အခု ဆို ရင် မုန်သုံမိုးရာ သီချိန် ရောက်လာပြီ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ မုတ်သုံမိုး အားကောင်းတာတွေ ရှိသလို မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် မြစ်ရေတွေလည်း စိုးရိမ် ရေမှတ် အထက် ကို မြင့်တက် လာနေ ပါ တယ် ။ စိုးရိမ်ရေမှတ် အထက် ကို ရောက်ရှိ ခဲ့တဲ့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ရဲ့ လက်ရှိ စိုးရိမ် ရေမှတ် အခြေအနေနဲ့ မြန်မာနိုင်ငံတဝန်းက မြစ်ချောင်းတွေ မှာ စိုးရိမ်ရေမှတ်တွေ အထိ မြစ်ရေမြင့်တက်လာနေ တဲ့ အနေအထားတွေ ကိုတော့ မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ရှင်းပြ ပါတယ်။
“ လက်ရှိအနေ နဲ့ကတော့ စိုးရိမ်ရေမှတ် အထက် ရောက်ခဲ့ တာ နဲ့ လက်ရှိ စိုးရိမ်ရေမှတ် ကို ရောက်နေတာကတော့ ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် ၂ ခုပါ ။ သံလွင်ကတော့ စိုးရိမ်ရေမှတ် အထက် ကို ရောက်ဖို့ ၄ ပေလောက် လိုသေး တယ် ။ လက် ရှိ ဧရာဝတီမြစ်ရေကတော့ ပြီးခဲ့ တဲ့ တရက်ကျော် က ရွှေကူမှာတော့ သူက စိုးရိမ်ရေမှတ်ကို အနည်းငယ် ကျော်သွားတဲ့အတွက်ကြောင့်မို့လို့ ကသာဘက် မှာတော့ စိုးရိမ်ရေမှတ် မရောက်ခဲ့ဘူး ၊ ပြန်ကျနေတယ်။
“ဒါပေမယ့် သူတို့ဆီ ကနေ တက်ခဲ့တဲ့ရေကြောင့် ကျန်တဲ့ အောက်က စခန်းတွေပေါ့ သပိတ်ကျင်း တို့ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့ဘက်ကိုတော့ ဆက်ပြီးတော့ ရေတက်နေတဲ့ အနေအထားရှိတယ်။ အဲ့လိုမျိုးပဲ ဒီ ချင်းတွင်းမြစ်ပေါ့၊ ချင်းတွင်းမြစ် မှာတော့ ဟုမ္မလင်းနဲ့ ဖောင်းပြင်ကို ရေထိုးခဲ့တယ်။ ဖောင်းပြင်ကတော့ စိုးရိမ်ရေမှတ်အထက်ကို ကျော်သွားပြီပေါ့နော်။ ဖောင်းပြင်ရဲ့ အောက်ကစခန်းတွေဖြစ်တဲ့ ကလေးဝ တို့ မော်လိုက် တို့ မင်းကင်းတို့ မုံရွာတို့ မှာတော့ စိုးရိမ်ရေမှတ် ကို ရောက်နိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်၊ အခုတက်ခဲ့တဲ့ ရေအရေ ပါ့နော်။”
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အထက် မြင့်တက် လာနေတဲ့ အချိန်မှာတော့ ဧရာဝတီတိုင်းတွင်းမှာလည်း မြစ်ရေမြင့်တက်လာမှုတွေနဲ့ ရေကြီး ရေလွှမ်းမိုးမှုဒဏ်တွေ ကြုံလာရနိုင်တာမို့ ကျန်းမာရေးဦးစီးဌာနဘက် ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ နဲ့ ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်ကလည်း ဗွီအိုအေကို ပြောပြ ပါတယ်။
