[Zawgyi]
ထိုင်းအစိုးရကတော့ ကိုဗစ် ( Covid ) ကာလမှာ တစ်ပူပေါ် နှစ်ပူမက အပူပေါင်းများစွာဆင့်ပြီ
Covid ကာလအတွင်းအဆင့်ဆင့်ဖြေလျော့မှုတွေ အောင်မြင်လာပြီး ခရီးသွားလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်တော့မည့်အခြေအနေတွေကို ရောက်လုလုဆဲမှာဘဲ အစိုးရအတွက် ကံကြမ္မာဆိုးစဝင်တော့တာပါဘဲ ။ဇူလိုင်လ ၈ ရက်နေ့က လရောင်းမြို့ ၊ အူတဖောင်း နိုင်ငံတကာလေဆိပ်အသစ်ကနေ ထိုင်းနိုင်ငံကို အလည်အပတ်လာကြတဲ့ အီဂျစ်စစ်သံအဖွဲ့ အရာရှိစစ်သည် ၃၁ ဦးကို ပြည်ဝင်ခွင့်ပြုပြီး VIP အဖြစ် Q မဝင်စေဘဲ စင်ထရယ်တစ်ခုရဲ့ ဟိုတယ်မှာတည်းခွင့်ပြုလိုက်ပါတယ်။
အဲ့ဒီအထဲမှာ Covid -19 ရောဂါပိုးကူးစက်လာသူပါလာတဲ့အတွက် လရောင်းမြို့ဟာ အားလုံးသိကြတဲ့အတိုင်း အခြေအနေတွေဟာရုတ်ချည်းပြောင်းလဲကုန်ပြီး ပြည်သူတွေစတင်ပေါက်ကွဲကြတော့တာဘဲ ။ ဟိုတယ်လုပ်ငန်းရှင်တစ်ချို့ပြည်တွင်းခရီးသွားများ ဟိုတယ် ဘွတ်ကင်တွေ ဖျက်သိမ်းလိုက်ရပါတယ် ။ ကျောင်းပေါင်း ၁၂၇ ခုကိုချက်ချင်းပိတ်လိုက် ပလာဇာဈေးတွေလည်းယာယီပိတ်လိုက်ရပါတယ် ၊ ပြီးခဲ့တဲ့၂ ရက်က ဝန်ကြီးချုပ်ကိုယ်တိုင်သွားရောက်စစ်ဆေးစဉ် ဝန်ကြီးချုပ်ကိုဆန္ဒပြတဲ့ကျောင်းသားနှစ်ဦး ရဲကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ် ။
ဒီနေ့မှာတော့ ထိုင်းနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ဥက္ကဌ Miss JuthaTip ဦးဆောင်ကာ သောင်းချီတဲ့လူအုပ်ကြီးဟာ ဘန်ကောက်မြို့ အစိုးရဝန်ကြီးများရုံးစိုက်ရာနှင့်အနီးတဝိုက် ရတ်ချဒမ်းနုမ်း လမ်းမပြီးက ဒီမိုကရေစီကျောက်တိုင်တွင် တာဝန်ယူမှု တာဝန်ခံမှုဝန်ကြီးချုပ်အား ထွက်သွားရန်ဆန္ဒပြုကြပြီး အချက် ၃ ချက်ကိုတောင်းဆိုလိုက်ပါတယ်
၁ ။ အခြေခံဥပဒေမှုကြမ်းအသစ်ရေးဆွဲရေး
၂ ။ ပြည်သူအားနှောင့်ယှက်တားဆီးခြင်းမှ ရပ်တန့်ခြင်း
၃ ။ ပါလီမန်ဖျက်သိမ်းပေးရေး
စသည့်အချက်အလက်များကိုတောင်းဆိုလိုက်ကြသလို ဝန်ကြီးပရွတ် ကျန်အိုချာ အား ” ထွက်သွား ” ထွက်သွားဆိုသည့်ကြွေးကြော်သံများ စဉ်ဆက်ပြတ်ပြိုင်တူအော်ဟစ်ခဲ့ကြပါသည် ။ စီးပွားရေးထိခိုက်မှုနဲ့ လူထုစားဝတ်နေရေးအတွက် ဘယ်လို ဖြေရှင်းမလဲဆိုတဲ့မေးခွန်းတွေကိုလည်းတိုက်ရိုက်ထုတ်လွှင့် မှုမှာမေးမြန်းခဲ့ကြပါတယ် ။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အစိုးရတစ်ဖွဲ့လုံးလိုအပ်ရင် ဆင်းပေးဘို့ကိုလည်း ဆန္ဒပြခေါင်းဆောင်တစ်ချို့ဟာ ဟောပြောခဲ့ကြပါတယ် ။
ဆန္ဒပြတဲ့အဖွဲ့ဟာ ညလုံးပေါက် ငြိမ်းချမ်းစွာဆန္ဒပြကြမယ် လို့သိရှိရပါတယ် ၊ လုံခြုံရေး ရဲတပ်ဖွဲ့များခွင့်ပြု သတ်မှတ် ထားတဲ့ဘောင်ထဲကနေဆန္ဒပြကြမယ်လို့သိရပါတယ် ။ယခင်ကဖမ်းဆီးထိန်းသိမ်းခံထားရသူ တစ်ချို့ရဲ့ ဓါတ်ပုံဗီနိုင်းတွေကိုလည်းကိုင်ဆောင်ထားကြပါတယ် ။ လရောင်းမြို့ဖြစ်စဉ်နှင့်ပါတ်သက်ပြီး “အစိုးရ ” ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းအတွက် တိုင်းပြည်အား တာဝန်အရှိဆုံး ဝန်ကြီးချုပ်ရဲ့နှုတ်ဖျားက တရားဝင်မတောင်းပန်တာဟာ ဘာသဘောလဲ ? ဆိုတဲ့မေးခွန်းတွေလည်းမေးခဲ့ကြပါတယ်
စီမံခန့်ခွဲ့မှုမတတ်ရင် ခေါင်းဆောင်လုပ်နေလည်းအလကားဘဲ ” ထွက်သွား ” လိုက်တော့လို့ အော်ဟစ်နေခဲ့ကြပါတယ်…ငိုချင်လျှက်နဲ့ လက်တို့..ထိုင်းနိုင်ငံရေးဟာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ရပါအုံးမည်..
Photo #Credit
#SiThuMaung
[Unicode]