အီရန်တွင် လူ ၂၅ သန်း ကိုဗစ် ကူးစက်ခံထားရဟု အီရန်သမ္မတပြော၊ တကမ္ဘာလုံးထက် ပိုများနေ…
အီရန်နိုင်ငံမှာ Covid-19 ကူးစက်ခံရသူဦးရေ ၂၅ သန်းမျှရှိပြီး နောက်ထပ် ၃၅ သန်းကလည်း ကူးစက်နိုင်ခြေများတဲ့ အခြေအနေမှာရှိနေတယ်လို့ အီရန်သမ္မတဟက်ဆန်ရူဟာနီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အသစ်ပေါ်အခြေခံပြီး သမ္မတရူဟာနီရဲ့ရုပ်သံမိန့်ခွန်းမှာ အခုလိုထုတ်ဖော်ပြောကြားထားခဲ့တာဖြစ်ပါတယ်။
ဇူလိုင်လ ၁၈ ရက်မှာ တရားဝင်ထုတ်ပြန်ထားတဲ့ကူးစက်သူပမာဏ ၂၆၉,၄၄၀ ဦးထက် အဆပေါင်းများစွာ ပိုများလာတာဖြစ်ပေမယ့် အခုလိုကူးစက်သူဦးရေကွာဟခြားနားသွားတာနဲ့ပတ်သက်ပြီး သမ္မတရူဟာနီက အသေးစိတ်ပြောကြားသွားခဲ့ခြင်းမရှိပါဘူး။
လူဦးရေ သန်း ၈၃ နေထိုင်တဲ့ အီရန်နိုင်ငံက ကပ်ရောဂါထိခိုက်မှုအများဆုံး အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်လာခဲ့တာပါ။
“ကျွန်တော်တို့ခန့်မှန်းတွက်ချက်မှုအရ လက်ရှိမှာ အီရန်နိုင်ငံသား ၂၅ သန်း ဗိုင်းရပ်စ်ကူးစက်ခံထားခဲ့ရပြီး သေဆုံးသူ ၁၄၀၀၀ မျှ ရှိခဲ့ပါပြီ” လို့ သမ္မတရူဟာနီရဲ့မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။ “နောက်ထပ်ကူးစက်သွားနိုင်ခြေရှိနေတဲ့ လူဦးရေက သန်း ၃၀ ကနေ ၃၅ သန်းကြားရှိနေနိုင်တယ်” လို့လည်း ၎င်းက ဆိုပါတယ်။
ဆေးရုံတက်ကုသမှုခံရသူစုစုပေါင်းက ၂ သိန်း ကျော်သွားခဲ့ပါပြီလို့လည်း သမ္မတရူဟာနီက ပြောကြားသွားခဲ့ပါတယ်။
ဇူလိုင်လ ၁၇ ရက်မှာ Covid-19 ကူးစက်မှုကြောင့် အီရန်နိုင်ငံရဲ့သေဆုံးသူဦးရေ ၁၃,၇၉၁ ဦးရှိခဲ့ပြီလို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။
########################