၁၉ ဇူလှိုင်မနေ့နိုင်ဆိုသလိုပါပဲလားကလေးရယ်
အာဇာနည်နေ့ မွေးဖွားသော ချစ်သားလေး မောင်ဟန်ဇော်ထက်၏(၁)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဖေဖေမေမေ မိသားစုနှင့်အတူ စဉ့်ကူးမြို့နယ်၊ငွေတောင်ကျေးရွာအနီး၊ရေလယ်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းကုသိုလ် ပို့ဆောင်ခဲ့ရာ လိုက်ပါလာသူ (၈)ဦးအနက် (၃)ဦးသည် ဘုန်းတော်ကြီးကျောင်းသို့ လှေဖြင့် အလျင်ပို့ဆောင်ခဲ့ပြီး၊ ကျန်(၅)ဦးပို့ဆောင်စဉ် ရေလယ်တွင် လှေမှောက်ခဲ့ကြောင်းနှင့် လှေပေါ်တွင် လိုက်ပါစီးနင်းလာသော မိခင် မစောမွန်အေး အသက်(၂၈)နှစ်နှင့် သားဖြစ်သူ မောင်ဟန်ဇော်ထက်တို့မှာ ရေအောက်တွင် ပျောက်ဆုံးသွားခဲ့ပါသည်။ သားဖြစ်သူ(၁)နှစ်သား ကလေးငယ်အား အလျင်ဦးဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး၊မိခင်ဖြစ်သူကို ဆက်လက်ရှာဖွေရန် လောကဟိတလူမှုကူညီရေးအသင်းသို့ အကူအညီတောင်းခံခဲ့ပါသည်။
ရေအနက်ပေ(၂၀)ကျော်ရှိပြီး အင်းရေပြင်ဖြစ်ခြင်း၊လေတိုက်၍ အင်းလှိုင်းကြီးခြင်းတို့ကြောင့် (19-7-2020)ရက်နေ့ နံနက် (၉:၄၅)အချိန်မှ ဒေသခံပြည်သူများဖြင့် ပူးပေါင်း၍ စတင်ရှာဖွေခဲ့ရာ နေ့ (၁၂:၂၀)အချိန်တွင် မိခင်ဖြစ်သူ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပါသည်။
၁၉- ဇူလှိုင်မမေ့နိုင်တဲ့နေ့မှာမွေးတဲ့ချစ်သားလေးနဲ့မိခင်တို့ ကောင်းရာဘုံဘဝ ရောက်ပါစေကြောင်း စိတ်မကောင်းခြင်း များစွာဖြင့် ဆုတောင်းလိုက်ပါသည်။
Chit Kaung
လောကဟိတလူမှုကူညီရေးအသင်း-လက်ပန်လှ
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဥက္ကဌ-စဉ့်ကူးမြို့နယ်)
09 444 192 192