“ကျနော်တို့က ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက သြင်္ကန် အပြီးမှာ သဘာဝဘေးစီမံချက်လေး ရေးလိုက်တယ်။ Disaster အတွက် ဆေးဝါးတွေကို မြို့နယ်အလိုက် ၁၀ ပုံး၊ တိုင်းဒေသကြီးတွေမှာလည်း ပုံး ၅၀ စီစဉ်ထားတယ်။ နောက် ရေသန့်ဆေးပြားတွေပေါ့ ။ အဓိကကတော့ မိုးရေကြီး လာရင် မြစ်ရေလျှံလာရင် အဓိက သောက်သုံးရေတွေ ညစ်ညမ်းမှာ စိုးတဲ့အတွက် ရေသန့်ဆေးတွေလည်း ကျနော်တို့ ပို့ထား တယ် ။
“နောက် ရေအန္တရာယ် မဖြစ်အောင် Early Warning System လည်း လုပ်ထား တယ်။ အဓိကကတော့ လူနေရပ်ကွက်တွေထဲ အသံချဲ့စက်နဲ့အော်တဲ့ Early Warning System ပေါ့။ ပင်လယ်ကမ်းခြေက သူတွေကိုလည်း သင်တန်းတွေ ပေးထားတယ်။ နောက် ဆေးရုံတွေ လည်း Evacuation Plans တွေပေါ့၊ အရေးပေါ် ဘယ်လိုရွှေ့မလဲ၊ အရေးပေါ်ဆေးရုံ ဘယ်မှာထားမလဲပေါ့ ။ ဒါတွေကို စီစဉ်ထားပါတယ်။ နောက် မြွေအဆိပ်ဖြေဆေးများကို လည်း အထူးစီမံထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ရေကြီးလာပြီဆိုရင် မြွေဆိုးအန္တရာယ် ရှိတဲ့အတွက် မြွေဆိပ်ဖြေဆေး ကို အထူး စီစဉ်ထားတယ် ။ နောက် လူတွေအတွက်ပေါ့၊ အသက်ကယ် အင်္ကျီတွေ Life Jackets တွေလည်း အများကြီးဖြန့်ထားတယ်၊ တတိုင်းလုံး ဖြန့်ထားတာ ပါ။”
ဒီလို စိုးရိမ်ရေမှတ်အထက် မြစ်ရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့ အတွက် မြစ်ကမ်းနံဘေးနေ ပြည်သူတွေရော ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရဖူးတဲ့ဒေသက ပြည်သူတွေအနေနဲ့ မိုးလဝသ သတင်းတွေကို စဉ်ဆက်မပြတ် နားစွင့်ထားကြဖို့နဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာရရင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အခြေအနေတွေ ကိုလည်း မိုးဇလ ညွှန်ကြားရေးမှူးချုပ်က သတိပေး ပါတယ်။
“အဲဒီအတွက်ကြောင့်မို့လို့ မြစ်ကမ်းနံဘေးမှာေ နတဲ့ ပြည်သူတွေအနေနဲ့ မိုးကောင်းလာပြီဆိုရင် မြစ်ရေတွေ ရုတ်တရက် မြင့်တက်လာနိုင်တာတို့ မြစ်ရေတွေ ကြီးလာနိုင်တာတို့ ဒီလိုမျိုး အန္တရာယ်တွေ ရှိလာနိုင်တဲ့အတွက် အထူးသဖြင့် မြစ်ကမ်းနံဘေး မှာ နေသူတွေက နေ့စဉ်ထုတ်ပြန်နေတဲ့ မြစ်ရေ အခြေအနေသတင်း နေ့စဉ်စောင့်ကြည့်ပြီး မိမိတို့နေထိုင်တဲ့ နေရာဒေသတွေမှာ မြစ်ရေနဲ့ ပတ်သက်ပြီးတော့ ဘေးအန္တရာယ် ဖြစ်လာနိုင်တယ် ဆိုရင် ဘေးအန္တရာယ် ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာပြီဆိုရင် ဘေးအန္တရာယ် ကင်းတဲ့ နေရာတွေကို ခေတ္တခဏ ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။ ဒါတွေကိုလည်း ကြိုတင်ပြင် ဆင်ထားသင့်ပါတယ်။
