ငွေကြေးနဲ့ပါတ်သက်လို့ သင့်ဘဝတစ်လျှောက် လုံး ဒုက္ခမရောက်ေ စမဲ့နည်း လမ်း (၄)သွယ် (ကိုယ့်တွေ့နည်းလ မ်းမို့ မျှဝေပေးတာပါ)။ တစ်လတာ ဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲ ငွေမလောက်တာမျိုး
ကြုံကြိူက်ဖူးမှာပါ။ ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချ ာရှာဖွေပြီး လစဉ်စုမယ့် ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။ မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာ မဟုတ်ပါဘူး။
ငွေကိုစုဆောင်းနိုင်မယ့် နည်းလမ်းတွေကို လေ့လာကြည့်ရအောင်။ (1) ၅၀/၃၀/၂၀ နည်း -ပုံမှန်ဝင်ငွေ ရှိပေမယ့် ငွေမစုမိသူများအတွက် ရည်ရွယ်ပါတယ်။ သင့်တစ်လတာ ဝင်ငွေကို ၃ ပုံခွဲပါ။ ၅၀ရာနှုန်းကို လစဉ်
ကုန်ကျစရိတ်အတွက် (ထမင်း စရိတ်၊ အိမ်စရိတ်၊ ဘေလ် စသည်) ဖယ်ပါ။ ၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ့် လိုအပ်သောအရာများအတွက် သုံးစွဲပါ (အဝတ်အစား၊ အသုံး အဆောင်) ၂၀ရာနှုန်းကို အနာဂတ်
အတွက်စုဆောင်းပါ။ (2) ရိုးစင်းသောနည်း- တအား စစ်စစ်စီစီ မစုချင်သူများ အတွက် ရည်ရွယ်ပါတယ်။ လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ။ တစ်ပိူင်းကို မဖြစ်မနေသုံးရမယ့် အရာတွေအတွက် ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့် သွားလာ
လည်ပတ်စရိတ် အပျော်အပါးကိစ္စများအတွက် ထားပါ။ အပျော်အပါး မက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိ ငွေမပြတ်တော့ဘူးပေါ့။ (3) အခြေခံဝင်ငွေနည်း ပုံမှန်ဝင်ငွေ မရှိပေမယ့် ငွေစုလိုသူများအတွက်
ရည်ရွယ်ပါတယ်။ သင့်လစဉ် အနည်းဆုံးရသောဝင်ငွေကို တွက်ပါ။ ထို့နောက် ကုန်ကျစရိတ်ကို တွက်ပါ။ တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။ အဲ့ထဲကနေ နေ့စဉ် ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး
ကျန်ငွေကိုစုပါ။ အချိန်ကြာရင် စုငွေတွေ များလာပါမယ်။ (4) တစ်ပတ်တစ်ကြိမ်ထုတ်နည်း – ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ် သူတွေအတွက်ပါ။ သင့်တစ်လတာဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲဘယ်လောက်ကိုစုချင်လဲ ခွဲခြားပါ။
စုမယ့်ငွေကိုဖယ်ထားပါ။ သုံးဖို့ချန်ထားသောငွေကို ၄ပုံခွဲပါ။ တစ်ပတ်ကို ၁ပုံစာပဲ သုံးပါ။ လစဉ်ဝင်ငွေကို ချိန်ဆပြီးသုံးစွဲပါ။ လေးစားစွာဖြင့် ခရက်ဒစ် Writer Dr Jue (YGN Times)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ငွေကြေးနဲ့ပါတ်သက်လို့ သင့်ဘဝတစ်လျှောက် လုံး ဒုက္ခမရောက်ေ စမဲ့နည်း လမ်း (၄)သွယ် (ကိုယ့်တွေ့နည်းလ မ်းမို့ မျှဝေပေးတာပါ)။ တစ်လတာ ဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲ ငွေမလောက်တာမျိုး
ကြုံကြိူက်ဖူးမှာပါ။ ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချ ာရှာဖွေပြီး လစဉ်စုမယ့် ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။ မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာ မဟုတ်ပါဘူး။ ငွေကို
စုဆောင်းနိုင်မယ့် နည်းလမ်းတွေကို လေ့လာကြည့်ရအောင်။ (1) ၅၀/၃၀/၂၀ နည်း -ပုံမှန်ဝင်ငွေ ရှိပေမယ့် ငွေမစုမိသူများအတွက် ရည်ရွယ်ပါတယ်။ သင့်တစ်လတာ ဝင်ငွေကို ၃ ပုံခွဲပါ။ ၅၀ရာနှုန်းကို လစဉ်
ကုန်ကျစရိတ်အတွက် (ထမင်း စရိတ်၊ အိမ်စရိတ်၊ ဘေလ် စသည်) ဖယ်ပါ။ ၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ့် လိုအပ်သောအရာများအတွက် သုံးစွဲပါ (အဝတ်အစား၊ အသုံး အဆောင်) ၂၀ရာနှုန်းကို အနာဂတ်
အတွက်စုဆောင်းပါ။ (2) ရိုးစင်းသောနည်း- တအား စစ်စစ်စီစီ မစုချင်သူများ အတွက် ရည်ရွယ်ပါတယ်။ လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ။ တစ်ပိူင်းကို မဖြစ်မနေသုံးရမယ့် အရာတွေအတွက် ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့် သွားလာ
လည်ပတ်စရိတ် အပျော်အပါးကိစ္စများအတွက် ထားပါ။ အပျော်အပါး မက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိ ငွေမပြတ်တော့ဘူးပေါ့။ (3) အခြေခံဝင်ငွေနည်း ပုံမှန်ဝင်ငွေ မရှိပေမယ့် ငွေစုလိုသူများအတွက်
ရည်ရွယ်ပါတယ်။ သင့်လစဉ် အနည်းဆုံးရသောဝင်ငွေကို တွက်ပါ။ ထို့နောက် ကုန်ကျစရိတ်ကို တွက်ပါ။ တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။ အဲ့ထဲကနေ နေ့စဉ် ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး
ကျန်ငွေကိုစုပါ။ အချိန်ကြာရင် စုငွေတွေ များလာပါမယ်။ (4) တစ်ပတ်တစ်ကြိမ်ထုတ်နည်း – ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ် သူတွေအတွက်ပါ။ သင့်တစ်လတာဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ
ဘယ်လောက်ကိုစုချင်လဲ ခွဲခြားပါ။ စုမယ့်ငွေကိုဖယ်ထားပါ။ သုံးဖို့ချန်ထားသောငွေကို ၄ပုံခွဲပါ။ တစ်ပတ်ကို ၁ပုံစာပဲ သုံးပါ။ လစဉ်ဝင်ငွေကို ချိန်ဆပြီးသုံးစွဲပါ။ လေးစားစွာဖြင့် ခရက်ဒစ် Writer Dr Jue (YGN Times)