုင်ဖုန်း MI အမျိုးအစားအဖြူရောင်ဖုန်းကို လာရောက်ပေါင်နှံစဉ် စကားများရန်ဖြစ်ပြီးအမည်မသိအမျိုးသားက အသင့်ပါလာသော ဓါးမြှောင်ဖြင့် ဦးဝင်းဇော်၏လည်ပင်းကိုလှီးခဲ့ကြောင်း၊ထိုအချိန် ဦးဝင်းဇော်၏ နေအိမ်မီးဖိုချောင်၌ရှိနေသော ဦးဝင်းဇော်၏အစ်မနှစ်ယောက်ဖြစ်သည့်မနှင်းနှင်းနိုင်၊ မသင်းသင်းခိုင်၊ တူမဖြစ်သူ မနီနီမွန်တို့မှ ဧည့်ခန်းသို့ အော်ဟစ်ပြေးထွက်လာစဉ်၄င်းအမျိုးသားမှ ဓါးမြောင်ဖြင့်ဆက်လက်ထိုးသဖြင့်ဦးဝင်းဇော်၊ တွင် လည်ပင်းပြတ်ရှဒဏ်ရာရရှိကာနတ္တလင်းပြည်သူ့ဆေးရုံတွင် သေဆုံးသွားကြောင်း၊

အသက်(၅၀)နှစ်ရှိ မနှင်းနှင်းခိုင်တွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဆီးခုံအထက် ထိုးသွင်းဒဏ်ရာ၊ ယာဘက်နို့အုံထိုးသွင်းဒဏ်ရာ၊ ယာလက်မောင်းရင်းပြတ်ရှဒဏ်ရာရရှိပြီးအသက်(၄၆)နှစ်ရှိမသင်းသင်းခိုင်တွင် ယာဘက်နို့အုံထိုးသွင်းဒဏ်ရာပြင်းထန်/ စိုးရိမ်ရ ဒါဏ်ရာရရှိကြောင်း၊အသက်(၃၄)နှစ်ရှိ မနီနီမွန်တွင် ယာလက်မောင်း (၁)လက်မခန့်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ရင်ဘက် (၁)လက်မခန့်ပြတ်ရှ ဒဏ်ရာပြင်းထန်/ စိုးရိမ်ရဒါဏ်ရာများရရှိခဲ့ကြောင်းဓါးဖြင့်ထိုးသောအမည်မသိလူမှာ အခင်းဖြစ်နေအိမ်မှထွက်‌ေပြးသဖြင့် နတ္တလင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းလင်းခိုင်၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ခင်မောင်ချင်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင် များမှချက်ချင်းလိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ သာဇီရပ်ကွက်၊ ဇီးတောကွက်သစ်သုဿန်အတွင်းရှိ ခြုံပုတ်များအတွင်း၌ ပုန်းခိုနေစဉ်နံက်၇နာရီ၄၅ မိနစ်အချိန်ခန့်၌ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

ဓါးဖြင့်ထိုးသောလူမှာ ဇာနည်ထွန်း၊(၂၆)နှစ်၊ (ဘ)ဦးသန်းစိုး၊ ရွာမလမ်း၊ ရွာမရပ်ကွက်နေသူဖြစ်ကြောင်းသိရှိခဲ့ပြီး သက်သေခံအားရှာဖွေသိမ်းဆည်းခဲ့ရာ အခင်းဖြစ် နေအိမ် ယာဘက်ဘေးခြံစည်းရိုးအနီးမှ အသွား (၈)လက်မ၊အရိုး (၄)လက်မ၊ အရိုးအသွား (၁၂)လက်မခန့်ရှိ(ကျောရိုးငါးမန်းစွယ်ပါ)ပါးအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့်ဖြစ်စဉ်နှင့်ပါတ်သက်၍ သေဆုံး/ဒဏ်ရာရရှိအောင်ပြုလုပ်သူ ဇာနည်ထွန်းအား(ပ) ၄၉၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ အရအမှုဖွင့်လှစ်ရန် စီစဉ်ထားကြောင်းနှင့် ဒါဏ်ရာရရှိသူအမျိုးသမီး ၃ဦးအား ရန်ကုန်ဆေးရုံကြီးသို့ပေးပို့‌ေဆာင်ထားကြောင်း နတ္တလင်းမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မောင်ချင်းထံမှသိရသည်။

သတင်း ဝေဇင်ကြည်၊မိုးကြီး(နတ္တလင်း)
@bagowatchnews

ပြန်လည်ဖြန့်ဝေသည်Dar Li

========================

#တရားခံဖမ်းဆီးမိ မှု့ခင်းအခြေအနေ

#အပေါင်ဆိုင် အိမ်ထဲဝင်ပြီး လူလေးဦးအား
ဓါးဖြင့်ထိုးမှုဖြစ်ပွားဟုဆို
=================================
နတ္တလင်း ဇူလိုင် ၁၈-၂၀၂၀