“အဓိကကတော့ ဒီကာလက COVID-19 ဖြစ်နေတဲ့ ကာလ လည်း ဖြစ်နေတဲ့ အခါကျတော့ ဘေးအန္တရာယ်ကင်းရေး ခါတိုင်းဆိုရင်တော့ ကျနော်တို့ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပါတယ်။ ဒါကြောင့် ရေဘေး တင် မဟုတ်တော့ဘူး ၊ ကျန်းမာရေးဆိုင်ရာ COVID-19 နဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသ ပြည်နယ်တွေ မြို့နယ်တွေ အလိုက်မှာ ဖွဲ့စည်းထားတဲ့ သဘာဝဘေးအဖွဲ့တွေ ရှိပါတယ်။ ဒီသဘာဝဘေး အဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်းလည်း ပြည်သူတွေက လိုက်နာဆောင်ရွက်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံပြုလိုပါတယ်။”
အထူးသဖြင့် မြစ်ရေ တဟုန် ထိုးကြီးပြီး မြစ်ကမ်းပါး ပြိုကျတာ မျိုး လူနေရပ်ကွက်တွေထဲအထိ ရေလွှမ်းမိုးမှုတွေ ကြုံလာရရင် အရေးပေါ် သဘာဝဘေးအန္တရာယ်ကနေ ရှောင်တိမ်းနိုင်ဖို့အတွက် ရေကင်း ရေတားစနစ်တွေ သက်ဆိုင်ရာက စီမံပေးနေသလို ဒေသခံ ပြည်သူတွေ ဘက်ကလည်း သတိဝီရိယထားပြီး စောင့်ကြည့်ကြဖို့ လိုတယ်လို့လည်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်က အကြံပေးပါတယ်။
“အမြဲတမ်း မိုးတွင်းမှာ မြစ်ရေသည် တဟုန်ထိုးကြီးတတ်တယ်။ မြစ်ရေ တိုးတာထက် Flash Flood လို့ခေါ်တဲ့ Flash Flood ပေ့ါ၊ ရုတ်တရက် ရေကြီးခြင်းပေါ့၊ ရေ ရုတ်တရက်တိုးပြီး တောင်ကျရေလိုမျိုး အကုန်လုံး မျောပါသွားတာပေ့ါ၊ အဲဒီတော့ အမြဲတမ်း “ရေကင်း” စောင့်တဲ့ အကျင့်လေး ကို ရွာသူရွာသားတွေရော မြို့သူမြို့သားတွေရော ရေကင်းစောင့်ပြီးတော့ ရေသတင်း ချက်ချင်းပို့ကြမယ်ပေါ့။
“အထူးသဖြင့် မိုးတွင်းမှာဆိုရင် ရေကြီးတာကို အမြဲတမ်းကြုံရ တဲ့ ဧရာဝတီတိုင်း အနေနဲ့ရော ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရော ကြိုတင်ပြင်ဆင်ပြီးတော့မှ ဘယ်ကို အရေးပေါ်ရွှေ့ကြမလဲ၊ နောက် Shelters တွေ ဘယ်ဘက်တွေ ကို ရွှေ့ကြမလဲပေါ့၊ ဒါတွေကို ပြင်ထားရမယ်။ နောက် စားဖို့သောက်ဖို့အတွက်လည်း ပြင်ဆင် ထားရမယ်။ နောက် ကျန်းမာရေးအတွက်လည်း အရေးပေါ်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဆောင်ထားရမယ် ခင်ဗျ ။ အဲဒါလေး ပြောလိုပါတယ်။”
လတ်တလောမှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရိုးတလျှောက် မြစ်ရေမြင့်တက်လာနိုင် လို့ မြေနိမ့်ပိုင်းဒေသ ပြည်သူတွေ ရေလွှမ်းမိုးမှုကနေ ကာကွယ်နိုင်အောင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်ပြီးလည်း မြစ်ကမ်းပါး ရေထိန်းနံရံနဲ့ ရေတားတာဘောင်တွေ၊ ရေတံခါး တည်ဆောက်ရေးတွေ ကို ဒီကနေ့မှာ ကွင်းဆင်းဆောင်ရွက်ေ နပါတယ်။
