အချိန်ကာလနဲ့ ကိုက်ပြီး သင်္ကန်းဆိုင်ကြီးတွေ ထည့်တဲ့ “ဂျင်း” (ဝါဆိုသင်္ကန်းကပ်မယ့်သူများ)

ဒီနှစ်မှာလည်း ဝါဆိုသင်္ကန်းလေးတော့ ရပါရဲ့ ဒါပေမယ့်…… ဝတ်လို့ရတာက တစ်စုံမှ မပါဘူး.. ယိုးဒယားစီဝိုင်စီ၊ အင်ဒိုနီးရှားစီဝိုင်စီ၊ စင်္ကာပူစီဝိုင်စီ မလေးရှားစီဝိုင်စီ၊ နာမည်အမျိုးမျိုးတပ် (အထင်မကြီးမှာ စိုးလို့ထင်ပါရဲ့ မြန်မာစီဝိုင်စီ လို့တော့ နာမည်တပ်တာ မတွေ့ရဘူး) ဖြတ် ညှပ် ကပ်ရောင်း နောက်ဆုံး သင်္ကန်းဆိုင်တွေပဲ အိတ်ဖောင်းသွားတယ်…

ဒကာ,ဒကာမတွေက ”ဂျီးမများနဲ့ လှူတာဝတ်” လို့တော့ သဘောမထားကြရှာပါဘူး.. မကျွမ်းကျင်တဲ့ သင်္ကန်းဘာသာရပ်မှာ သဒ္ဓါတရားကို ခုတုံးလုပ်ပြီး သက်သက်မဲ့ စီးပွားရေးသမားတွေရဲ့ ဂျင်းအကြီးစား ထည့်ခံနေကြရရှာတယ်။ ဆိုင်ကနေ ၃-သောင်းပေးပြီး ဝယ်ခဲ့ရတဲ့ သင်္ကန်းက ဝတ်လိုက်ရင် –တန်းလန်း မြင်နေရတယ်။ ဝတ်မရလို့ ပြန်ရောင်းပြန်တော့ ၃ ထောင်/ ၄ ထောင်ပဲရတယ်။

ဒါတောင် တောင်းတောင်းပန်ပန်နဲ့ ရောင်းရတာ ၃/၄ ထောင်တန်ကို သင်္ကန်းဆိုင်တွေက ၂-သောင်းကျော်နဲ့ရောင်း ၁-သောင်းတန်ကို ၃-သောင်းကျော်နဲ့ရောင်း ၂-သောင်းတန်ကို ၅-သောင်းကျော်နဲ့ရောင်း ဒကာ,ဒကာမတွေက မသိရှာတော့ ဂျင်းမိ.. အဲဒီဂျင်းတွေလာလှူကြ လှူတဲ့ဂျင်းတွေ စုပုံလာတော့ ကျောင်းတွေက မတန်မရာဈေးနဲ့ ပြန်ထုတ်ရ သင်္ကန်းဆိုင် ပြန်ရောက်..

ကထိန်ရာသီရောက်တော့ ဒကာ,ဒကာမတွေ ဂျင်းထပ်ထည့်ခံရ.. တစ်ခါ အဲဒီဂျင်းတွေက ကျောင်းပြန်လာစု ဒီလိုနဲ့ သံသရာလည်နေတာ နောက်ဆုံးတော့ ဂျင်းကြိုက်တဲ့ သင်္ကန်းဆိုင်တွေကပဲ အမြတ်ထွက်သွားကြတယ်။

======================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top