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ္တလင်းမြို့နယ်၊သာဇီရပ်ကွက်၊အပြင်သာဇီလမ်းရှိ ‘အောင်သစ္စာ’အမိန့်ရအပေါင်ဆိုင်တွင် ဒီနေ့ ဇူလိုင်
လ၁၈ရက်နေ့ နံက် ၇နာရီ၃၀မိနစဝန်းကျင်အချိန်ခန့်က အမည်မသိအမျိုးသားတစ်ဦးမှဖုန်းလာရောက်ပေါင်နှံစဉ် အိမ်ရှင်ဖြစ်သူ ဦးဝင်းဇော်နှင့်စကားများပြီး ဓါးထိုးမှုဖြစ်ပွါးရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၃ဦး ဒါဏါရာအသီးသီးရရှိခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

‘အောင်သစ္စာ’အမိန့် ရအပေါင်ဆိုင်၏‌နေအိမ်တွင် အသက်(၄၀)နှစ်ရှိဦးဝင်းဇော်ရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာပြီး ၎င်း၏လက်ကိုင်ဖုန်း MI အမျိုးအစားအဖြူရောင်ဖုန်းကို လာရောက်ပေါင်နှံစဉ် စကားများရန်ဖြစ်ပြီးအမည်မသိအမျိုးသားက အသင့်ပါလာသော ဓါးမြှောင်ဖြင့် ဦးဝင်းဇော်၏လည်ပင်းကိုလှီးခဲ့ကြောင်း၊ထိုအချိန် ဦးဝင်းဇော်၏ နေအိမ်မီးဖိုချောင်၌ရှိနေသော ဦးဝင်းဇော်၏အစ်မနှစ်ယောက်ဖြစ်သည့်မနှင်းနှင်းနိုင်၊ မသင်းသင်းခိုင်၊ တူမဖြစ်သူ မနီနီမွန်တို့မှ ဧည့်ခန်းသို့ အော်ဟစ်ပြေးထွက်လာစဉ်၎င်းအမျိုးသားမှ ဓါးမြောင်ဖြင့်ဆက်လက်ထိုးသဖြင့်ဦးဝင်းဇော်၊ တွင် လည်ပင်းပြတ်ရှဒဏ်ရာရရှိကာနတ္တလင်းပြည်သူ့ဆေးရုံတွင် သေဆုံးသွားကြောင်း၊

အသက်(၅၀)နှစ်ရှိ မနှင်းနှင်းခိုင်တွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဆီးခုံအထက် ထိုးသွင်းဒဏ်ရာ၊ ယာဘက်နို့အုံထိုးသွင်းဒဏ်ရာ၊ ယာလက်မောင်းရင်းပြတ်ရှဒဏ်ရာရရှိပြီးအသက်(၄၆)နှစ်ရှိမသင်းသင်းခိုင်တွင် ယာဘက်နို့အုံထိုးသွင်းဒဏ်ရာပြင်းထန်/ စိုးရိမ်ရ ဒါဏ်ရာရရှိကြောင်း၊အသက်(၃၄)နှစ်ရှိ မနီနီမွန်တွင် ယာလက်မောင်း (၁)လက်မခန့်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ရင်ဘက် (၁)လက်မခန့်ပြတ်ရှ ဒဏ်ရာပြင်းထန်/ စိုးရိမ်ရဒါဏ်ရာများရရှိခဲ့ကြောင်းဓါးဖြင့်ထိုးသောအမည်မသိလူမှာ အခင်းဖြစ်နေအိမ်မှထွက်‌ပြေးသဖြင့် နတ္တလင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းလင်းခိုင်၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ခင်မောင်ချင်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင် များမှချက်ချင်းလိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ သာဇီရပ်ကွက်၊ ဇီးတောကွက်သစ်သုဿန်အတွင်းရှိ ခြုံပုတ်များအတွင်း၌ ပုန်းခိုနေစဉ်နံက်၇နာရီ၄၅ မိနစ်အချိန်ခန့်၌ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

ဓါးဖြင့်ထိုးသောလူမှာ ဇာနည်ထွန်း၊(၂၆)နှစ်၊ (ဘ)ဦးသန်းစိုး၊ ရွာမလမ်း၊ ရွာမရပ်ကွက်နေသူဖြစ်ကြောင်းသိရှိခဲ့ပြီး သက်သေခံအားရှာဖွေသိမ်းဆည်းခဲ့ရာ အခင်းဖြစ် နေအိမ် ယာဘက်ဘေးခြံစည်းရိုးအနီးမှ အသွား (၈)လက်မ၊အရိုး (၄)လက်မ၊ အရိုးအသွား (၁၂)လက်မခန့်ရှိ(ကျောရိုးငါးမန်းစွယ်ပါ)ပါးအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့်ဖြစ်စဉ်နှင့်ပါတ်သက်၍ သေဆုံး/ဒဏ်ရာရရှိအောင်ပြုလုပ်သူ ဇာနည်ထွန်းအား(ပ) ၄၉၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ အရအမှုဖွင့်လှစ်ရန် စီစဉ်ထားကြောင်းနှင့် ဒါဏ်ရာရရှိသူအမျိုးသမီး ၃ဦးအား ရန်ကုန်ဆေးရုံကြီးသို့ပေးပို့‌ဆောင်ထားကြောင်း နတ္တလင်းမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မောင်ချင်းထံမှသိရသည်။

သတင်း ဝေဇင်ကြည်၊မိုးကြီး(နတ္တလင်း)
@bagowatchnews

ပြန်လည်ဖြန့်ဝေသည်Dar Li

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top