လက်ရှိ မိုးလေဝသ အခြေအနေ မှာတော့ ဘင်္ဂလားပင်လယ်အော်ဘက် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မိုးကြီးနိုင်သလို ဧရာဝတီ၊ တနင်္သာရီ စတဲ့ ကျန် တိုင်းနဲ့ပြည်နယ်တွေမှာလည်း မိုးထစ်ချုန်းရွာနိုင် တယ် လို့ မိုးဇလဌာန က သတိပေး ပြောဆိုထား ပါတယ်။ အခု ဆိုရင်တော့ အိမ်နီးချင်း တရုတ်၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှဒေသနိုင်ငံ တချို့မှာလည်း ရေဘေးအန္တရာယ်က စိုးရိမ်စရာ အခြေအနေ ရှိနေတာကြောင့် ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေချိန်လည်း ဖြ စ်ပါတယ် ။
========================
Unicode
အခု ဆို ရင် မုန်သုံမိုးရာ သီချိန် ရောက်လာပြီ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ မုတ်သုံမိုး အားကောင်းတာတွေ ရှိသလို မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် မြစ်ရေတွေလည်း စိုးရိမ် ရေမှတ် အထက် ကို မြင့်တက် လာနေ ပါ တယ် ။ စိုးရိမ်ရေမှတ် အထက် ကို ရောက်ရှိ ခဲ့တဲ့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ရဲ့ လက်ရှိ စိုးရိမ် ရေမှတ် အခြေအနေနဲ့ မြန်မာနိုင်ငံတဝန်းက မြစ်ချောင်းတွေ မှာ စိုးရိမ်ရေမှတ်တွေ အထိ မြစ်ရေမြင့်တက်လာနေ တဲ့ အနေအထားတွေ ကိုတော့ မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ရှင်းပြ ပါတယ်။
“ လက်ရှိအနေ နဲ့ကတော့ စိုးရိမ်ရေမှတ် အထက် ရောက်ခဲ့ တာ နဲ့ လက်ရှိ စိုးရိမ်ရေမှတ် ကို ရောက်နေတာကတော့ ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် ၂ ခုပါ ။ သံလွင်ကတော့ စိုးရိမ်ရေမှတ် အထက် ကို ရောက်ဖို့ ၄ ပေလောက် လိုသေး တယ် ။ လက် ရှိ ဧရာဝတီမြစ်ရေကတော့ ပြီးခဲ့ တဲ့ တရက်ကျော် က ရွှေကူမှာတော့ သူက စိုးရိမ်ရေမှတ်ကို အနည်းငယ် ကျော်သွားတဲ့အတွက်ကြောင့်မို့လို့ ကသာဘက် မှာတော့ စိုးရိမ်ရေမှတ် မရောက်ခဲ့ဘူး ၊ ပြန်ကျနေတယ်။
“ဒါပေမယ့် သူတို့ဆီ ကနေ တက်ခဲ့တဲ့ရေကြောင့် ကျန်တဲ့ အောက်က စခန်းတွေပေါ့ သပိတ်ကျင်း တို့ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့ဘက်ကိုတော့ ဆက်ပြီးတော့ ရေတက်နေတဲ့ အနေအထားရှိတယ်။ အဲ့လိုမျိုးပဲ ဒီ ချင်းတွင်းမြစ်ပေါ့၊ ချင်းတွင်းမြစ် မှာတော့ ဟုမ္မလင်းနဲ့ ဖောင်းပြင်ကို ရေထိုးခဲ့တယ်။ ဖောင်းပြင်ကတော့ စိုးရိမ်ရေမှတ်အထက်ကို ကျော်သွားပြီပေါ့နော်။ ဖောင်းပြင်ရဲ့ အောက်ကစခန်းတွေဖြစ်တဲ့ ကလေးဝ တို့ မော်လိုက် တို့ မင်းကင်းတို့ မုံရွာတို့ မှာတော့ စိုးရိမ်ရေမှတ် ကို ရောက်နိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်၊ အခုတက်ခဲ့တဲ့ ရေအရေ ပါ့နော်။”
