တစ်ဦးတည်းသာ သက်ရှိထင်ရှား ကျန်တော့သည့် အာဇာနည်ခေါင်းဆောင်တစ်ဦး၏ ဇနီး

တစ်ဦးထဲသာကျန်ရှိတော့သည့်အာဇာနည်ခေါင်းဆောင်ဦးအုန်းမောင်၏ ဇနီးဖွားဖွားဒေါ်သိန်းကြွယ်

အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးထဲက သားသမီးမြေးမြစ်အနေနဲ့မဟုတ်ဘဲ ဇနီးမယားအဖြစ် သက်ရှိကျန်ရှိနေတာ တစ်ဦးပဲရှိပါတော့တယ်။

သူမကတော့ အသက် (၉၅) နှစ်အရွယ် ဖွားဖွားဒေါ်သိန်းကြွယ်ဖြစ်ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးကတော့ သူမထက်အသက် (၁၀)နှစ်ကြီးတဲ့ အတွင်းဝန် ဦးအုန်းမောင်ပါ။

သူဟာ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်(၂)နှစ်ကြီး၍၁၉၁၃ ခုနှစ် ဇနဝါရီဖွားဖြစ်ပါတယ်။

အတွင်းဝန်ဦးအုန်းမောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူတစ်ရက်ထဲ ၁၉၄၇ ခုနှစ် ၁၉ ဇူလိုင်နေ့မှာ ဂဠုန်ဦးစောရဲ့လုပ်ကြံမှုနဲ့ ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။

ဖွားဖွားကြီးဒေါ်သိန်းကြွယ်ကျမ္မာချမ်းသာပါစေ……။အိန်ဂျယ်

အာဇာနည် ဦးအုန်းမောင်(၁၉၁၃-၁၉၄၇)

ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ချ်ဒဗလျူတရပ်(တ်)ဝိန်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်းအောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့််အပ်ခြင်းခံရသည်။၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရသည်။

အာဇာနည် ခေါင်းဆောင်ကြီးများနှင့် အတူ အတွင်းဝန် ဦးအုန်းမောင် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သိန်းကြွယ်နှင့် သားများ ကိုတင်မောင်သိန်း၊ ကိုကိုလှ၊ မောင်မင်းမြင့်တို့ ကျန်ရစ်သည်။

”အဖေ ကျဆုံးချိန်မှာ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှာ အတွင်းဝန်ပါ။ အဲဒါမတိုင်မီကတော့ မြစ်ကြီးနားမှာ တိုင်းမင်းကြီးပါ။

အဖေက မြစ်ကြီးနားမှာ နေခဲ့တော့ ပင်လုံညီလာခံလုပ်ဖို့အတွက် ဗိုလ်ချုပ်ရဲ့ညွှန်ကြားချက်အရ ကချင်ခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင်ကို အဖေကဖိတ်ခေါ်ခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့တယ်။

တွေ့ဆုံဆွေးနွေးမှု အောင်မြင်ခဲ့တဲ့အတွက် ကချင်ခေါင်းဆောင်ကြီးက အမှတ်တရ ကချင်ရိုးရာဓားတစ်ချောင်း အဖေ့ကိုလက်ဆောင်ပေးခဲ့တယ်။ အဖေနဲ့ ဆမားဒူးဝါးဆင်ဝါးနောင်က တော်တော်ရင်းနှီးတယ်လို့ သိရပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ အဖေကျဆုံးသွားခဲ့ပါတယ်”ဟု အာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန်ဦးအုန်းမောင်၏သားဖြစ်သူ ဒေါက်တာမင်းမြင့်က ပြောသည်။အာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန်ဦးအုန်းမောင် ကျဆုံးခဲ့ရမှုကလည်း ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက်တွင် ကျင်းပသည့် ဝန်ကြီးများအစည်းအဝေးသို့ အမှန်တကယ် တက်ရောက်ရမည့်သူမှာ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်သူ စောစံဖိုးသင် ဖြစ်သော်လည်း ခရီးလွန်နေ၍ အတွင်းဝန် ဦးအုန်းမောင်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ရခြင်းဖြစ်သည်။

ဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ်အတောအတွင်း၌လည်း အတွင်းဝန်ဦးအုန်းမောင်သည် နံနက် ၁ဝ နာရီ ၃၅ မိနစ်အရောက်မှ အလှည့်ကျ၍ အစည်းအဝေးခန်းမသို့ ဝင်ရောက်ခဲ့ရာ နှစ်မိနစ်အကြာတွင် မသမာသူ လူတစ်စုက ဝင်ရောက်လုပ်ကြံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ခရစ်ဒစ်

