ရုပ်ရှင်အစည်းအရုံးမှာ ဦးကျော်ဟိန်းရုပ်ထုထားရှိမယ့် ကိစ္စနဲ့ပက်သက်ပြီး ဥက္ကဌ ညီညီထွန်းလွင်ပြောကြား

ပြည်သူချစ်နိုင်ငံကျော်မင်းသားကြီး ဦးကျော်ဟိန်းကတော့ ရဟန်းဘဝနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပျံလွန်တော် မူသွားခဲ့ပါပြီ။

ဦးကျော်ဟိန်း မရှိတော့တဲ့နောက်ပိုင်း သူ့ရဲ့ အမှတ်တရ ရုပ်ထုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာထားရှိသင့်တယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ အပါအဝင် အနုပညာရှင်တချို့က အကြံပြုခဲ့ကြပါတယ်။

လတ်တလောသတင်းအရ မင်းသား ကျော်ဟိန်း အနေနဲ့ မဟုတ်ဘဲ ဦးဇင်း ကိတ္တိသာရ အနေနဲ့ ရုပ်ထုပြုလုပ်ပြီး ထားရှိဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ဒီအကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က အခုလိုပြောပြလာပါတယ်။

” ပြတိုက်မှာထုလုပ်ထားဖို့ မနေ့က တိုင်ပင်ဆွေးနွေးကြတယ် အဲဒီမှာဆိုရင် သူ့ရတုနဲ့ ရတုဆိုင်ရာပေါ့ ငွေရတု၊ ရွှေရတု၊ စိန်ရတုရှိတယ်ဆိုတော့ ဦးကျော်ကတော့ ကျွန်တော်ထင်တာက စိန်ရတုထဲမှာ အကျုံးဝင်မယ်လို့တော့ ထင်တယ်။

ပြီးတော့မှ ရာပြည့်ပေါ့ ဦးဝင်းဦးရုပ်တုကတော့ ထုထားတာရှိတယ် ကျွန်တော်တို့ အကြံပေးတာကတော့ ဦးကျော်ဟိန်းဆိုတာကလည်း ကျော်ဟိန်းခေတ်ဆိုတာ တစ်ခေတ်ရှိခဲ့တာပဲလေ ရုပ်တုလေးကလည်း ရှိသင့်တယ်။

အဲဒီလိုမျိုး ရုပ်တုထုမယ်ဆိုရင် အရပ်ဝတ် အရပ်စားနဲ့ဆိုရင်တော့ ကောင်းပေမယ့်အားလုံး က ဖြစ်သင့်တယ်လို့ အကြံပေးတာကတော့ သင်္ကန်းဝတ်နဲ့ဦးပဉ္စင်းကိတ္တိသာရ ပုံစံမျိုးထုတာ အကောင်းဆုံးလို့ပြောကြတယ်။

တော်တော်ပါရမီရင့်သန်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်နေတဲ့အတွက်ကြောင့် နောင်လာနောင်သားတွေအတွက်လည်း စံပြ၊ စံနမူနာယူစရာ လူဖြစ်နေတာပေါ့။

ဦးပဉ္စင်း ကိတ္တိ သာရရဲ့ သင်္ကန်းဝတ်နဲ့ပုံကို ရုပ်တုထုဖို့အတွက်တော့ ဆွေးနွေးပြီးပါပြီ ” လို့ ဆိုပါတယ်။

ဒါ့အပြင် ရုပ်ထု ထုလုပ်မယ့် ကိစ္စနဲ့ပက်သက်ပြီး ကိုလူချောအဖွဲ့က သရုပ်ဆောင် အောင်ခိုင်အပါအဝင် အခြား အလှူရှင်တချို့ကလည်း ပံ့ပိုးကူညီသွားမယ်လို့ သိရပါတယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top