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အထက် မြင့်တက် လာနေတဲ့ အချိန်မှာတော့ ဧရာဝတီတိုင်းတွင်းမှာလည်း မြစ်ရေမြင့်တက်လာမှုတွေနဲ့ ရေကြီး ရေလွှမ်းမိုးမှုဒဏ်တွေ ကြုံလာရနိုင်တာမို့ ကျန်းမာရေးဦးစီးဌာနဘက် ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ နဲ့ ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်ကလည်း ဗွီအိုအေကို ပြောပြ ပါတယ်။
“ကျနော်တို့က ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက သင်္ကြန် အပြီးမှာ သဘာဝဘေးစီမံချက်လေး ရေးလိုက်တယ်။ Disaster အတွက် ဆေးဝါးတွေကို မြို့နယ်အလိုက် ၁၀ ပုံး၊ တိုင်းဒေသကြီးတွေမှာလည်း ပုံး ၅၀ စီစဉ်ထားတယ်။ နောက် ရေသန့်ဆေးပြားတွေပေါ့ ။ အဓိကကတော့ မိုးရေကြီး လာရင် မြစ်ရေလျှံလာရင် အဓိက သောက်သုံးရေတွေ ညစ်ညမ်းမှာ စိုးတဲ့အတွက် ရေသန့်ဆေးတွေလည်း ကျနော်တို့ ပို့ထား တယ် ။
“နောက် ရေအန္တရာယ် မဖြစ်အောင် Early Warning System လည်း လုပ်ထား တယ်။ အဓိကကတော့ လူနေရပ်ကွက်တွေထဲ အသံချဲ့စက်နဲ့အော်တဲ့ Early Warning System ပေါ့။ ပင်လယ်ကမ်းခြေက သူတွေကိုလည်း သင်တန်းတွေ ပေးထားတယ်။ နောက် ဆေးရုံတွေ လည်း Evacuation Plans တွေပေါ့၊ အရေးပေါ် ဘယ်လိုရွှေ့မလဲ၊ အရေးပေါ်ဆေးရုံ ဘယ်မှာထားမလဲပေါ့ ။ ဒါတွေကို စီစဉ်ထားပါတယ်။ နောက် မြွေအဆိပ်ဖြေဆေးများကို လည်း အထူးစီမံထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ရေကြီးလာပြီဆိုရင် မြွေဆိုးအန္တရာယ် ရှိတဲ့အတွက် မြွေဆိပ်ဖြေဆေး ကို အထူး စီစဉ်ထားတယ် ။ နောက် လူတွေအတွက်ပေါ့၊ အသက်ကယ် အင်္ကျီတွေ Life Jackets တွေလည်း အများကြီးဖြန့်ထားတယ်၊ တတိုင်းလုံး ဖြန့်ထားတာ ပါ။”
ဒီလို စိုးရိမ်ရေမှတ်အထက် မြစ်ရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့ အတွက် မြစ်ကမ်းနံဘေးနေ ပြည်သူတွေရော ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရဖူးတဲ့ဒေသက ပြည်သူတွေအနေနဲ့ မိုးလဝသ သတင်းတွေကို စဉ်ဆက်မပြတ် နားစွင့်ထားကြဖို့နဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာရရင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အခြေအနေတွေ ကိုလည်း မိုးဇလ ညွှန်ကြားရေးမှူးချုပ်က သတိပေး ပါတယ်။

Source;VOA