အာဇာနည်နေ့အတွက် ဂုဏ်ပြုသီဆိုလိုက်တဲ့ အေးမြဖြူ ရဲ့ မြန်မာသံစဉ်သီချင်းလေး

မြန်မာအိုင်ဒေါ Season-4 Top 3 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ မြန်မာသံပိုင်နိုင်တဲ့ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိခဲ့သူပါ။ ငယ်ရွယ်သေးပေမယ့် အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်း၊ဘက်ပေါင်းစုံမှာ အနုပညာအရည်အသွေးပြည့်ဝသူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။

အေးမြဖြူကတော့ မကြာခဏဆိုသလို မြန်မာသံစဉ်သီချင်းလေးတွေကို Cover သီဆိုကာ ပရိသတ်တွေကို မျှဝေပေးလေ့ရှိပြီး ဒီနေ့မှာကျရောက်တဲ့ အာဇာနည်နေ့အတွက် ဂုဏ်ပြုတေးသီချင်းလေးဖြစ်တဲ့ တေးသံရှင် မေလှမြိုင်သီဆိုထားတဲ့ “အလေးပြုပါတယ်” သီချင်းလေးကိုလည်း ကာဗာသီဆိုကာ မျှဝေပေးခဲ့ပြန်ပါတယ်။ ဒီနေ့ကတော့ မြန်မာတစ်မျိုးသားလုံးမမေ့အပ်တဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ (၇၃) ကြိမ်မြောက်အာဇာနည်နေ့ဖြစ်ပြီး အေးမြဖြူကတော့ သီချင်းလေးနဲ့ ဂုဏ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

အေးမြဖြူကတော့ ” မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမီး ဒီသီချင်းလေးကို အိမ်မှာပဲ စန္ဒရားဆရာ ကိုကြီး ရဲမင်းဟန်ရောက်တုန်းလေး ဆိုလိုက်ပါတယ်” လို့ရေးသားကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာသံပိုင်နိုင်ပြီး မူရင်းတေးသီချင်းရဲ့အနှစ်သာရမပျက်အောင် အကောင်းဆုံး Cover ပြန်လည်သီဆိုထားတဲ့ အေးမြဖြူရဲ့ “အလေးပြုပါတယ်” ဆိုတဲ့သီချင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

credit-cele gabar

ZAWGYI

အလေးပြုပါတယ် – အေးမြဖြူ

“အလေးပြုပါတယ်”မူရင်းတေးဆို – မေလှမြိုင်တေးရေး – ဂီတာတင်အုန်း စန္ဒရား – ရဲမင်းဟန်မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမီး ဒီသီချင်းလေးကို အိမ်မှာပဲ စန္ဒရားဆရာ ကိုကြီး ရဲမင်းဟန်ရောက်တုန်းလေး ဆိုလိုက်ပါတယ် ????????

Posted by AYE MYA PHYU on Saturday, 18 July 2020
အေးမြဖြူကတော့ မကြာခဏဆိုသလို မြန်မာသံစဉ်သီချင်းလေးတွေကို Cover သီဆိုကာ ပရိသတ်တွေကို မျှဝေပေးလေ့ရှိပြီး ဒီနေ့မှာကျရောက်တဲ့ အာဇာနည်နေ့အတွက် ဂုဏ်ပြုတေးသီချင်းလေးဖြစ်တဲ့ တေးသံရှင် မေလှမြိုင်သီဆိုထားတဲ့ “အလေးပြုပါတယ်” သီချင်းလေးကိုလည်း ကာဗာသီဆိုကာ မျှဝေပေးခဲ့ပြန်ပါတယ်။ ဒီနေ့ကတော့ မြန်မာတစ်မျိုးသားလုံးမမေ့အပ်တဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ (၇၃) ကြိမ်မြောက်အာဇာနည်နေ့ဖြစ်ပြီး အေးမြဖြူကတော့ သီချင်းလေးနဲ့ ဂုဏ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

အေးမြဖြူကတော့ ” မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမီး ဒီသီချင်းလေးကို အိမ်မှာပဲ စန္ဒရားဆရာ ကိုကြီး ရဲမင်းဟန်ရောက်တုန်းလေး ဆိုလိုက်ပါတယ်” လို့ရေးသားကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာသံပိုင်နိုင်ပြီး မူရင်းတေးသီချင်းရဲ့အနှစ်သာရမပျက်အောင် အကောင်းဆုံး Cover ပြန်လည်သီဆိုထားတဲ့ အေးမြဖြူရဲ့ “အလေးပြုပါတယ်” ဆိုတဲ့သီချင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top