Unicode

တစ်ဦးထဲသာကျန်ရှိတော့သည့်အာဇာနည်ခေါင်းဆောင်ဦးအုန်းမောင်၏ ဇနီးဖွားဖွားဒေါ်သိန်းကြွယ်

အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးထဲက သားသမီးမြေးမြစ်အနေနဲ့မဟုတ်ဘဲ ဇနီးမယားအဖြစ် သက်ရှိကျန်ရှိနေတာ တစ်ဦးပဲရှိပါတော့တယ်။

သူမကတော့ အသက် (၉၅) နှစ်အရွယ် ဖွားဖွားဒေါ်သိန်းကြွယ်ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းသည် အာဇာနည်ခေါင်းဆောင်ကြီးကတော့ သူမထက်အသက် (၁၀)နှစ်ကြီးတဲ့ အတွင်းဝန် ဦးအုန်းမောင်ပါ။

သူဟာ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်(၂)နှစ်ကြီး၍၁၉၁၃ ခုနှစ် ဇနဝါရီဖွားဖြစ်ပါတယ်။

အတွင်းဝန်ဦးအုန်းမောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူတစ်ရက်ထဲ ၁၉၄၇ ခုနှစ် ၁၉ ဇူလိုင်နေ့မှာ ဂဠုန်ဦးစောရဲ့လုပ်ကြံမှုနဲ့ ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။

ဖွားဖွားကြီးဒေါ်သိန်းကြွယ်ကျမ္မာချမ်းသာပါစေ……။အိန်ဂျယ်

အာဇာနည် ဦးအုန်းမောင်(၁၉၁၃-၁၉၄၇)

ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ချ်ဒဗလျူတရပ်(တ်)ဝိန်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်းအောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့််အပ်ခြင်းခံရသည်။၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရသည်။

အာဇာနည် ခေါင်းဆောင်ကြီးများနှင့် အတူ အတွင်းဝန် ဦးအုန်းမောင် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သိန်းကြွယ်နှင့် သားများ ကိုတင်မောင်သိန်း၊ ကိုကိုလှ၊ မောင်မင်းမြင့်တို့ ကျန်ရစ်သည်။

”အဖေ ကျဆုံးချိန်မှာ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှာ အတွင်းဝန်ပါ။ အဲဒါမတိုင်မီကတော့ မြစ်ကြီးနားမှာ တိုင်းမင်းကြီးပါ။

အဖေက မြစ်ကြီးနားမှာ နေခဲ့တော့ ပင်လုံညီလာခံလုပ်ဖို့အတွက် ဗိုလ်ချုပ်ရဲ့ညွှန်ကြားချက်အရ ကချင်ခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင်ကို အဖေကဖိတ်ခေါ်ခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့တယ်။

တွေ့ဆုံဆွေးနွေးမှု အောင်မြင်ခဲ့တဲ့အတွက် ကချင်ခေါင်းဆောင်ကြီးက အမှတ်တရ ကချင်ရိုးရာဓားတစ်ချောင်း အဖေ့ကိုလက်ဆောင်ပေးခဲ့တယ်။ အဖေနဲ့ ဆမားဒူးဝါးဆင်ဝါးနောင်က တော်တော်ရင်းနှီးတယ်လို့ သိရပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ အဖေကျဆုံးသွားခဲ့ပါတယ်”ဟု အာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန်ဦးအုန်းမောင်၏သားဖြစ်သူ ဒေါက်တာမင်းမြင့်က ပြောသည်။အာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန်ဦးအုန်းမောင် ကျဆုံးခဲ့ရမှုကလည်း ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက်တွင် ကျင်းပသည့် ဝန်ကြီးများအစည်းအဝေးသို့ အမှန်တကယ် တက်ရောက်ရမည့်သူမှာ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်သူ စောစံဖိုးသင် ဖြစ်သော်လည်း ခရီးလွန်နေ၍ အတွင်းဝန် ဦးအုန်းမောင်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ရခြင်းဖြစ်သည်။

ဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ်အတောအတွင်း၌လည်း အတွင်းဝန်ဦးအုန်းမောင်သည် နံနက် ၁ဝ နာရီ ၃၅ မိနစ်အရောက်မှ အလှည့်ကျ၍ အစည်းအဝေးခန်းမသို့ ဝင်ရောက်ခဲ့ရာ နှစ်မိနစ်အကြာတွင် မသမာသူ လူတစ်စုက ဝင်ရောက်လုပ်ကြံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top